
ရှေ့လျှောက်မှာလည်း ဥရောပဒေသတွေမှာ ပိုမိုပြင်းထန်ပြီး အသက်အန္တရာယ်ဖြစ်စေနိုင်တဲ့ အပူလှိုင်းတွေကို ထပ်မံကြုံတွေ့ရနိုင်ကြောင်း WHO က သတိပေးထားပါတယ်။
၁၃ ၊ ဇူလိုင်
ဇွန်လနှောင်းပိုင်းက ဥရောပအနောက်ပိုင်းမှာ ကြုံတွေ့ခဲ့ရသော စံချိန်တင်အပူလှိုင်းကြောင့် ဥရောပနိုင်ငံတွေမှာ လူသေဆုံးမှု ၁၀,၀၀၀ ကျော် ရှိခဲ့တယ်လို့ EuroMOMO ကွန်ရက်ရဲ့ တရားဝင်အချက်အလက်တွေအရ သိရပါတယ်။
ဥရောပရောဂါကာကွယ်ရေးနဲ့ ထိန်းချုပ်ရေးစင်တာ (ECDC) နဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) တို့ ပံ့ပိုးကူညီထားတဲ့ အဆိုပါကွန်ရက်ရဲ့ ဖော်ပြချက်အရ သေဆုံးသူတွေအနက် အများစုဖြစ်တဲ့ လူဦးရေ ၉,၀၀၀ လောက်ဟာ အသက် ၆၅ နှစ်နဲ့ အထက် သက်ကြီးရွယ်အိုတွေ ဖြစ်ကြတယ်လို့ ဆိုပါတယ်။
ပြင်းထန်တဲ့ အပူရှိန်ကြောင့် အပူလျှပ်တာအပြင် နှလုံးသွေးကြောနဲ့ အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါတွေကို ပိုမိုဆိုးရွားစေနိုင်တာဖြစ်လို့ သက်ကြီးရွယ်အိုတွေက အထိခိုက်လွယ်ဆုံးအုပ်စုထဲမှာ ပါဝင်နေပါတယ်။
ဥရောပ ၂၇ နိုင်ငံရဲ့ အမျိုးသားသေဆုံးမှုစာရင်းဇယားတွေအရ ပြင်သစ်၊ စပိန်၊ ဗြိတိန်နဲ့ အခြားနိုင်ငံတွေမှာ အပူလှိုင်းအမြင့်ဆုံးဖြစ်ခဲ့တဲ့ ဇွန်လ ၂၂ ရက်နေ့ကနေ ၂၈ ရက်အတွင်း ပုံမှန်ထက်သေဆုံးသူအရေအတွက် ပိုမိုမြင့်တက်ခဲ့ပါတယ်။
အဆိုပါသီတင်းပတ်အတွင်း လူပေါင်း ၁၀,၆၅၀ ဦးအထိ သေဆုံးမှု ရုတ်တရက် မြင့်တက်လာတာဟာ ကိုဗစ်-၁၉ ကူးစက်တာလိုမျိုး တခြားထင်ရှားတဲ့ အကြောင်းရင်းတွေကြောင့် မဟုတ်ဘဲ အပူလှိုင်းကြောင့်သာ ဖြစ်နိုင်ကြောင်း သိပ္ပံပညာရှင်တွေက ပြောပါတယ်။
ရှေ့လျှောက်မှာလည်း ဥရောပဒေသတွေမှာ ပိုမိုပြင်းထန်ပြီး အသက်အန္တရာယ်ဖြစ်စေနိုင်တဲ့ အပူလှိုင်းတွေကို ထပ်မံကြုံတွေ့ရနိုင်ကြောင်း WHO က သတိပေးထားပါတယ်။
“နောက်ထပ် အပူလှိုင်းတစ်ခုဟာ မြေထဲပင်လယ်ဒေသအပေါ်မှာ စတင်ဖြစ်ပေါ်နေပါပြီ။ ခန့်မှန်းချက်တွေအရ ဇူလိုင်လ ဒုတိယပတ်အတွင်း စပိန်၊ ပြင်သစ်တောင်ပိုင်းနဲ့ အီတလီနိုင်ငံတဝန်းမှာ အပူချိန်ဟာ ၄၀ ဒီဂရီဆဲလ်စီးယပ်စ် အထက်ကို းကျော်လွန်နိုင်တယ်လို့ သိရပါတယ်” လို့ WHO ရဲ့ ဥရောပဒေသဆိုင်ရာညွှန်ကြားရေးမှူး ဒေါက်တာ ဟန်စ် ဟင်နရီ ပီ ကလူဂီ က ပြောခဲ့ပါတယ်။
“ဥရောပတောင်ပိုင်းဟာ အခုအခါ နောက်ထပ် အပူရှိန်မြင့်တက်လာမယ့် အခြေအနေအတွက် ပြင်ဆင်နေကြရပြီ ဖြစ်ပါတယ်”လို့ သူက ပြောပါတယ်။
Ref – Outlook