
အခုနောက်ပိုင်း ရန်ကုန်မြို့မှာ ယာဥ်တိုက်မှုတွေ တိုးလာသလို ယာဥ်ဆင့်ကဲ တိုက်မိတာတွေ များလာတယ်လို့ မြို့ခံပြည်သူတွေက ပြောပါတယ်။
၁၁၊ဇူလိုင်
၂၀၂၅ ခုနှစ်မှာ ရန်ကုန်တိုင်းအတွင်း ယာဉ်တိုက်မှု ၃၃၉ ခုမှာ ၃၁၉ ဦးသေဆုံးခဲ့ပြီး ပထမ နေရာမှာ ရှိခဲ့သလို ဧရာဝတီတိုင်းက ယာဉ်တိုက်မှု ၂၃၃ ခုမှာ ၂၃၄ ဦး သေဆုံးပြီး ဒုတိယနေရာက ရှိနေခဲ့ပါတယ်လို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။
“မဆင်မခြင်မောင်းလို့ ဖြစ်ရတဲ့ပြဿနာလေ။ အခုက ကားမောင်းတတ်စ လူကပါ ပြိုင်ကားမောင်းသလို မောင်းတော့တာ။ ကိုယ်မောင်းလို့ ကိုယ်ဖြစ်တာ ကိစ္စမရှိဘူး။ တခြားလူကို ထိခိုက်မိရင် အလကား သက်သက် နစ်နာရမှာ ” လို့ ကားဝယ်ရောင်းအကျိုးဆောင်တဦးက မှတ်ချက်ပေးပါတယ်။
နှိုင်းယှဉ်ချက်တွေအရ ပြီးခဲ့တဲ့ တနှစ်ကထက် အခုနှစ် ၅ လအတွင်း ရန်ကုန်တိုင်းရဲ့ ယာဉ်တိုက်မှုနဲ့ သေဆုံးအချိုးအစားဟာ ပိုများနေခဲ့ပြီး တနှစ်လုံးစာ ပမာဏကို မီဖို့ ၈ ဦးသာ လိုတော့တာ ဖြစ်ပါတယ်။
အခုနောက်ပိုင်း ရန်ကုန်မြို့မှာ ယာဥ်တိုက်မှုတွေ တိုးလာသလို ယာဥ်ဆင့်ကဲ တိုက်မိတာတွေ များလာတယ်လို့ မြို့ခံပြည်သူတွေက ပြောပါတယ်။
ယာဥ်တိုက်မှု ဖြစ်စဥ်နဲ့ပတ်သက်လို့ တနိုင်ငံလုံး အတိုင်းအတာမှာ ၂၀၂၅ က ၁၄၅၅ မှုနဲ့ သေဆုံးသူ ၇၈၂ ဦး ရှိခဲ့ကာ အခုနှစ် ၅ လအတွင်း ၁၄၄၇ မှု နဲ့ သေဆုံးသူ ၈၁၃ ဦး ရှိခဲ့ပြီး အရင်နှစ်ကထက် သေဆုံးတဲ့ အရေအတွက် ၃၁ ဦးတိုးလာတာတွေ့ရပါတယ်။