
ဝမ်ကျိုးမြို့ တည်ရှိတဲ့ ကျဲ့ကျန်းပြည်နယ်မှာ လူပေါင်း ငါးသိန်းကျော်နဲ့ အိမ်နီးနားချင်း ဖူကျန့်ပြည်နယ်မှာ လူပေါင်း တစ်သိန်းကျော်ကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ရတယ်လို့ နိုင်ငံပိုင်မီဒီယာတွေက ဖော်ပြကြပါတယ်။
၁၁ ၊ ဇူလိုင်
တိုင်ဖွန်းမုန်တိုင်း ဘာဗီဟာ ဂျပန်နိုင်ငံတောင်ပိုင်း စာကီရှီးမားကျွန်းစုနဲ့၊ ထိုင်ဝမ်မြောက်ပိုင်းကို ဖြတ်ကျော်ပြီးနောက် တရုတ်နိုင်ငံ အရှေ့ပိုင်း မြို့ကြီးတစ်မြို့ဖြစ်တဲ့ ဝမ်ကျိုးမြို့ကို ဦးတည်လာတာကြောင့် ဒီကနေ့ ဇူလိုင်လ ၁၁ရက်နေ့မှာ တရုတ်နိုင်ငံအတွင်း လူပေါင်း ၆ သိန်းကျော်ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးထားတယ်လို့ သိရပါတယ်။
ဘာာဗီမုန်တိုင်းဟာ အရှိန်လျော့ကာ အားပျော့လာနေပေမယ့် ပြင်သစ်နိုင်ငံ အရွယ်အစားလောက်ရှိတဲ့ မုန်တိုင်းတိမ်တိုက်ထဲမှာ ပါရှိတဲ့ မိုးရေချိန်ပမာဏကြောင့် ကြီးမားသောအန္တရာယ်ရှိနေပါသေးတယ်။
အဆိုပါမုန်တိုင်းဟာ လူဦးရေ ၁၀ သန်းဝန်းကျင် နေထိုင်တဲ့ ဝမ်ကျိုးမြို့အနီးသို့ မနက်ဖြန် တနင်္ဂနွေနေ့ မနက်အစောပိုင်းမှာ ကုန်းတွင်းပိုင်း ဝင်ရောက်မယ်လို့ ခန့်မှန်းထားပါတယ်။
ဝမ်ကျိုးမြို့ တည်ရှိတဲ့ ကျဲ့ကျန်းပြည်နယ်မှာ လူပေါင်း ငါးသိန်းကျော်နဲ့ အိမ်နီးနားချင်း ဖူကျန့်ပြည်နယ်မှာ လူပေါင်း တစ်သိန်းကျော်ကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ရတယ်လို့ နိုင်ငံပိုင်မီဒီယာတွေက ဖော်ပြကြပါတယ်။
ဂျပန်နဲ့ ထိုင်ဝမ်တို့မှာ အဆိုပါမုန်တိုင်းကြောင့် လက်ရှိအချိန်ထိ သေဆုံးသူမရှိပေမယ့် ဖိလစ်ပိုင်နိုင်ငံမှာတော့ ဘာဗီမုန်တိုင်းရဲ့သက်ရောက်မှုကြောင့် အနောက်တောင်မုတ်သုံလေပိုမိုပြင်းထန်လာပြီး မိုးသည်းသည်းမည်းမည်းရွာသွန်းမှုအတွင်း လူ ၁၇ ဦး သေဆုံးခဲ့ပါတယ်။
ထိုင်ဝမ်မီးသတ်ဌာနရဲ့ ပြောကြားချက်အရ လူ ၈၇ ဦး ဒဏ်ရာရရှိခဲ့ပြီး အများစုဟာ မော်တော်ဆိုင်ကယ် ဒါမှမဟုတ် စက်ဘီးပေါ်မှ ပြုတ်ကျ ၊ ချော်လဲတာနဲ့ ပစ္စည်းတွေ လွင့်စင်လာပြီး ထိမှန်ခြင်းတို့ကြောင့် ဖြစ်တယ်လို့ သိရပါတယ်။
Ref – Reuters