တီမောလက်စ်တီ အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်လာနိုင်တယ်လို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးပြော

တီမောလက်စ်တီ  သမ္မတ Jose Ramos-Horta ဟာ အာဆီယံအဖွဲ့ဝင်ဖြစ်ရေး နှစ်ပေါင်းများစွာ ကြိုးပမ်းခဲ့ပြီး ၂၀၁၁ ခုနှစ်မှာ ပထမဆုံး တရားဝင်အဆိုပြုလျောက်လွှာတင်ခဲ့တာပါ။

၂၆ ၊ မေ

တီမောလက်စ်တီဟာ လာမယ့် အောက်တိုဘာလမှာ ၁၁နိုင်ငံမြောက် အာဆီယံ အဖွဲ့ဝင်နိုင်ငံ ဖြစ်လာနိုင်တယ်လို့  မလေးရှား နိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဟာဆန် က မေလ ၂၅ရက်နေ့မှာ ပြောကြားလိုက်ပြီး ဒါဟာ အာဆီယံထဲဝင်ခွင့်ရရေး အရှေ့တီမောရဲ့ ကာလရှည်ဆန္ဒပြည့်မီဖို့ ခြေလှမ်းတလှမ်း နီးစပ်လာတာ ဖြစ်ပါတယ်။

မြို့တော် ကွာလာလမ်ပူမှာ ကျင်းပမယ့် အာဆီယံထိပ်သီးအစည်းအဝေး မတိုင်ခင် သီတင်းစာရှင်းလင်းပွဲမှာ မလေးရှား နိုင်ငံခြားရေးဝန်ကြီးက အခုလိုပြောကြားခဲ့တာပါ။

တီမောလက်စ်တီအနေနဲ့ အာဆီယံမှာ အဖွဲ့ဝင်နိုင်ငံဖြစ်ရေးအတွက် အပြည့်အဝထောက်ခံကြောင်း အထူးသဖြင့် ကျန်ရှိနေတဲ့ သတ်မှတ်ချက်တွေ ပြည့်မီရေး ကြိုးပမ်းအားထုတ်မှုကို ဖြစ်တယ်လို့  Mohamad Hasan က မှတ်ချက်ပြုခဲ့ပေမယ့် အသေးစိတ်ကိုတော့ မပြောခဲ့ပါဘူး ။

အခုနှစ်ရဲ့ အာဆီယံအလှည့်ကျ ဥက္ကဌအဖြစ် မလေးရှားနိုင်ငံက တာဝန်ယူထားတာ ဖြစ်ပါတယ်။

တီမောလက်စ်တီဟာ ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံများစာရင်းမှာ ပါဝင်ပြီး အာဆီယံရဲ့ ဖွံ့ဖြိုးရေးဆိုင်ရာ အစီအစဉ်တွေမှာ ထဲထဲဝင်ဝင်ပါဝင်လုပ်ဆောင်နိုင်မလားဆိုတဲ့ စိတ်ပူမှုတွေလည်း ရှိနေကြပါတယ်။

ဒါ့အပြင် လူဦးရေ ၁ ဒဿမ ၃ သန်းရှိတဲ့ တီမောလက်စ်တီဟာ အာရှေ့တောင်အာရှမှာ အသေးငယ်ဆုံးနိုင်ငံဖြစ်ပြီး ၂၄နှစ်ကြာ သိမ်းပိုက်ထားတဲ့ အင်ဒိုနီးရှားဆီကနေ ၂၀၀၂ခုနှစ်ကမှာ လွတ်လပ်ရေးရခဲ့တာ ဖြစ်ပါတယ်။

တီမောလက်စ်တီ သမ္မတ Jose Ramos-Horta ဟာ အာဆီယံအဖွဲ့ဝင်ဖြစ်ရေး နှစ်ပေါင်းများစွာ ကြိုးပမ်းခဲ့ပြီး ၂၀၁၁ ခုနှစ်မှာ ပထမဆုံး တရားဝင်အဆိုပြုလျောက်လွှာတင်ခဲ့တာပါ။

တီမောလက်စ်တီဟာ လက်ရှိအချိန်ထိ နိုင်ငံတွင်း မညီမျှမှုဆိုင်ရာ ပြဿနာတွေ ၊ အာဟာရချို့တဲ့မှုတွေ ၊ အလုပ်လက်မဲ့ များပြားမှုတွေ အပြင် အခြေခံအဆောက်အအုံဖွံ့ဖြိုးတိုးတက်မှုနဲ့ လူ့စွမ်းအားအရင်းအမြစ် စိန်ခေါ်မှုတွေ ရင်ဆိုင်နေရဆဲ ဖြစ်ပါတယ်။

Ref – AFP