ချီလီနိုင်ငံ တောင်ပိုင်းကမ်းရိုးတန်းမှာ အင်အားပြင်းငလျင်လှုပ်ခတ်

 

ငလျင်လှုပ်ခတ်ပြီးနောက် ဆူနာမီ အန္တရာယ်လည်း ရှိနေတဲ့အတွက် အာဂျင်တီးနားနိုင်ငံ Tierro del Fuego ဒေသမှာလည်း ကြိုတင်ကာကွယ်မှုတွေ ပြုလုပ်ထားပြီး ချီလီနိုင်ငံ ဝေးလံခေါင်သီတဲ့ Magallanes ဒေသနဲ့ ချီလီ အန္တာတိက ပိုင်နက်မှာ ဆူနာမီသတိပေးချက်တွေ ထုတ်ပြန်ခဲ့ပါတယ်။

၃၊ မေလ

ချီလီနိုင်ငံ တောင်ပိုင်းကမ်းရိုးတန်းမှာ ၇ ဒဿမ ၄ မဂ္ဂနီကျုဒ့်ပြင်းအားရှိတဲ့ ငလျင်လှုပ်ခတ်ခဲ့တာကြောင့် ဆူနာမီ သတိပေးချက်တွေ ထွက်ပေါ်လာပြီး လူ ထောင်နဲ့ချီ ဘေးလွတ်ရာကို ရွှေ့ပြောင်းခဲ့ရပါတယ်

မေလ ၂ရက်နေ့ မနက်၊ ဒေသစံတော်ချိန် ၉ နာရီ ၅၈ မိနစ်မှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် ချီလီနဲ့ အာဂျင်တီးနား ကမ်းရိုးတန်းဒေသတွေက ဒေသခံတွေဟာ ဘေးလွတ်ရာကို အမြန်ရွှေ့ပြောင်းခဲ့ရတာပါ။

ငလျင်ဗဟိုချက်ဟာ  ပင်လယ်ကြမ်းပြင်အောက် ၁၀ ကီလိုမီတာ (၆ မိုင်)  အာဂျင်တီးနားနိုင်ငံ တောင်ဘက်စွန်း Ushuaia မြို့ရဲ့  တောင်ဘက် ၂၁၉ ကီလိုမီတာ (၁၇၃ မိုင်) အကွာမှာ  လှုပ်ခတ်ခဲ့တာဖြစ်တယ်လို့ အမေရိကန် ဘူမိဗေဒလေ့လာရေးဌာနက ပြောပါတယ်။

ငလျင်လှုပ်ခတ်ပြီးနောက် ဆူနာမီ အန္တရာယ်လည်း ရှိနေတဲ့အတွက် အာဂျင်တီးနားနိုင်ငံ Tierro del Fuego ဒေသမှာလည်း ကြိုတင်ကာကွယ်မှုတွေ ပြုလုပ်ထားပြီး ချီလီနိုင်ငံ ဝေးလံခေါင်သီတဲ့ Magallanes ဒေသနဲ့ ချီလီ အန္တာတိက ပိုင်နက်မှာ ဆူနာမီသတိပေးချက်တွေ ထုတ်ပြန်ခဲ့ပါတယ်။

X လူမှုကွန်ရက်မှာတော့ ချီလီသမ္မတ ဂတ်ဘရီရယ် ဘိုးရစ်က “Magallanes ဒေသတစ်လျှောက် ကမ်းရိုးတန်းဒေသတွေက ပြည်သူတွေ ဘေးလွတ်ရာ ရွှေ့ပြောင်းဖို့ တောင်းဆိုပါတယ်”လို့ ရေးသားဖော်ပြခဲ့ပါတယ်။

သောကြာနေ့ နှောင်းပိုင်းမှာတော့ ချီလီအာဏာပိုင်တွေဟာ ဆူနာမီဖြစ်နိုင်တဲ့ အခြေအနေ နည်းပါးသွားတာကြောင့်  သတိပေးချက်တွေကို ပြန်လည် ရုပ်သိမ်းခဲ့ပြီး ရွှေ့ပြောင်းခဲ့ကြတဲ့ လူတွေကို နေရပ်ကို ပြန်နိုင်တယ်လို့ အသိပေးထားပါတယ်။

အရေးပေါ်အခြေအနေတွေ အဆင့်လျော့ကျသွားပေမယ့်သတိပေးချက်တွေကိုတော့ သတိရှိရှိနဲ့ နားစွင့်နေထိုင်ဖို့ အလွန်အရေးကြီးတယ်လို့ ချီလီသမ္မတက ထပ်ဆောင်း ပြောကြားထားပါတယ်။

၂၀၁၀ ခုနှစ် ဖေဖော်ဝါရီလက ချီလီနိုင်ငံမှာ ပြင်းအား ၈ ဒဿမ ၈ မဂ္ဂနီကျုဒ့်ရှိတဲ့ ငလျင်နဲ့ ဆူနာမီ သဘာဝဘေးကြောင့် လူပေါင်း ၅၀၀ ကျော်သေဆုံးခဲ့ပါတယ်။

ချီလီနိုင်ငံဟာ ကမ္ဘာပေါ်မှာ ငလျင်လှုပ်ခတ်မှု အများဆုံး နိုင်ငံတွေထဲမှာ ပါဝင်ပြီး ပစိဖိတ်သမုဒ္ဒရာမျက်နှာပြင်အောက်မှာရှိတဲ့ သိပ်သည်းဆများတဲ့ မြေထုချပ်တွေကြောင့်  ငလျင်အန္တရာယ်ပြင်းထန်တဲ့ ဒေသတွေအဖြစ် သတ်မှတ်ခံထားရတာပါ။

Ref : BBC