၂၂၊ ဧပြီ
မိုးလေဝသ ခန့်မှန်းချက်တွေအရ ဒီကနေ့ ဧပြီ ၂၂ ရက်ကနေ ၂၈ ရက်နေ့အထိ ရက်သတ္တပတ်တာ (၇ ရက်)အတွင်း ဧရာဝတီတိုင်းမှာ မိုးရွာသွန်းနိုင်ချေ နည်းပါးနေပြီး အများအားဖြင့် နေသာနိုင်ပါတယ်။
နေ့အပူချိန်တွေအနေနဲ့ ၃၂ ဒီဂရီ စင်တီ ဂရိတ်ကနေ ၄၀ ဒီဂရီ စင်တီဂရိတ်အထိ ပူပြင်းနိုင်တာကြောင့် မိုးထိစပါးတွေကို ဝိရိယထား လှန်းကြဖို့နဲ့ ရိတ်သိမ်းခြွေလှေ့ကြဖို့ မိုးဇလ ပညာရှင်တွေက တိုက်တွန်းထားကြပါတယ်။
ဒီရက်သတ္တပတ်အတွင်းမှာ မိုးရွာသွန်းနိုင်ချေဟာ ဧပြီ ၂၈ ရက်နေ့မှာ ဖြစ်လာနိုင်တာမို့ ကြိုတင်ပြင်ဆင်မှုတွေ လုပ်ထားဖို့လည်း လိုအပ်တယ်လို့ အကြံပြုထားကြပါတယ်။
လတ်တလောကာလမှာတော့ မုန်တိုင်း သတိပေးချက်တွေ မရှိသေးသလို ယခုမိုးကြိုကာလကစလို့ ယခု ၂၀၂၅ ခုနှစ်ဟာ အယ်နီညိုနဲ့ လာနီညာ ကင်းစင်ပြီး ပုံမှန်မိုးလေဝသ ဖြစ်စဉ်ကို ကြုံတွေ့ရဖို့ရှိတယ်လို့ နိုင်ငံတကာ မိုးလေဝသ စင်တာတွေရဲ့ ထုတ်ပြန်ချက်တွေအပေါ်မူတည်ပြီး မိုးဇလ ပညာရှင် ဦးဝင်းနိုင်က ကောက်ချက်ချထားပါတယ်။
ပုသိမ် – ရက်သတ္တပတ် တခုလုံး နေ့အပူချိန်ဟာ ၃၆ ဒီဂရီ စင်တီဂရိတ် ပတ်ဝန်းကျင်မှာ ရှိနေနိုင်ပြီး ၂၈ ရက်နေ့မှာတော့ မိုးထစ်ချုန်းရွာသွန်းနိုင်ချေရှိပါတယ်။
ညောင်တုန်း – ရက်သတ္တပတ် တခုလုံး နေ့အပူချိန်ဟာ ၃၈ ဒီဂရီ စင်တီဂရိတ် ပတ်ဝန်းကျင်မှာ ရှိနေနိုင်ပြီး ၂၈ ရက်နေ့မှာတော့ မိုးထစ်ချုန်းတာတွေ ရှိနိုင်ပြီး မိုးအနည်းငယ်ရွာသွန်းနိုင်ပါတယ်။
အင်္ဂပူ – ရက်သတ္တပတ် တခုလုံး နေ့အပူချိန်ဟာ ၄၀ ဒီဂရီ စင်တီဂရိတ်ထိရှိနိုင်ပြီး ၂၈ ရက်နေ့မှာတော့ မိုးထစ်ချုန်းတာတွေ ရှိနိုင်ပြီး မိုးအနည်းငယ်ရွာသွန်းနိုင်ပါတယ်။
ဟင်္သာတ – ရက်သတ္တပတ် တခုလုံး နေ့အပူချိန်ဟာ ၄၀ ဒီဂရီ စင်တီဂရိတ်ထိရှိနိုင်ပြီး ၂၈ ရက်နေ့မှာတော့ မိုးထစ်ချုန်းတာတွေ ရှိနိုင်ပြီး မိုးအနည်းငယ်ရွာသွန်းနိုင်ပါတယ်။
မအူပင် – ရက်သတ္တပတ် တခုလုံး နေ့အပူချိန်ဟာ ၃၇ ဒီဂရီ စင်တီဂရိတ် ပတ်ဝန်းကျင်မှာ ရှိနေနိုင်ပြီး ၂၆ ရက်နဲ့ ၂၈ ရက်နေ့မှာတော့ မိုးရွာသွန်းနိုင်ချေရှိပါတယ်။
ဖျာပုံ – ရက်သတ္တပတ် တခုလုံး နေ့အပူချိန်ဟာ ၃၆ ဒီဂရီ စင်တီဂရိတ်ထိရှိနိုင်ပြီး ၂၈ ရက်နေ့မှာတော့ မိုးထစ်ချုန်းတာတွေ ရှိနိုင်ပြီး မိုးအနည်းငယ်ရွာသွန်းနိုင်ပါတယ်။
မြန်အောင် – ရက်သတ္တပတ် တခုလုံး နေ့အပူချိန်ဟာ ၃၉ ဒီဂရီ စင်တီဂရိတ်ထိရှိနိုင်ပြီး မိုးရွာနိုင်ချေ မရှိသေးပါဘူး။
ဘိုကလေး – ရက်သတ္တပတ် တခုလုံး နေ့အပူချိန်ဟာ ၃၆ ဒီဂရီ စင်တီဂရိတ်ထိရှိနိုင်ပြီး ၂၈ ရက်နေ့မှာတော့ မိုးထစ်ချုန်းတာတွေ ရှိနိုင်ပြီး မိုးအနည်းငယ်ရွာသွန်းနိုင်ပါတယ်။
ကန်ကြီးဒေါင့် – ရက်သတ္တပတ် တခုလုံး နေ့အပူချိန်ဟာ ၃၆ ဒီဂရီ စင်တီဂရိတ်ထိရှိနိုင်ပြီး ၂၈ ရက်နေ့မှာတော့ မိုးထစ်ချုန်း ရွာနိုင်ပါတယ်။
ဒေးဒရဲ – ရက်သတ္တပတ် တခုလုံး နေ့အပူချိန်ဟာ ၃၅ ဒီဂရီ စင်တီဂရိတ်ထိရှိနိုင်ပြီး ၂၈ ရက်နေ့မှာတော့ မိုးထစ်ချုန်းတာတွေရှိနိုင်ပါတယ်။
ကျိုတ်လတ် -ရက်သတ္တပတ် တခုလုံး နေ့အပူချိန်ဟာ ၃၇ ဒီဂရီ စင်တီဂရိတ်ထိရှိနိုင်ပြီး ၂၈ ရက်နေ့မှာတော့ မိုးထစ်ချုန်းတာတွေရှိနိုင်ပါတယ်။
မော်လမြိုင်ကျွန်း – ရက်သတ္တပတ် တခုလုံး နေ့အပူချိန်ဟာ ၃၇ ဒီဂရီ စင်တီဂရိတ်ထိရှိနိုင်ပြီး ၂၇ နဲ့ ၂၈ ရက်နေ့တွေမှာတော့ မိုးထစ်ချုန်းရွာသွန်းနိုင်ပါတယ်။
ဝါးခယ်မ – ရက်သတ္တပတ် တခုလုံး နေ့အပူချိန်ဟာ ၃၆ ဒီဂရီ စင်တီဂရိတ်ထိရှိနိုင်ပြီး ၂၈ ရက်နေ့မှာတော့ မိုးထစ်ချုန်း ရွာသွန်းနိုင်ချေရှိပါတယ်။
ကျုံပျော် – ရက်သတ္တပတ် တခုလုံး နေ့အပူချိန်ဟာ ၃၈ ဒီဂရီ စင်တီဂရိတ်ထိရှိနိုင်ပြီး ၂၈ ရက်နေ့မှာတော့ မိုးထစ်ချုန်း ရွာသွန်းနိုင်ချေရှိပါတယ်။
ဟိုင်းကြီးကျွန်း – ရက်သတ္တပတ် တခုလုံး နေ့အပူချိန်ဟာ ၃၃ ဒီဂရီ စင်တီဂရိတ်ထိရှိနိုင်ပြီး ၂၈ ရက်နေ့မှာတော့ မိုးထစ်ချုန်း ရွာသွန်းနိုင်ချေရှိပါတယ်။
လပွတ္တာ – ရက်သတ္တပတ် တခုလုံး နေ့အပူချိန်ဟာ ၃၅ ဒီဂရီ စင်တီဂရိတ်ထိရှိနိုင်ပြီး ၂၈ ရက်နေ့မှာတော့ မိုးထစ်ချုန်း ရွာသွန်းနိုင်ချေရှိပါတယ်။
မြောင်းမြ – ရက်သတ္တပတ် တခုလုံး နေ့အပူချိန်ဟာ ၃၅ ဒီဂရီ စင်တီဂရိတ်ထိရှိနိုင်ပြီး ၂၈ ရက်နေ့မှာတော့ မိုးထစ်ချုန်း ရွာသွန်းနိုင်ချေရှိပါတယ်။
ဓနုဖြူ – ရက်သတ္တပတ် တခုလုံး နေ့အပူချိန်ဟာ ၃၈ ဒီဂရီ စင်တီဂရိတ်ထိရှိနိုင်ပြီး မိုးရွာသွန်းနိုင်ချေ မရှိသေးပါဘူး။
ကျုံတနီး – ရက်သတ္တပတ် တခုလုံး နေ့အပူချိန်ဟာ ၃၈ ဒီဂရီ စင်တီဂရိတ်ထိရှိနိုင်ပြီး ၂၈ ရက်နေ့မှာတော့ မိုးထစ်ချုန်း ရွာသွန်းနိုင်ချေရှိပါတယ်။
ရေကြည် – ရက်သတ္တပတ် တခုလုံး နေ့အပူချိန်ဟာ ၃၈ ဒီဂရီ စင်တီဂရိတ်ထိရှိနိုင်ပြီး ၂၈ ရက်နေ့မှာတော့ မိုးထစ်ချုန်း ရွာသွန်းနိုင်ချေရှိပါတယ်။
အသုတ် -ရက်သတ္တပတ် တခုလုံး နေ့အပူချိန်ဟာ ၃၆ ဒီဂရီ စင်တီဂရိတ်ထိရှိနိုင်ပြီး ၂၈ ရက်နေ့မှာတော့ မိုးထစ်ချုန်း ရွာသွန်းနိုင်ချေရှိပါတယ်။
ကျုံမငေး – ရက်သတ္တပတ် တခုလုံး နေ့အပူချိန်ဟာ ၃၆ ဒီဂရီ စင်တီဂရိတ်ထိရှိနိုင်ပြီး ၂၈ ရက်နေ့မှာတော့ မိုးထစ်ချုန်း ရွာသွန်းနိုင်ချေရှိပါတယ်။
ကျောင်းကုန်း – ရက်သတ္တပတ် တခုလုံး နေ့အပူချိန်ဟာ ၃၆ ဒီဂရီ စင်တီဂရိတ်ထိရှိနိုင်ပြီး ၂၈ ရက်နေ့မှာတော့ မိုးထစ်ချုန်း ရွာသွန်းနိုင်ချေရှိပါတယ်။
ဇလွန် – ရက်သတ္တပတ် တခုလုံး နေ့အပူချိန်ဟာ ၃၉ ဒီဂရီ စင်တီဂရိတ်ထိရှိနိုင်ပြီး မိုးရွာသွန်းနိုင်ချေ မရှိသေးပါ။
ပန်းတနော် – ရက်သတ္တပတ် တခုလုံး နေ့အပူချိန်ဟာ ၃၇ ဒီဂရီ စင်တီဂရိတ်ထိရှိနိုင်ပြီး မိုးရွာသွန်းနိုင်ချေ မရှိသေးပါ။
အိမ်မဲ – ရက်သတ္တပတ် တခုလုံး နေ့အပူချိန်ဟာ ၃၆ ဒီဂရီ စင်တီဂရိတ်ထိရှိနိုင်ပြီး ၂၈ ရက်နေ့မှာတော့ မိုးထစ်ချုန်း ရွာသွန်းနိုင်ချေရှိပါတယ်။
ငသိုင်းချောင်း – ရက်သတ္တပတ် တခုလုံး နေ့အပူချိန်ဟာ ၃၆ ဒီဂရီ စင်တီဂရိတ်ထိရှိနိုင်ပြီး ၂၈ ရက်နေ့မှာတော့ မိုးထစ်ချုန်း ရွာသွန်းနိုင်ချေရှိပါတယ်။
လေးမျက်နှာ – ရက်သတ္တပတ် တခုလုံး နေ့အပူချိန်ဟာ ၃၅ ဒီဂရီ စင်တီဂရိတ်ထိရှိနိုင်ပြီး ၂၈ ရက်နေ့မှာတော့ မိုးထစ်ချုန်း ရွာသွန်းနိုင်ချေရှိပါတယ်။
ဆားမလောက် – ရက်သတ္တပတ် တခုလုံး နေ့အပူချိန်ဟာ ၃၇ ဒီဂရီ စင်တီဂရိတ်ထိရှိနိုင်ပြီး မိုးရွာသွန်းနိုင်ချေ မရှိသေးပါ။
ပြင်စလူ – ရက်သတ္တပတ် တခုလုံး နေ့အပူချိန်ဟာ ၃၂ ဒီဂရီ စင်တီဂရိတ်ထိရှိနိုင်ပြီး ၂၈ ရက်နေ့မှာတော့ မိုးထစ်ချုန်း ရွာသွန်းနိုင်ချေရှိပါတယ်။
ချောင်းသာ – ရက်သတ္တပတ် တခုလုံး နေ့အပူချိန်ဟာ ၃၂ ဒီဂရီ စင်တီဂရိတ်ထိရှိနိုင်ပြီး ၂၈ ရက်နေ့မှာတော့ မိုးထစ်ချုန်း ရွာသွန်းနိုင်ချေရှိပါတယ်။
ငွေဆောင် – ရက်သတ္တပတ် တခုလုံး နေ့အပူချိန်ဟာ ၃၁ ဒီဂရီ စင်တီဂရိတ်ထိရှိနိုင်ပြီး ၂၈ ရက်နေ့မှာတော့ မိုးထစ်ချုန်း ရွာသွန်းနိုင်ချေရှိပါတယ်။
ငရုတ်ကောင်း – ရက်သတ္တပတ် တခုလုံး နေ့အပူချိန်ဟာ ၃၂ ဒီဂရီ စင်တီဂရိတ်ထိရှိနိုင်ပြီး ၂၈ ရက်နေ့မှာတော့ မိုးထစ်ချုန်း ရွာသွန်းနိုင်ချေရှိပါတယ်။
အုတ်ဖို – ရက်သတ္တပတ် တခုလုံး နေ့အပူချိန်ဟာ ၄၀ ဒီဂရီ စင်တီဂရိတ်ထိရှိနိုင်ပြီး မိုးရွာသွန်းနိုင်ချေ မရှိသေးပါ။
သာပေါင်း – ရက်သတ္တပတ် တခုလုံး နေ့အပူချိန်ဟာ ၃၅ ဒီဂရီ စင်တီဂရိတ်ထိရှိနိုင်ပြီး ၂၈ ရက်နေ့မှာတော့ မိုးထစ်ချုန်း ရွာသွန်းနိုင်ချေရှိပါတယ်။
ဒေါ်ငြိမ်းရွာ – ရက်သတ္တပတ် တခုလုံး နေ့အပူချိန်ဟာ ၃၄ ဒီဂရီ စင်တီဂရိတ်ထိရှိနိုင်ပြီး မိုးရွာသွန်းနိုင်ချေ မရှိသေးပါ။
ငပုတော – ရက်သတ္တပတ် တခုလုံး နေ့အပူချိန်ဟာ ၃၄ ဒီဂရီ စင်တီဂရိတ်ထိရှိနိုင်ပြီး ၂၈ ရက်နေ့မှာတော့ မိုးထစ်ချုန်း ရွာသွန်းနိုင်ချေရှိပါတယ်။
#တပတ်တာ #မိုးလေဝသ #ဧရာဝတီတိုင်း #DeltaNewsAgency #DNA
Delta News Agency Telegram – https://shorturl.at/lxKMR
Delta News Agency YouTube – https://shorturl.at/ahBL2
Delta News Agency Website – https://shorturl.at/ozAIM
Delta News Agency Podcast – https://shorturl.at/epwzH