နမ်းခမ်းရွာကို စစ်ကောင်စီတပ် ဗုံးကြဲချမှုကြောင့် KIAနှင့် PDF အများအပြားသေဆုံးဟု ဝါဒဖြန့်သူများ သတင်းအမှားဖြန့်
11 April 2025 ( Fact Check)MPA+DNA-The Red Flag
စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့နယ် နမ်းခမ်းရွာကို စစ်ကောင်စီတပ်က လေကြောင်းဗုံးကြဲရာ ပြည်သူ ၂၅ ဦး ဝန်းကျင် သေဆုံးမှုကို KIA/PDF အများပြားသေဆုံး ဟု စစ်ကောင်စီတပ်ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်များက သတင်းအ မှားများ ဖြန့်ဝေထားသည်။
Ka Ka Han တယ်လီဂရမ်ချန်နယ်က ဧပြီ ၁၀ ရက် မနက်ပိုင်းတွင် လူများသေဆုံးနေသည့်ပုံ နှင့် အဆောက် အဦး ပျက်စီးနေသော ဓာတ်ပုံများကို အသုံးပြု၍ ဝန်းသိုမြို့နယ် နမ်းခမ်းရွာကို လေကြောင်းဗုံးကြဲရာ KIAနှင့် PDF အများအပြား သေဆုံးဟု ရေးသားဖြန့်ဝေထားသည်။
အဆိုပါရေးသားဖြန့်ဝေမှုကို ဧပြီ ၁၁ ရက် ညနေပိုင်းအထိ ကြည့်ရှုသူ ၄၃၀၀ ကျော် ရှိပြီးlike and react လုပ်သူ ၁၃၀ ကျော်ရှိကာ အခြားတယ်လီဂရမ်ချန်နယ်များကလည်း ကူးယူဖော်ပြထားသဖြင့် ပျံ့နှံ့မှုနှုန်းများနေသည်၊
သတင်းအမှားလင့်ခ်များ
Ka Ka Han – https://archive.ph/YDAuV
ဘညွှန့် – https://archive.ph/bIaFi
Kyaw Swar – https://archive.ph/HrR98
တယ်လီဂရမ်တွင် ပျံ့နှံ့နေသော သတင်းအကြောင်းအရာများ နှင့် ပတ်သက်၍ Myanmar Fact-Checking Network ၏ အဖွဲ့ဝင်ဖြစ်သော MPA နှင့် DNAတို့ ပူးပေါင်း၍ အချက်အလက် စစ်ဆေးကြည့်ရာ သတင်းအမှားဖြစ်ကြောင်း စစ် ဆေးတွေ့ရှိရသည်။
သတင်းအမှားဖြစ်ကြောင်း သက်သေပြစိစစ်ချက်
ပျံ့နှံ့နေသော သတင်းဓာတ်ပုံကို Google Reverse Image Search ဖြင့် ရှာဖွေကြည့်ရာ Mizzima သတင်း မီီဒယာက အသုံးပြုထားသော ဓာတ်ပုံနှင့်ထပ်တူညီနေသည်။
Mizzima သတင်းမီီဒယာတွင် “စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့နယ်၊ နန်းခမ်းရွာကို စစ်ကောင်စီတပ်က ယနေ့(ဧပြီလ ၉ရက်) ညနေတွင် ဂျက်ဖိုက်တာဖြင့်ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ကလေးငယ်နှင့်အ မျိုးသမီးများအပါအဝင် ၂၄ဦးထက်မနည်း သေဆုံးသွားကြောင်း မြေပြင်သတင်းရင်းမြစ်ကပြောသည်” ဟု ရေးသားထားသည်။
သတင်းလင့်ခ် – https://shorturl.at/gtRug
ထပ်မံ၍ အတည်ပြုနိုင်ရန် Google တွင် “နမ်းခမ်းရွာကိုစစ်တပ်ဗုံးကြဲ” ဆိုသည့် စာသားဖြင့်ရှာဖွေကြည့်ရာ BBC,DVB,MPA သတင်းမီဒီယာများက ရေးသားဖော်ပြထားသည်။
BBC တွင် “ဝန်းသိုမြို့နယ်နမ်းခမ်းရွာကို ဧပြီ ၉ ရက်တွင်စစ်ကောင်စီတပ်က ပြင်းအား ပေါင် ၅၀၀ ဗုံး၅လုံးကြဲချ မှုကြောင့် လူ ၂၅ ဦးသေဆုံးထားကြောင်းနှင့် ၊ နမ်းခမ်းရွာရှိ ရွာတွင်း တံတားဖွင့်ပွဲနှင့်လူစည်ကား ချိန်ဗုံးကြဲချ ခဲ့ ခြင်း ဖြစ်ကြောင်း” ရေးသားဖော်ပြထားသည်။ သတင်းလင့်ခ် – https://shorturl.at/VtB1Z
DVB သတင်းမီဒီယာတွင် “နမ်းခမ်းရွာကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနှင့်ဗုံးကြဲမှုကြောင့် ကလေးငယ်အပါ အဝင် ၂၀ ကျော်သေဆုံးခဲ့ကြောင်း” ရေးသားဖော်ပြထားသည်။ သတင်းလင့်ခ် https://shorturl.at/uqlcw
MPA တွင် “နမ်းခမ်းကျေးရွာစာသင်ကျောင်း ၊ကျွန်းတောနှင့် ဆေးရုံတို့ကို ဗုံးလေးလုံးကြဲချခဲ့ပြီး ကူညီကယ် ဆယ်ရေးဆောင်ရွက်နေစဥ် ထပ်မံ ဗုံး ၇ လုံးကြဲချမှုကြောင့် ကူညီကယ်ဆယ်နေသည့်သူများပါ ထိခိုက်သေဆုံးမှု ကြောင့်သေဆုံးသူ ၁၀၀ ဝန်းကျင်ရှိနိုင်ကြောင်း” ရေးသားဖော်ပြထားသည်။ သတင်းလင့်ခ်-https://shorturl.at/IReKx
သုံးသပ်ချက်
ဝန်းသိုမြို့နယ် နမ်းခမ်းရွာကို စစ်ကောင်စီတပ်က ပြင်းအား ၅၀၀ ရှိ ဗုံး နှစ်ကြိမ်ကြဲချခဲ့မှုကြောင့် ပြည်သူ ၂၅ ဦးကျော်ထိခိုက်သေဆုံးခဲ့ရသည်။
ထိခိုက်ဒဏ်ရာရသေဆုံးသူများသည် ကလေးငယ်များ၊အမျိုးသမီးများနှင့် ဒေသခံပြည်သူများဖြစ်သည်။
ထို့ကြောင့် စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များတွင် ဖြန့်ဝေထားသော နမ်းခမ်းရွာကို စစ်ကောင်စီတပ် ဗုံးကြဲချမှုကြောင့် KIA/PDF အများအပြားသေဆုံးဟုဆိုသော အကြောင်းအရာသည် သတင်းအမှားဖြစ်သည်။
အင်တာနက်အခြေပြု ဆိုရှယ်မီဒီယာများတွင် သတင်းအတု၊ သတင်းအမှားများစွာ ပျံ့နှံ့လျက်ရှိ သည်။ သတင်းအကြောင်းအရာတစ်ခုကို တွေ့၊ မြင်၊ ကြား၊ သိလျှင် အလွယ်တကူ လက်ခံ၊ ယုံကြည်၊ မျှဝေ ခြင်းများ အလျင်စလို မပြုလုပ်ရန် လိုအပ်ပါသည်။
ပျံ့နှံ့နေသောအကြောင်းအရာများအား သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်း အဆင့်ဆင့် အတည်ပြုဖော်ပြ နေသော သတင်းမီဒီယာများတွင် ရှာဖွေဖတ်ရှုသင့်ပါသည်။
Myanmar Fact-Checking Network အဖွဲ့ဝင်များ အချက်အလက် စစ်ဆေးထားသော သတင်းများကို အောက်ဖော်ပြပါ လင့်ခ်များမှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
#MFCN #MPA #FactCheck #Mis_Disinformation #AirSTrike #နမ်းခမ်းရွာ #အရပ်သားသေဆုံးမှု
ဝက်ဘ်ဆိုဒ်လင့် – https://myanmarfactcheckingnetwork.org/
Facebook လင့် – https://www.facebook.com/myanmarfactcheckingnetwork