ကျိုက်လက်မြို့နယ်မှာ လေပြင်းတိုက်ခတ်

 

ဧပြီ ၁၀

ဧရာဝတီတိုင်း ၊ ကျိုက်လက်မြို့နယ်မှာ ဧပြီလ ၉ ရက် ညနေပိုင်းက လေပြင်းတိုက်ခတ်ခဲ့တာ ကြောင့် စိုက်ပျိုးထားတဲ့ ကွမ်းခြံတွေပြိုလဲခဲ့တဲ့အပြင် ကြံ့ ခိုင်မှုအားနည်းတဲ့ နေအိမ်တွေလည်း ပြိုလဲခဲ့တယ် လို့ ဒေသခံတွေကပြောပါတယ်။

“ ခိုင်တဲ့အိမ်တွေက ဘာမှာတော့မဖြစ်ဘူး။ မခိုင်တဲ့အိမ်တွေကတော့ ပြိုတဲ့ဟာပြို ၊ ယိုင်တဲ့ဟာယိုင်ပေါ့ “လို့ လေပြင်းတိုက်ခတ်တာနဲ့ပတ်သက်လို့ ဒေသခံကပြောပါတယ်။

ဒါပေမယ့် လယ်ကွင်းပြင်ထဲက ကွမ်းခြံအားလုံးနီး ပါးကတော့ ပြိုလဲခဲ့တယ်လို့ သူကပြောပါတယ်။
လေပြင်းတိုက်ခတ်ချိန်ဟာ ၁၀ မိနစ်ခန့်လောက်သာကြာမြင့်ပေမယ့် ဥယျာဉ်ခြံတွေထဲမှာ သစ်ကိုင်းကျိုးကျတာတွေ အများအပြားလည်း ရှိခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ မိုးဦးကျ မုန်တိုင်းလိုပဲ လို့ ဒေသခံက ပြောပါတယ်။

ကျိုက်လတ်မြို့နယ်ထဲက လေပြင်းတိုက်ခတ်ခံခဲ့ရတဲ့ ကျေးရွာဟာ ဝါးခယ်မမြို့နယ်နဲ့ နီးစပ်တဲ့တည် နေရာတည်ရှိပါတယ်။ ဒါပေမယ့်လည်း ဝါးခယ်မအပိုင်ထဲမှာတော့ လေပြင်းဒဏ်ကို မခံစားခဲ့ရဘူးလို့ ဒေသခံကပြောပါတယ်။

မိုးလေဝသ ကြိုတင်ခန့်မှန်းချက်တွေအရ ဧပြီ၊ မေ၊ ဇွန်လတွေမှာ ဆက်တိုက်မိုးရွာသွန်းဖို့ရှိနေပြီး ဧရာဝ တီမြစ်ဝကျွန်းပေါ်အတွက် ခန့်မှန်းချက်ဟာ ယခင်နှစ်ကထက် မိုးရွာသွန်းမှု ပိုများနိုင်တယ်လို့ မိုးဇလ ပညာရှင် ဦးဝင်းနိုင်က DNA ကိုပြောပါတယ်။

မိုးများနိုင်တာကြောင့် စိုက်ပျိုးတောင်သူတွေနဲ့ ဆားတောင်သူတွေ အခက်တွေ့နိုင်ပေမယ့် လေတိုက်နူန်းပြင်းထန်မှာမျိုး မတွေ့ရသေးတဲ့အတွက် ပင်လယ်နဲ့ မြစ်ချောင်းတွေထဲမှာ အလုပ်လုပ်ကြတဲ့ ရေလုပ် သားတွေအတွက်တော့ အန္တရာယ်မရှိနိုင်ဘူးလို့ သူကပြောပါတယ်။