ငလျင်ကြောင့် အိုးဘိုထောင်အတွင်း နိုင်ကျဉ်း ခုနှစ်ဦးကျဆုံး

 

ဧပြီ ၅

မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းင လျင်ကြောင့် မန္တလေးမြို့ အိုးဘိုထောင်အတွင်းမှာရှိတဲ့ နိုင်ငံရေးအကျဉ်းသူ ၆ ဦးနဲ့ နိုင်ငံရေးအကျဉ်း သား ၁ ဦးကျဆုံးခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံ ရေးအကျဉ်းသားများကွန်ရက် PPNM က ထုတ်ပြန်ပါတယ်။

အမျိုးသမီးအဆောင် ၁ နဲ့ အဆောင် ၂ ပြိုကျခဲ့တာကြောင့် နိုင်ငံရေးအကျဉ်းသူ မမိုးသူဇာခိုင် ၊ ဒေါ်လဲ့လဲ့စိုး ၊ ဒေါ်ခင်အုန်းရွှေ ၊ မကေကေဝင်း ၊ မပပ ဝင်း ၊ မဖူးဝေဝေတို့ အသက်ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။

အမျိုးသားအဆောင်မှာတော့ အလုပ်ရုံပြိုကျခဲ့တာကြောင့် နိုင်ငံရေးအကျဉ်းသား ၁ ဦးကျဆုံးခဲ့ပါတယ်။ ပြင်းထန်ငလျင်ကြောင့် အိုးဘိုထောင်အတွင်းမှာ ဒဏ်ရာရစိုးရိမ်ရသူ ၉ ဦးရှိပြီး ဆေးရုံတက်ရောက်ဖို့ လိုအပ်သူ ၄၀ ဦးထိရှိတယ်လို့ PPNM က ထုတ်ပြန်ပါတယ်။

စစ်ကောင်စီကတော့ ပြင်းထန်ငလျင်နဲ့ပတ်သက်လို့ အကျဉ်းထောင်အတွင်းက ထိခိုက်သေဆုံးမှုတွေ အ ကြောင်း သတင်းထုတ်ပြန်ထားတာမရှိပါဘူး။

လက်ရှိအချိန်မှာလည်း အိုးဘိုထောင်အတွင်းက ဆေးရုံ တက်ရောက်ဖို့ လိုအပ်နေသူတွေကို စစ် ကောင်စီက ဆေးကုသခွင့်မပြုခဲ့ပါဘူး။ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ မြန်မာနိုင်ငံလုပ် ငန်းဆောင်ရွက်မှုဆိုင်ရာအကြီးအကဲ Anthony Abl Nader ကတော့ အကျဉ်းထောင်တွေကို အဓိကဦး တည်ပြီးတာ့ ကျန်းမာရေးဆိုင်ရာအထောက်အပံ့တွေကို ပေးအပ်သွားမယ်လို့ ဧပြီလ ၂ ရက်ကထုတ် ဖော်ပြောဆိုခဲ့ပါတယ်။

ရေကြောင့်ဖြစ်ပွားနိုင်တဲ့ ရောဂါတွေနဲ့ပတ်သက်ပြီးတော့ အကျဉ်းထောင်တွေမှာ ကျန်းမာရေးဆိုင်ရာအထောက်အပံ့ပေးအပ်မှာ ဖြစ်တယ်လို့လည်း သူကပြောပါတယ်။ “ကျန်းမာရေးစောင့်ရှောက်မှုပေးအပ် တဲ့နေရာမှာ မနိုင်မနင်းဖြစ်နေတယ်” လို့ Anthony Abl Nader က မြန်မာနိုင်ငံရဲ့ အခြေအနေကိုပြောပါတယ်။

လက်ရှိအချိန်မှာတော့ အပြည်ပြည်ဆိုင်ရာကြက် ခြေနီကော်မတီ (မြန်မာ) အဖွဲ့ဟာ မန္တလေးမြို့နဲ့ တောင်ကြီးမြို့ကို ရောက်ရှိနေတာပါ။ ဒါပေမယ့်လည်း အကျဉ်းထောင်တွေအတွင်း ကျန်းမာရေးစောင့် ရှောက်မှုလုပ်ငန်းဆောင်တာတွေနဲ့ ပတ် သက်လို့ ထုတ်ပြန်ထားတာတော့မရှိသေးပါဘူး။

မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ဟာ မန္တလေးတိုင်း ၊ စစ်ကိုင်းတိုင်း ၊ နေပြည် တော်နဲ့ ရှမ်းပြည်နယ်တောင်ပိုင်းနေရာတွေမှာ အဓိကအနေနဲ့ ထိခိုက်ပျက်စီးစေခဲ့တာပါ။

ငလျင်ကြောင့် သေဆုံးသူအရေ အတွက်ဟာလည်း ၂ ထောင်ကျော်ရှိသွားပြီးလို့ အမျိုးသားညီညွှတ် ရေးအစိုးရက ထုတ်ပြန်ထားပါတယ်။