ငလျင်ကြောင့် မြေကျွံတာတွေဖြစ်လာနိုင်လို့ပညာရှင်သတိပေး

 

မတ်၂၉

မြေအောက်ရေနဲ့ သဲနုန်းတွေပေါက်ထွက်လာတဲ့ ဒေသတွေမှာ Liquefaction လို့ခေါ်တဲ့ အရည် ပျော်ခြင်းတွေ ဖြစ်ပေါ်လာတာကြောင့် မြေကျွံမူတွေဖြစ်လာနိုင်တယ်လို့ မြန်မာနိုင်ငံ ငလျင်ကော်မတီ ဒု-ဥက္ကဌ အဖြစ် ဆောင်ရွက်ခဲ့သူ ငလျင် ကျွမ်းကျင် ပညာရှင် ဒေါက်တာမျိုးသန့်က DNA ကိုပြောပါတယ်။

ဒီလိုမျိုး Liquefaction တွေဖြစ်ပေါ်နေတဲ့နေရာတွေမှာ ဂတ်စ်ပိုက်လိုင်းဖြတ်သန်းသွားတာမျိုးရှိရင် ဂတ်စ်ပိုက်လိုင်းတွေကျိုးပျက်ပြီး မီးလောင်တာတွေ ဖြစ်နိုင်တယ်လို့ သူက ဆိုပါတယ်။

မြေအောက်ရေတိမ်တဲ့နေရာမျိုးတွေ မြေအမျိုးအစားကလည်း သဲဖြစ်နေတယ်ဆိုလို့ရှိရင် သဲရေတွေ ပန်းထွက်တာ Liquefaction ဖြစ်သွားပြီးတဲ့ အခါကျတော့ မြေကဘာဖြစ်သွားမလဲ ဆိုရင် ကျွံတာ ပြိုတာမျိုးတွေဖြစ်တယ်။ အဲ့ဒါတွေနဲ့အတူ အဆောက်အဦးတွေကလည်း ကျွန်တော်တို့ ကျွံသွားတဲ့မြေနဲ့ ဆက်နွယ်ပြီး အဆောက်အဦးတွေ ပြိုတာပျက်တာ နိမ့်ဆင်းသွားတာတွေ ဖြစ်တတ်ပါတယ် လို့ ဒေါက်တာမျိုးသန့်က ရှင်းပြပါတယ်။

မနေ့က လှုပ်ခတ်ခဲ့တဲ့အင်အားပြင်း ငလျင်ကြောင့် မြန်မာနိုင်ငံအလယ်ပိုင်းနေရာတချို့မှာ မြေကြီးထဲက ရေတွေ ပန်းထွက်လာတာ၊ နုန်းရေတွေပန်းထွက် လျှံထွက်တာတွေရှိနေပါတယ်။

#ငလျင် #မြေကျွံ #DeltaNewsAgency