မတ်၂၉
လက်ရှိအခြေအနေမှာ ငလျင်နောက်ဆက်တွဲအဖြစ် ဆည်တွေကျိုးပျက်မှာကို စိုးရိမ်ပူပန်မူတွေရှိပြီး ဆည်အက်လို့ ရေလွှတ်နေပြီဆိုတဲ့ သတင်းတွေကလည်း ဆည်လမ်းကြောင်းတလျှောက်မှာရှိတဲ့ ဒေသခံ ပြည်သူတွေကို စိုးရိမ်စိတ် များလာနေစေပါတယ်။
ဒါကြောင့် DNA က ဒီအခြေအနေတွေနဲ့ပတ်သက် လို့ ဘာတွေ သတိထားသင့်လဲ၊ ဘယ်လိုတွေပြုမူသင့်လဲ ဆိုတာကို ငလျင်ကျွမ်းကျင်ပညာရှင် တချို့နဲ့ CDM ပြုလုပ်ထားတဲ့ ဆည် မြောင်း ဝန်ထမ်းတချို့ကို ဆက်သွယ်မေးမြန်းခဲ့ပါတယ်။
အခုဖြစ်ပေါ်ခဲ့တဲ့ ငလျင်ဟာ ထိခိုက်ပျက်စီးမှုပြင်း ထန်တဲ့ အဆင့်ရှိခဲ့တာကြောင့် ငလျင်ရဲ့ ဗဟိုချက်မနား မှာရှိနေတဲ့ ဆည်တွေဟာ အနည်းနဲ့အများ ထိခိုက်ပျက်စီးသွားနိုင်ချေမြင့်နေတယ်လို့ ကျွမ်း ကျင်သူတွေက ခန့်မှန်းထားပါတယ်။
ငလျင်ကြောင့် ဆည်ကျိုးမှာစိုးရိမ်နေရပြီဆိုရင် ဒါတွေနဲ့ တိုက်ဆိုင်စစ်ဆေးကြည့်ဖို့လိုပါတယ်။
ငလျင်ဗဟိုချက်မနဲ့နီးတယ်။ ဆည်ကြီးတွေလည်းရှိနေတယ်ဆိုရင်
– ဆည်မှာရေဘယ်လောက်ရှိနေတာလဲ။
ဆည်ကျိုးရင် အန္တရာယ်ရှိနိုင်လောက်တဲ့ ရေပမာဏရှိနေလား။
– နွေစပါးအတွက်ရေတွေလွှတ်ပေးပြီးပြီလား။ (ဒါဆိုရင် ရေနည်းနေနိုင်တယ်)
– ဆည်က ရေအားလျှပ်စစ်အတွက် သုံးနေတာဆိုရင် အဲ့ဒီအတွက် ရေဆက်လည်ပတ်နေသေးလား။
-ဆည်ကရေမလွှတ်ဘဲနဲ့ ရေတွေစိမ့်ထွက်လာနေပြီလား။
-နောက်ဆက်တွဲလှုပ်ခတ်တဲ့ ငလျင်တွေမှာ အင်အားပြင်းတာတွေထပ်ပါသေးလား။
-ပျက်ဆီးသွားမှုအခြေအနေက ဘယ်လိုရှိနေတာလဲ။ (သွားကြည့်လို့ရရင်)
-ဆည်ရဲ့ ကြံ့ခိုင်မှုအခြေအနေ ဘယ်လိုရှိလဲ (ဆည်ဝန်ထမ်းတွေကို မေးကြည့်လို့ရရင်)။
စတဲ့အချက်တွေကို စစ်ဆေးကြည့်ပြီး အန္တရာယ် အတိမ်အနက်ကို သုံးသပ်နိုင်တယ်လို့ သူတို့က အကြံပြုထားပါတယ်။
#ငလျင် #နောက်ဆက်တွဲ #ဆိုးကျိုး #DeltaNewsAgency