၂၅၊ မတ်
မနေ့က မတ်လ ၂၄ ရက်နေ့မှာ ဖွင့်လှစ်တဲ့ ပညာရေးနဲ့ သင်ပြနည်းပညာ ဒီပလိုမာတန်း အမှတ်စဉ် (၁/၂၅) အတွက် မြောင်းမြ ပညာရေး ဒီဂရီကောလိပ်မှာ သင်တန်းလာတက်ကြသူတွေရဲ့ ဆိုင်ကယ် နှစ်စီး အခိုးခံရတာကြောင့် ကျောင်းအတွင်း လုံခြုံရေးနဲ့ အဝင်၊ အထွက်ကို တင်းကြပ်ထားတယ်လို့ ပညာရေး ကောလိပ်နားမှာ နေထိုင်သူတွေက DNA ကိုပြောပါတယ်။
ဒီကျောင်းမှာ သင်တန်းလာတက်ရောက်သူ ရှစ်ရာဝန်းကျင်ရှိတယ်လို့ သိရပါတယ်။
ဧရာဝတီတတိုင်းလုံးမှာတော့ ပညာရေးနဲ့ သင်ပြနည်းပညာ ဒီပလိုမာသင်တန်း အမှတ်စဉ် (၁/၂၅) အတွက် ဧလျှောက်ထားတက်ရောက်သူ သင်တန်းသား၊ သင်တန်းသူ သုံးထောင်ဝန်းကျင်ရှိတယ်လို့ DNA ရဲ့ စုံစမ်းမှုအရ သိရပါတယ်။
#မြောင်းမြ #ပညာရေးကောလိပ် #ဆိုင်ကယ်အခိုးခံရ #DeltaNewsAgency