ထားဝယ်ကမ်းနားက ဆီသိုလှောင်သင်္ဘော ဒုတိယအကြိမ် မီးထပ်လောင် October 19, 2024 ဒေသအလိုက် သတင်းကဏ္ဍ Photo Credit – Dawei Fire Service Department အောက်တိုဘာ၊ ၁၉ အလုပ်သမား ရှစ်ဦး သေဆုံးခဲ့ရတဲ့ မီးလောင်မှုဖြစ်ထားတဲ့ ထားဝယ်မြို့၊ ကြက်စားပြင်ရပ်ကွက်၊ ထားဝယ်မြစ်ထဲက ဆီသိုလှောင်သင်္ဘော ဒေသအခေါ် ဆီဘောမှာ မနေ့ ညနေ လေးနာရီကျော်လောက်က မီးလောင်မှု ထပ်ဖြစ်ခဲ့တယ်လို့ မြို့ခံတွေဆီကနေ သိရပါတယ်။ “ပေါက်ကွဲသံလည်း တချက်ကြားလိုက်သေးတယ်၊ ရှေ့တခေါက်လောက်ကတော့ မကြမ်းဘူး၊ လူတွေတော့ မထိခိုက်ဘူးကြားတယ်” လို့ ထားဝယ်မြို့ခံ အမျိုးသမီးတဦးက DNA ကို ပြောပါတယ်။ ထားဝယ်ခရိုင်အတွင်း စက်သုံးဆီဖြန့်ဖြူးရောင်းချနေတဲ့ မီချီလီကုမ္ပဏီပိုင် ဆီသိုလှောင်သင်္ဘောမှာ မီးလောင်ကျွမ်းခဲ့တာဖြစ်ပြီး မိနစ်သုံးဆယ်ခန့်အကြာမှာတော့ မီးငြိမ်းသတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။ ထားဝယ်မြို့နယ် မီးသတ်တပ်ဖွဲ့ကတော့ အဲဒီ ဆီ သိုလှောင်သင်္ဘောထဲရှိ ဆီအကျွင်းအ ကျန်အနည်းငယ် နေအပူရှိန်ကြောင့် အပူလွန်ကဲပြီး မီးပြန်လောင်တာလို့ ထုတ်ပြန်ထားပါတယ်။ အခုတခေါက် မီးလောင်မှုမှာတော့ သေဆုံးထိခိုက်တဲ့သူ မရှိဘူးလို့ သိရပါတယ်။ အဲဒီ ဆီသိုလှောင်သင်္ဘောပေါ်မှာပဲ အောက်တိုဘာ ၁၄ ရက် ညနေပိုင်းက ပေါက်ကွဲမီးလှောင်မှုဖြစ်ခဲ့ပြီး အသက် ၁၇ နှစ်ကနေ ၂၄ နှစ်ကြားရှိ အလုပ်သမား အမျိုးသား ခုနစ်ဦးနဲ့ အမျိုးသမီးတဦး သေဆုံးခဲ့ပါတယ်။ အဲဒီ ပထမအကြိမ်မီးလောင်မှုကတော့ ဘာလို့ မီးလောင်တာလဲဆိုတာ အတိအကျ မသိရပါဘူး။ ဆီသိုလှောင်သင်္ဘောထားဝယ်ဒုတိယအကြိမ်မီးလောင်
ဒေသအလိုက် သတင်းကဏ္ဍ ထားဝယ်မှာ ခြောက်ရက်ကြာ ပျောက်ဆုံးနေတဲ့ လူငယ်အမျိုးသမီးကို အလောင်းသာပြန်တွေ့ March 16, 2024 ဒေသအလိုက် သတင်းကဏ္ဍ မတ် ၊ ၁၆ တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ကျေးရွာအုပ်စု၊ ပဒိုင်းချောင်းရွာမှာ ခြောက်ရက်အကြာ ပျောက်ဆုံးနေတဲ့ အမျိုးသမီးငယ်တဦးရဲ့ ရုပ်အလောင်းကို ဒီကနေ့ မတ်လ ၁၆ ရက်၊ မနက်ပိုင်းမှာ ပြန်တွေ့ တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ [ဆက်လက်ဖတ်ရှုရန်]
ဒေသအလိုက် သတင်းကဏ္ဍ စစ်တပ်ဖမ်းသွားတဲ့ ထားဝယ်အထူးစီးပွားရေးဇုန်အနီးက ဒေသခံလေးဦး အလောင်းသာပြန်တွေ့ July 5, 2024 ဒေသအလိုက် သတင်းကဏ္ဍ Photo – Social Media ဇူလိုင်၊ ၅ စစ်ကောင်စီတပ်က ဖမ်းဆီးသွားတဲ့ ထားဝယ်အထူးစီးပွားရေးဇုန်အနီးရှိ ထားဝယ်ခရိုင်၊ ရေဖြူမြို့ နယ်၊ ခေါင်ပြန်ရွာက ရွာခံလေးဦး သတ်ဖြတ်ခံလိုက်ရပြီး ရုပ်အလောင်းတွေကို ခေါင်ပြန်ရွာ ချောင်းထဲတွေ့ရတယ်လို့ ဒေသခံတွေဆီကနေ သိရ [ဆက်လက်ဖတ်ရှုရန်]
နိုင်ငံရေး ထားဝယ် အထူးစီးပွားရေးဇုန်အနီး နေအိမ်အလုံးနှစ်ဆယ်နီးပါးကို စစ်တပ်မီးရှို့ October 22, 2023 နိုင်ငံရေး အောက်တိုဘာ၊ ၂၂ တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ် အနောက်ဘက်ခြမ်း ထားဝယ်အထူးစီးပွားရေးဇုန် အနီးတဝိုက် စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်က အခုလ ၂၀ ရက်၊ မနက်ပိုင်းမှာ မူးဒူးရွာက နေအိမ် ၁၇ လုံးထက်မနည်းကို မီးရှို့ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေထံကနေ [ဆက်လက်ဖတ်ရှုရန်]