ထားဝယ်ကမ်းနားက ဆီသိုလှောင်သင်္ဘော ဒုတိယအကြိမ် မီးထပ်လောင် October 19, 2024 ဒေသအလိုက် သတင်းကဏ္ဍ Photo Credit – Dawei Fire Service Department အောက်တိုဘာ၊ ၁၉ အလုပ်သမား ရှစ်ဦး သေဆုံးခဲ့ရတဲ့ မီးလောင်မှုဖြစ်ထားတဲ့ ထားဝယ်မြို့၊ ကြက်စားပြင်ရပ်ကွက်၊ ထားဝယ်မြစ်ထဲက ဆီသိုလှောင်သင်္ဘော ဒေသအခေါ် ဆီဘောမှာ မနေ့ ညနေ လေးနာရီကျော်လောက်က မီးလောင်မှု ထပ်ဖြစ်ခဲ့တယ်လို့ မြို့ခံတွေဆီကနေ သိရပါတယ်။ “ပေါက်ကွဲသံလည်း တချက်ကြားလိုက်သေးတယ်၊ ရှေ့တခေါက်လောက်ကတော့ မကြမ်းဘူး၊ လူတွေတော့ မထိခိုက်ဘူးကြားတယ်” လို့ ထားဝယ်မြို့ခံ အမျိုးသမီးတဦးက DNA ကို ပြောပါတယ်။ ထားဝယ်ခရိုင်အတွင်း စက်သုံးဆီဖြန့်ဖြူးရောင်းချနေတဲ့ မီချီလီကုမ္ပဏီပိုင် ဆီသိုလှောင်သင်္ဘောမှာ မီးလောင်ကျွမ်းခဲ့တာဖြစ်ပြီး မိနစ်သုံးဆယ်ခန့်အကြာမှာတော့ မီးငြိမ်းသတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။ ထားဝယ်မြို့နယ် မီးသတ်တပ်ဖွဲ့ကတော့ အဲဒီ ဆီ သိုလှောင်သင်္ဘောထဲရှိ ဆီအကျွင်းအ ကျန်အနည်းငယ် နေအပူရှိန်ကြောင့် အပူလွန်ကဲပြီး မီးပြန်လောင်တာလို့ ထုတ်ပြန်ထားပါတယ်။ အခုတခေါက် မီးလောင်မှုမှာတော့ သေဆုံးထိခိုက်တဲ့သူ မရှိဘူးလို့ သိရပါတယ်။ အဲဒီ ဆီသိုလှောင်သင်္ဘောပေါ်မှာပဲ အောက်တိုဘာ ၁၄ ရက် ညနေပိုင်းက ပေါက်ကွဲမီးလှောင်မှုဖြစ်ခဲ့ပြီး အသက် ၁၇ နှစ်ကနေ ၂၄ နှစ်ကြားရှိ အလုပ်သမား အမျိုးသား ခုနစ်ဦးနဲ့ အမျိုးသမီးတဦး သေဆုံးခဲ့ပါတယ်။ အဲဒီ ပထမအကြိမ်မီးလောင်မှုကတော့ ဘာလို့ မီးလောင်တာလဲဆိုတာ အတိအကျ မသိရပါဘူး။ ဆီသိုလှောင်သင်္ဘောထားဝယ်ဒုတိယအကြိမ်မီးလောင်
နိုင်ငံရေး ဖမ်းဆီးခံထားရတဲ့ ထားဝယ်သပိတ်ခေါင်းဆောင်ရဲ့ ဖခင်ဖြစ်သူ နှစ်လနီးပါးကြာတဲ့အထိ ပြန်မလွတ်သေး August 9, 2023 နိုင်ငံရေး သြဂုတ်၊ ၉ ပြီးခဲ့တဲ့ ဇွန်လကလည်းက စစ်ကောင်စီက ဖမ်းဆီးထားတဲ့ ထားဝယ်သပိတ်ခေါင်းဆောင် ကိုမင်းလွင်ဦး ရဲ့ ဖခင်ဖြစ်သူ ဦးအောင်ဖေ ကို နှစ်လကြာတဲ့အထိ ပြန်မလွှတ်သေးဘဲ လောင်းလုံးမြို့နယ်ရဲစခန်း မှာ ဆက်လက် ဖမ်းဆီးထားတယ်လို့ ကိုမင်းလွင်ဦးက [ဆက်လက်ဖတ်ရှုရန်]
နိုင်ငံရေး အဖမ်းခံထားရတဲ့ ထားဝယ်နည်းပညာတက္ကသိုလ် ကျောင်းအုပ်ကြီးနဲ့ ဌာနမှူးနှစ်ဦး ဆယ်ရက်ကျော်ကြာတဲ့အထိ ပြန်မလွတ်သေး March 10, 2024 နိုင်ငံရေး မတ်၊ ၁၀ တော်လှန်ရေးတပ်ဖွဲ့တခုဖြစ်တဲ့ ဗထူးတပ်မတော်က ဖမ်းဆီးထားတဲ့ ထားဝယ်နည်းပညာတက္ကသိုလ် ကျောင်းအုပ်ကြီးနဲ့ ဌာနမှူးနှစ်ဦး ဆယ်ရက်ကျော်အကြာ ဒီကနေ့ မတ်လ ၁၀ ရက်နေ့အထိ ပြန်မလွတ်သေးဘူးလို့ သိရပါတယ်။ “လိုအပ်တဲ့ စစ်ဆေးမှုတွေတော့ လုပ်ပြီးပါပြီ၊ [ဆက်လက်ဖတ်ရှုရန်]
နိုင်ငံရေး ကော်သူးလေတပ်ဖွဲ့ဝင်တချို့ ထားဝယ်က အရက်ဆိုင်တချို့ကို ဆက်ကြေးကောက် September 15, 2023 နိုင်ငံရေး စက်တင်ဘာ၊ ၁၅ တနင်္သာရီတိုင်း၊ ထားဝယ်ဒေသ အခြေစိုက်တဲ့ ကော်သူးလေတပ်မတော် (KTLA)၊ ဆာကဆောတပ်မဟာရဲ့ တပ်ဖွဲ့ဝင်တချို့က စက်တင်ဘာလ ၁၄ ရက်၊ မနက်ပိုင်းက ထားဝယ်မြို့နယ်၊ အရှေ့တောဒေသ၊ ရမ္မဇူကျေးရွာက အရက်ဆိုင် သုံးဆိုင်မှာ အတင်းအဓမ္မ [ဆက်လက်ဖတ်ရှုရန်]