နွေဦးဘဏ် ပထမဆုံးခြောက်လအတွင်း ဒေါ်လာသုံးသိန်းနီးပါး အမြတ်ရ၊ရှယ်ယာပိုင်ဆိုင်သူတွေကိုအမြတ်ဝေစုပြန်ခွဲပေးမယ်လို့အသိပေး

ဧပြီ ၊ ၆

အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ NUG က ထူထောင်ထားတဲ့ နွေဦးဖွံ့ဖြိုးတိုးတက်ရေးဘဏ် SDB Bank ရဲ့ ပထ မဆုံးခြောက်လအတွင်း အမေရိကန်ဒေါ်လာ သုံးသိန်းနီးပါး အမြတ်အစွန်းရခဲ့ တယ်လို့ အဲ့ဒီဘဏ်က ထုတ် ပြန် အသိပေးထားပါတယ်။

SDB Bank စတင်တည်ထောင်တဲ့ ၂၀၂၃ခုနှစ် ဇူလိုင် ၂၂ရက်ကနေ ဒီဇင်ဘာလကုန်အထိဝင်ငွေ အမေရိကန် ဒေါ်လာ လေးသိန်းကျော်(၄၀၆,၀၄၂)ရှိခဲ့ပြီး အခွန် နှုတ်အပြီး အမြတ်အစွန်း အမေရိကန်ဒေါ်လာ ၂၈၃,၁၉၇ ရရှိခဲ့ တာလို့ ဖော်ပြပါတယ်။ဘဏ်အနေနဲ့ အသားတင် အမြတ်အစွန်း ခုနစ်ဆယ်ရာခိုင်နှုန်းနီးပါးအထိရခဲ့တာလို့ ရှင်းပြ ထားပါတယ်။

အဲ့ဒီဘဏ်အမြတ်ငွေအားလုံးကို နွေဦးဘဏ်ရှယ်ယာတိုကင်ပိုင်ဆိုင်ထားသူတွေဆီ အမြတ်ဝေစုအဖြစ် ရာနှုန်း ပြည့်အချိုးကျ ပြန်လည်ခွဲဝေပေးဖို့ ဘဏ်ဒါရိုက်တာ  ဘုတ်အဖွဲ့က မတ်လ ၂၀ရက်မှာ တညီတညွတ်တည်း ဆုံး ဖြတ်ခဲ့ကြတယ်လို့လည်းသိရပါတယ်။

ဒါကြောင့် အဲ့ဒီကာလအတွင်း  အမေရိကန်ဒေါ်လာ  တသောင်း  ရင်းနှီးမြှုပ်နှံခဲ့သူဟာ  အမြတ်ဝေစုအဖြစ် ၂၈ဒေါ် လာကျော် ရရှိမှာဖြစ်တယ်လို့ တွက်ချက်ရှင်းပြထားပါတယ်။

နွေဦးဘဏ်ကိုစတင်တည်ထောင်ပြီးနောက် လေးလအကြာ ၂၀၂၃ခုနှစ် နိုဝင်ဘာလအတွင်း နွေဦးဘဏ်ရဲ့ အစု ရှယ်ယာ ကန်ဒေါ်လာ ဆယ်သန်းဖိုး ထုတ်ရောင်းခဲ့ပြီး ဆယ်ရက်အတွင်း အဲ့ဒီရှယ်ယာပမာဏထက် ပိုပြီး ရောင်း ချခဲ့ရတယ်လို့ အသိပေးခဲ့ပါတယ်။

အစုရှယ်ယာတိုကင်တခုကို အမေရိကန်ဒေါ်လာ ၀ဒသမ၀၀၁ ဒေါ်လာတန်ဖိုးသတ်မှတ်ကာ အနည်းဆုံး တိုကင် တသောင်း ဒေါ်လာ တဆယ်ဖိုး ဝယ်ယူရမယ့်သတ်မှတ်ချက်နဲ့ ထုတ်ရောင်းခဲ့တာပါ။လက်ရှိခြောက်လတာ အသားတင်အမြတ်အစွန်းတွေကို တော့ အဲ့ဒီတိုကင်ပိုင်ဆိုင်ထားသူတွေကို ပြန်လည်ခွဲဝေပေးမယ်လို့ အသိ ပေးလာတာဖြစ်ပါတယ်။

ဒါကြောင့်နွေဦးဘဏ်အစုရှယ်ယာ ကန်ဒေါ်လာ တဆယ်ဖိုးပိုင်ဆိုင်ထားသူဟာ အမြတ်အစွန်းအဖြစ် ၀ဒသမ ၀၂၈၃ ဒေါ်လာ ရရှိမှာဖြစ်ပါတယ်။

လက်ရှိမှာ  နွေဦးဘဏ်အနေနဲ့ အသုံးပြုသူပေါင်း ၉၅၀၀၀ ရှိနေကာ ငွေကြေးအစုစု စီမံခန့်ခွဲမှု အမေရိကန် ဒေါ် လာ ၁၈ဒသမ သုံးသန်းအထိ ရှိနေတယ်လို့လည်းဆိုပါတယ်။ဘဏ်ကပြန်လည်ခွဲဝေပေးမယ့်အမြတ်ငွေတွေကို SDB အကောင့်ထဲပေါင်းထည့်ပေးမယ်လို့လည်းအသိပေးထားပါတယ်။

“၂၀၂၄ ခုနှစ်မှာ ထူးခြားဆန်းသစ်တဲ့ ဘဏ်လုပ်ငန်းစဉ်တွေနဲ့ ဝန်ဆောင်မှုတွေကို ဆက်လက် အကောင်ထည် ဖော် နိုင်ဖို့ နွေဦးဘဏ်ဟာ ပိုမို ကောင်းမွန်ကျယ်ပြန့်သော တိုးချဲ့မှုတွေနဲ့ အောင်မြင်မှုတွေအတွက် ပြင်ဆင်နေပါ တယ်”လို့ SDB ဘဏ် အလုပ်အမှုဆောင်အရာရှိချုပ် ဦးကယ်လ်ဗင်ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

NUG ရဲ့ စီမံကိန်းနဲ့ဘဏ္ဍာရေးဝန်ကြီးဌာနက  နွေဦးဘဏ်ကို ပြီးခဲ့တဲ့နှစ် ဇူလိုင် ၂၂ရက်မှာ စတင်ဖွင့်လှစ်ခဲ့ပြီး လက် ရှိအထိ ပြည်တွင်းပြည်ပကနေ ဝန်ဆောင်မှုရယူနိုင်တဲ့ ဒစ်ဂျစ်တယ်ဘဏ်အဖြစ် ဆက်လက်လည် ပတ် နေတာ ဖြစ်ပါတယ်။

နွေဦးဘဏ်ကိုတည်ထောင်တာဟာ အာဏာသိမ်းစစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်နဲ့ စစ်ကောင်စီတို့ဆီ  နိုင် ငံခြားငွေ စီးဆင်းနေမှုကိုထိန်းချုပ်ဖို့ဖြစ်သလို တော်လှန်ရေးအတွက်ငွေကြေးအထောက်အပံ့ရစေဖို့ဖြစ်တယ်လို့ NUG စီမံ/ဘဏ္ဍာဝန်ကြီးလည်းဖြစ်၊ ကြားကာလဗဟိုဘဏ်ဥက္ကဌလည်းဖြစ်တဲ့ ဦးတင်ထွန်းနိုင်ကပြော ထားပါ တယ်။

နွေဦးဘဏ်မှာ စာရင်းသေ၊စာရင်းရှင် ငွေအပ်နှံတာ၊ကျပ်ငွေအပါအဝင် နိုင်ငံတကာ ငွေကြေးစနစ် ဆယ်မျိုးကို လဲ လှယ်ဝယ်ယူရောင်းချနိုင်တာအပြင် ရွှေဝယ်ယူစုဆောင်းနိုင်တဲ့ဝန်ဆောင်မှုတွေလည်း ရယူနိုင်ပါတယ်။