ချင်းတော်လှန်ရေးတပ်တွေထိန်းချုပ်ထားတဲ့ ရိဒ်ခေါဒါရ်မြို့

နို၀င်ဘာ ၊ ၁၆

ချင်းအမျိုးသားကာကွယ်ရေးတပ် CNAတပ်ဖွဲ့အပါအဝင် ချင်းတော်လှန်ရေးတပ်ပေါင်းစုက သိမ်းပိုက် ထိန်းချုပ် ထားတဲ့ ရိဒ်ခေါဒါရ်မြို့မြင်ကွင်းတချို့ကို Chinland Information Center က ဒီကနေ့ဖော်ပြလာပါတယ်။

ချင်းပူးပေါင်းတပ်ပေါင်းစုတွေသိမ်းပိုက်ပြီးနောက် အိန္ဒိယ-မြန်မာနယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါတဲ့ ရိဒ်ခေါ်ဒါရ်မြို့ကနှစ်နိုင်ငံနယ်စပ် မြန်မာနိုင်ငံဘက်ခြမ်းမှာ ချင်းအမျိုးသားအလံတော် စိုက်ထူထားတာ တွေ့ရ ပါတယ်။

ချင်းပြည်နယ် ဖလမ်းမြို့နယ်ထဲက အိန္ဒိယနယ်စပ် ရိဒ်ခေါဒါရ်မြို့မှာရှိတဲ့ စစ်ကောင်စီစခန်းနှစ်ခုကို ချင်းအမျိုး သားကာကွယ်ရေးတပ် CNAဦးဆောင်းတဲ့ ချင်းပူးပေါင်းတပ်ပေါင်းစုတွေက နိုဝင်ဘာ ၁၃ရက်နဲ့ ၁၄တို့မှာ နှစ်ရက် ဆက်တိုက်ခိုက်သိမ်းပိုက်ခဲ့တာပါ။

အဲ့ဒီစခန်းနှစ်ခုလုံးကိုသိမ်းပိုက်နိုင်ပြီးနောက် လက်ရှိ ရိဒ်ခေါဒါရ်မြို့မှာ စစ်ကောင်စီတပ်တွေ မရှိတော့ဘဲ အပြီး သတ်ထိန်းချုပ်ထားပြီလို့ CNAပြောခွင့်ရ ဆလိုင်းထက်နီက DNAကို အတည်ပြုပြောထားပါတယ်။

ရိဒ်ခေါဒါရ်မြို့သိမ်းတိုက်ပွဲကို CNAစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် Ngun Hlei Thang ကိုယ်တိုင် ဦးဆောင်တိုက် ခိုက်ခဲ့တာဖြစ်ပြီး လက်နက်ကြီး၊ လက်နက်ငယ်နဲ့ခဲယမ်းအများအပြား သိမ်းဆည်းရရှိခဲ့တယ်လို့ Chinland Information Center က ဖော်ပြထားပါတယ်။

photo – Chinland Information Center