CDM တော်လှန်ရေးအင်အားစုတွေ ညီလာခံတရပ်ကျင်းပဖို့ပြင်ဆင်နေ

နိုဝင်ဘာ ၊ ၅

နွေဦးတော်လှန်ရေးမှာ (CDM) အင်အားစုတွေရဲ့ တိုက်တွန်းချက်တွေ အကြံပြုချက်တွေပေါ်လာဖို့နဲ့ နိုင်ငံတဝန်း (CDM) အင်အားစုတွေ စုစည်းနိုင်ဖို့ ရည်ရွယ်ပြီး (CDM) ထုညီလာခံ ကျင်းပရေး ပြင်ဆင်နေတယ်လို့ ညီလာခံ ဖြစ်မြောက်ရေး ကော်မတီ ပြောရေးဆိုခွင့် ရှိသူ ဒေါက်တာလွမ်းဝေ က DNAကိုပြောပါတယ်။

“ CDMတွေရဲ့ တော်လှန်ရေးအပေါ်ထားတဲ့ ရပ်တည်ချက်တွေ ပေါ်ထွက်လာဖို့ပေါ့၊အင်နဲ့အားနဲ့ တွန်းတွန်း တိုက် တိုက် တွန်းအားပေးနေတဲ့ CDMထုက ဒီညီလာခံမှာ အသံတွေဟိန်းထွက်လာဖို့ မျှော်လင့်တယ်၊နိုင်ငံရေး အကျပ်အ တည်းတွေကို တွန်းအားပေးနိုင်ဖို့ နွေဦးတော်လှန်ရေး တဆင့်မြင့်တက်လာဖို့တွန်းအားပေးဖို့မျှော်လင့်ထားတယ်” သူကပြောပါတယ်။

CDM အင်အားစုတွေအားလုံး အဆင်ပြေပြေ တက်ရောက်ဆွေးနွေးနိုင်ပြီး စုစည်းမိကြဖို့၊ အချင်းချင်း ကူညီဖေးမ နိုင်ဖို့ အပြင် CDM ထုရဲ့ အင်အားကို ဖော်ထုတ်နိုင်ဖို့ ရည်ရွယ်ချက်ပြီး ညီလာခံကျင်းပမှာဖြစ်တယ်လို့ ညီလာခံ ကျင်းပရေး ကော်မတီက ဆိုထားပါတယ်။

“တဦးတယောက် တစုတဖွဲ့အာလုံးချိတ်မိသွားကြဖို့ပေါ့၊အဖွဲ့အစည်းတခုဖြစ်လာဖို့ရည်မှန်းတယ် ” လို့ ဒေါက်တာ လွမ်းဝေ ကပြောပါတယ်။

နွေဦးတော်လှန်ရေးအတွင်း CDM တွေဟာ နယ်ပယ်မျိုးစုံ၊ ကဏ္ဍမျိုးစုံကနေ ပါဝင်တိုက်ပါဲဝင်နေကြပေမယ့် စုစု စည်းစည်းမဖြစ်သလို CDM တွေရဲ့ သဘောထားရပ်တည်ချက်၊ရှုမြင်ချက်တွေဟာ ပြန့်ကျဲနေတာကြောင့် စုစည်း နိုင်ဖို့ရည်ရွယ်တယ်လို့လည်းဆိုပါတယ်။

လက်ရှိ ညီလာခံ ဖြစ်မြောက်ရေး ကော်မတီကို ကျန်းမာရေး၊ပညာရေး၊မီးရထား၊စိုက်ပျိုးရေး စတဲ့ဌာနဆိုင်ရာ CDM အင်အားစုတွေပါဝင်တဲ့ ကိုယ်စားလှယ် ၂၅ ဦးနဲ့ ဖွဲ့စည်းထားပြီး နောက်ထပ် CDM အင်အားစုတွေထပ်မံ ပါဝင်လာ နိုင်ရေး ဆက်လက်လုပ်ဆောင်မယ်လို့ ဆိုထားပါတယ်။

CDM ဝန်ထမ်းအများစုက နိုင်ငံရေးနဲ့မရင်းနှီးသူတွေဖြစ်တာကြောင့် ညီလာခံ ကျင်းပတဲ့နေရာမှာအား နည်း ချက် တွေ ရှိနိုင်တဲ့အတွက် သက်ဆိုင်ရာ အဖွဲ့တွေအနေနဲ့ တက်နိုင်သလောက် ပူးပေါင်းပါဝင် ချိတ်ဆက်ကြဖို့ နဲ့ ညီ လာခံကို အားလုံးတက်ရောက်ကြဖို့လည်း ညီလာခံကျင်းပရေးကော်မတီကတိုက်တွန်းထားပါတယ်။

စစ်အာဏာသိမ်းပြီးနောက် နိုင်ငံတဝန်းမှာ CDM ပြုလုပ်ခဲ့တဲ့ ဝန်ထမ်းဦးရေ စုစုပေါင်း နှစ်သိန်း တသောင်း ကျော် ရှိပြီး CDMစစ်သားသုံးထောင်ကျော်နဲ့ ရဲအင်အား တသောင်းကျော်ရှိတယ်လို့ အမျိုးသားညီညွတ်ရေး အစိုးရတာဝန်ရှိသူတွေက ဒီနှစ်စက်တင်ဘာလက ထုတ်ပြန်ထားပါတယ်။