မုံရွာမှာ စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရလို့ ထိခိုက်သေဆုံးမှုရှိ

အောက်တိုဘာ ၊ ၃၁

 စစ်ကိုင်းတိုင်း ၊ မုံရွာမြို့နယ် ဖန်ခါးကျင်းရွာဘက် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို မနေ့က နေ့လယ်   ပိုင်းမှာ ကာကွယ်ရေးတပ်တွေက စောင့်ကြိုတိုက်ခိုက်ခဲ့တာကြောင့် ထိခိုက်သေဆုံးမှုရှိတယ်လို့ တိုက် ပွဲမှာပါ ဝင် ခဲ့တဲ့  Student Armed Force – ကျောင်းသားလက်ရုံးတပ်တော်ပြန်ကြားရေးတာဝန်ခံကDNAကို ပြော ပါတယ်။

မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ)က စစ်ကောင်စီတပ်ဖွဲ့ဟာ မုံရွာမြို့မြောက်ဘက် အ ထွက် ကြီးပဒုံရွာဘက်ကနေ မုံရွာ-ရေဦးကားလမ်းပေါ်က ဖန်ခါးကျင်းရွာဘက်ကိုအင်အားခုနစ်ဆယ်လောက်နဲ့ မနေ့က စစ်ကြောင်းထိုး လာ ချိန်မှာကာကွယ်ရေးတပ်တွေကစောင့်ကြိုတိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။

 စစ်ကောင်စီဘက်ကလည်း တုံ့ပြန်ပစ်ခတ်တာကြောင့် မိနစ်နှစ်ဆယ်ဝန်းကျင်ကြာ အပြန်အလှန်ပစ်ခတ်မှုဖြစ်ခဲ့ တဲ့အဲ့ဒီတိုက်ပွဲအတွင်း စစ်ကောင်စီဘက်ကငါးဦးသေဆုံးသွားတာကိုမျက်မြင်အတည်ပြုနိုင်တယ်လို့ Student Armed Force – ကျောင်းသားလက်ရုံးတပ်တော်ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

ပြီးတော့ သူတို့ထမ်းစဉ်နဲ့သယ်ထုတ်သွားတဲ့ အရေအတွက်ကို သတင်းရတာနဲ့ အတည်ပြုနိုင်တာပါ “ လို့သူကပြော ပါတယ်။ 

အဲ့ဒီပစ်ခတ်တိုက်ခိုက်မှုကို ကျောင်းသားလက်ရုံးတပ်တော် ( SAF ) ၊ Anonymous hero’s အဖွဲ့ နဲ့ဒေသအ ခြေစိုက် ကာကွယ်ရေးတပ်ဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး အထိအခိုက် မရှိပြန်လည်ဆုတ်ခွာ နိုင်ခဲ့ တယ်လို့ထုတ်ပြန်ထားပါတယ်။

တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်သေဆုံးမှုအခြေအနေကို DNAက သီးခြားအတည်မပြုနိုင်သေးပါဘူး။

အပြန်အလှန် ပစ်ခတ်ပြီးနောက် စစ်ကောင်စီစစ်ကြောင်းဟာ  ဖန်ခါးကျင်းကျေးရွာဘက်ကနေ ကြီးပဒုံရွာအနီးက နမခစစ်စခန်းထဲပြန်လည်ဝင်ရောက်သွားတယ်လို့ သိရပါတယ်။

 အလားတူ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၇ ရက် မနက် ၇ နာရီ ဝန်းကျင်ကလည်း နမခက ထွက်လာတဲ့စစ်ကောင်စီ တပ်သားတွေ မုံရွာမြို့မြောက်ဘက်က ဘုတလင်မြို့နယ် ဇီးတောရွာကို စစ်ကြောင်းထိုးလာချိန် တိုက်ခိုက်ခဲ့ တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်ငါးဦးသေဆုံးခဲ့တယ်လို့ တော်လှန်ရေးတပ် ဖွဲ့တွေကပြောထားပါတယ်။