အစုလိုက် အသတ်ခံရတဲ့ ပြည်သူတွေအတွက် ထိုင်းမြန်မာနယ်စပ်မှာ ဆုတောင်းပွဲပြုလုပ် October 18, 2023 နိုင်ငံရေး အောက်တိုဘာ၊ ၁၈ လိုင်ဇာ၊ အနန့်ပါ၊ ပဇီကြီး တို့အပါအဝင် စစ်ကောင်စီတပ်တွေ ပစ်ခတ်မှုကြောင့် အစုလိုက်သေဆုံးခဲ့ရတဲ့ ပြည်သူတွေအတွက် ဆုတောင်းပွဲတခုကို ထိုင်း-မြန်မာ နယ်စပ်တနေရာမှာ ဒီကနေ့ အောက်တိုဘာ ၁၈ ရက်က ကျင်းပပြုလုပ်ခဲ့ကြပါတယ်။ ဒီပွဲကိုတော့ ဘာသာပေါင်းစုံကွန်ရက်နဲ့ ထမင်းတနပ် ၁၅ ဘတ် အဖွဲ့က ဦးဆောင်ပြီး တော်လှန်ရေးအင်အားစုတွေနဲ့အတူ ပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။ ဒီဆုတောင်းပွဲမှာ မုန်လိုင်ခက်က စစ်ရှောင် ကချင်အမျိုးသမီးတဦးကို တွေ့ဆုံအင်တာဗျူးထားတဲ့ အသံဖိုင်ကို ဖွင့်ပြခဲ့ပြီး စစ်တပ်ရဲ့အကြမ်းဖက်မှုကြား သေဆုံးခဲ့တဲ့ အရပ်သားပြည်သူတွေအတွက် ဘာသာပေါင်းစုံက ဆုတောင်းတာတွေ လုပ်ခဲ့ကြပါတယ်။ Websiteတွင် ကြည့်ရှုရန် >>> ဓာတ်ပုံ – ကိုနိုင်သီဟ စစ်တပ်ဆုတောင်းပွဲပဇီကြီးလိုင်ဇာသတ်ဖြတ်အစုလိုက်အနန့်ပါ
နိုင်ငံရေး ရခိုင်မှာ အပစ်အခတ်ရပ်စဲရေး မရှိသေးလို့ AA ဒုစစ်ဦးစီးချုပ်ပြော March 4, 2024 နိုင်ငံရေး မတ်၊ ၄ အပစ်အခတ်ရပ်စဲရေးနဲ့ပတ်သတ်တဲ့ ဟိုင်ဂင်သဘောတူညီချက်က ရှမ်းမြောက်ဒေသနဲ့သာ သက်ဆိုင်ပြီး ရခိုင်ပြည်နယ်ပါဝင်တာ မရှိဘူးလို့ ရက္ခိုင့်တပ်တော် (AA)ဒုတိယစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်က ဒီနေ့သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်မှုနဲ့ “ဟိုင်ဂင် သဘောတူညီမှု” ကို [ဆက်လက်ဖတ်ရှုရန်]
နိုင်ငံရေး ကရင်နီမှာ စစ်တပ်လက်ချက်နဲ့ တလအတွင်း အရပ်သားနှစ်ဒါဇင်ကျော်သေဆုံး March 10, 2024 နိုင်ငံရေး မတ်၊ ၁၀ ကရင်နီ (ကယား) ဒေသမှာ ဖေဖော်ဝါရီ တလအတွင်း စစ်ကောင်စီတပ် လက်ချက်နဲ့ သေဆုံးခဲ့တဲ့ အရပ်သား ၂၅ ဦးရှိတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)ရဲ့ ဒီကနေ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။ [ဆက်လက်ဖတ်ရှုရန်]
ဒေသအလိုက် သတင်းကဏ္ဍ ကန့်ဘလူမှာ စစ်တပ်က ရွာတွေကိုမီးရှို့လို့ ဒေသခံသောင်းနဲ့ချီထွက်ပြေးနေရ January 13, 2024 ဒေသအလိုက် သတင်းကဏ္ဍ ဇန်နဝါရီ၊ ၁၃ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်က ကျေးရွာ ခုနှစ်ရွာထက်မနည်းကို အခုရက်ပိုင်းအတွင်း စစ်ကောင်စီပူးပေါင်းတပ်ဖွဲ့တွေက အကြောင်းပြချက်မရှိဘဲ နေအိမ်မီးရှို့နေတာကြောင့် အရပ်သား တသောင်းခွဲနီးပါးဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးအင်အားစုတွေထံက သိရပါတယ်။ ” ဒီကောင်တွေက ဒီအတိုင်း တရွာဝင်တရွာထွက် [ဆက်လက်ဖတ်ရှုရန်]