မြန်မာလူငယ်တွေနဲ့ အမေရိကန်လွှတ်တော်ကိုယ်စားလှယ်တွေ မြန်မာနိုင်ငံနေ့အဖြစ် သတ်မှတ်တွေ့ဆုံ

ဇွန်၊ ၁၃
 
အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်အတွင်းက မြို့တော် Sacramento မှာ ဒေသစံတော်ချိန် ဇွန်လ ၁၂ ရက် မြန်မာလူငယ်တွေနဲ့ ကယ်လီဖိုးနီးယား လွှတ်တော်အမတ်တွေ တွေ့ဆုံခဲ့ကြတယ်လို့ သိရပါတယ်။
ဒီတွေ့ဆုံမှုကို Burma Day Event (မြန်မာနိုင်ငံနေ့) အဖြစ် သတ်မှတ်တွေ့ဆုံခဲ့တာဖြစ်ပြီး ကယ်လီဖိုးနီးယား အထက်လွှတ်တော်အမတ် Senator Benjamin J Allen နဲ့ Senator Dave Cortese တို့က တက်ရောက်ကြပြီး မြန်မာပြည်တွင်းက ဒီမိုကရေစီတိုက်ပွဲဝင်ပြည်သူတွေနဲ့ တသားတည်းရှိနေကြောင်း အားပေးစကားတွေ ပြောခဲ့တယ်လို့ ပွဲစီစဉ်သူတွေက ပြောပါတယ်။
ဒါ့အပြင် အမေရိကန်အုပ်ချုပ်ရေးစနစ်မှာ မြန်မာလူငယ်တွေ ပါဝင်နိုင်ဖို့နဲ့ မြန်မာနိုင်ငံက ဒီမိုကရေစီလှုပ်ရှားမှုတွေကို အသိပေးဖို့ ရည်ရွယ်တွေ့ဆုံတာဖြစ်တယ်လို့လည်း ဆိုပါတယ်။
ဒီတွေ့ဆုံပွဲကို Sacramento မြို့၊ ဆန်ဖရန်စ္စကို ပင်လယ်အော်ဒေသတဝိုက်နဲ့ ပြည်နယ်တောင်ပိုင်း လော့အိန်ဂျလိစ်မြို့က မြန်မာ-အမေရိကန်လူငယ်တွေနဲ့ မိသားစုတွေ တက်ရောက်ခဲ့ကြတယ်လို့ ဆိုပါတယ်။ 
ဓာတ်ပုံ – Burma Day Event