စဉ့်ကူး၊ထုံးကြီးရွာက ညောင်ရေသွန်းပွဲနဲ့ ညတရားပွဲ စခန်းမှူးက ဖျက်သိမ်းခိုင်းလို့ပွဲပျက်

မေ၊ ၄

မန္တလေးတိုင်း၊စဥ့်ကူးမြို့နယ်ထဲက၊ထုံးကြီးရွာမှာမနေ့ကပြုလုပ်ဖို့စီစဥ်နေတဲ့ကဆုန်လပြည့်နေ့ညောင်ရေသွန်းပွဲနဲ့ညတရားသဘင်ပွဲကိုစစ်ကောင်စီလက်အောက်ခံရဲစခန်းမှူးနဲ့ပျူစောထီးခေါင်းဆောင်တွေကလာရောက်တားမြစ်တာကြောင့် ပွဲပျက်ခဲ့ရတယ်လို့ ဒေသခံတွေက DNA ကိုပြောပါတယ်။

 မနေ့ကထုံကြီးရွာဦးစေတီမှာပြုလုပ်မယ့် ကဆုန်ညောင်ရည်သွန်းပွဲနဲ့ ညတရားပွဲအစီအစဥ်ကို လူစုလူ ဝေးဖြစ် တယ်ဆိုတဲ့အကြောင်းပြချက်နဲ့ထုံးကြီးရဲစခန်းကစခန်းမှူး၊တောင်အင်းရွာ၊ရေတော်ရွာတို့ကပျူစောထီးခေါင်းဆောင်တွေလာရောက်ပြီး မလုပ်ဖို့တားမြစ်ခဲ့တာလို့ဆိုပါတယ်။ “မနေ့ကပွဲကတော့ပျက်သွားတာပေါ့၊အကုန်စီစဥ်ပြီးမှ၊မနက်ပိုင်းရောက်ချလာတာရွာကအကျိုးတော်ဆောင်တွေဆီတိုက်ရိုက်လာပြောတာပေါ့၊အကြောင်းပြချက်ကတော့လူစုလူဝေးဖြစ်မယ်ဘာညာပေါ့၊စခန်းမှူး သောင်းထိုက်ဦးပါတယ်၊တောင်အင်းနဲ့ရေတော်ရွာကပျူစောထီးခေါင်းဆောင်နှစ်ယောက်ပါတယ်”လို့ဒေသခံတဦးက DNA ကိုပြောပါတယ်။ ဒါပေမယ်အအခုလိုပိတ်ပင်တာဟာသူတို့စခန်းကိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဝင်ရောက်တိုက်ခိုက်လာမှာကိုစိုးရိမ်နေတာနဲ့ဆက်နွယ်နေတယ်လို့လည်းဒေသခံတွေကယူဆကြပါတယ်။

 “အကြောင်းပြချက်မရှိဘူး၊သက်သက်ကိုပိတ်ပင်တာ၊ ကျွန်တော့်အထင်ပြောရရင် သူတို့တစု ထိတ်လန့်နေပုံ ရမယ်သူတို့ ရှိရာနေကို ကာကွယ်ရေးအဖွဲ့တွေ ဝင်ရောက်စီးနင်းမှာ ကြောင့်ဖြစ်နိုင်တယ်”လို့ ဒေသခံ တဦး ကထပ်ပြောပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ထုံးကြီးရွာ ရဲစခန်းဘက်ကိုတော့ DNA ကဆက်သွယ်မေးမြန်းနိုင်တဲ့ အခြေအနေ မရှိပါဘူး။ထုံးကြီးရွာဟာ စဉ့်ကူးမြို့နယ်တောင်ဘက် ဧရာဝတီမြစ်ကမ်းအနီးက ရွာတရွာဖြစ်ပြီး အဲ့ဒီရွာ တဝိုက် ဒေသတွေကို စစ်ကောင်စီက စစ်ကြောင်းထိုးမှုတွေလုပ်လေ့ရှိသလို စစ်ကောင်စီတပ်နဲ့ တော်လှန် ရေးတပ်ဖွဲ့တွေရဲ့တိုက်ပွဲတွေလည်းဖြစ်လေ့ရှိပါတယ်။

လက်ရှိမှာလည်း ထုံးကြီးရွာ အနီးတဝိုက်က ဆင်သေ၊ဝက်ပေါင်၊ကြက်တူရွေးစတဲ့ရွာတွေဘက်ကို စစ် ကောင် စီတပ်က စစ်ကြောင်းထိုးမီးရှို့မှုတွေလုပ်နေတယ်လို့ Wetlet Infoemation Network ကဖော်ပြထားပါတယ်။

 ဒါ့အပြင်စစ်ကောင်စီတပ်တွေဟာလက်ရှိမှာ ထုံးကြီးရွာ အရှေ့ဘက် စဉ့်ကုးမြို့နယ်ထဲက မန္တလေး၊ မတ္တရာ လမ်းမပေါ်မှာ ဂိတ်ချကာ ခရီးသွားပြည်သူတွေကို စစ်ဆေးမှုတွေလုပ်နေပြီး မှတ်ပုံတင်ပါရင် တသောင်း မပါတဲ့သူတွေကို ငွေကျပ်နှစ်သောင်းကောက်ခံငွေညှစ်တာတွေပြုလုပ်နေတယ်လို့ဒေသခံတွေကဆိုပါတယ်။

 ပြီးခဲ့တဲ့ဧပြီလအတွင်းကလည်း စဥ့်ကူးနယ်ထဲဝင်ရောက်လာတဲ့စစ်ကောင်စီတပ်တွေဟာတောင် လှတောင် မှာ အထိုင်ချပြီးရွှေလုပ်ကွက်လုပ်မယ်ဆိုတဲ့အကြောင်းပြချက်နဲ့ အနီးအနားကဒေသခံကျေးရွာသူ၊ ကျေးရွာ သားတွေကိုမောင်းထုတ်ခဲ့သလိုခက်သင်ရွာနဲ့ဘုံသာကုံးရွာကိုမီးရှို့ဖျက်ဆီးကာသက်ကြီးရွယ်အိုတဦးနဲ့ဆယ်တန်းကျောင်းသူတဦးကိုသတ်ဖြတ်ခဲ့ပါသေးတယ်။