တောင်ပိုင်း စစ်ဒေသ PDFတွေရဲ့လက်နက်ကြီး အခြေခံနဲ့မွမ်းမံသင်တန်းဆင်းပွဲ

မတ်၊ ၂၁

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ တောင်ပိုင်းစစ်ဒေသက PDFစစ်ကြောင်း ကိုးခုက တပ်ဖွဲ့ဝင်တွေရဲ့ လက်နက်ကြီးအခြေခံနဲ့ မွမ်းမံသင်တန်းဆင်းပွဲပုံရိပ်တွေဖြစ်ပါတယ်။

အဲ့ဒီသင်တန်းကို ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ခံ တောင်ပိုင်းစစ်ဒေသ၊စစ်ဒေသခွဲ အမှတ် ၃ နဲ့ ဒေါန စစ်ကြောင်းတို့က ဦးစီးပြုလုပ်ပေးခဲ့တာဖြစ်ပြီး ဒီကနေ့ သင်တန်းဆင်းပွဲပြုလုပ်ခဲ့တာလို့သိရပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲအမှတ် ၃မှာ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလကစလို့ PDF တပ်ဖွဲ့ဝင်တွေကို နိုင်ငံတကာလူသားချင်းဆိုင်ရာ ဥပဒေ(IHL) သင်တန်း၊ လက်နက်ကြီး သင်တန်းတွေ၊မွမ်းမံသင်တန်းတွေ၊ စစ်မြေပြင်ဆေးတပ်သားသင်တန်းတွေဆက်တိုက်သင်ကြားပေး နေတယ်လို့ သိရပါတယ်။

ဓာတ်ပုံ – ရဲဘော်ဗိုလ်ချုပ် (စစ်ဒေသခွဲ အမှတ်-၃)