စစ်ကောင်စီကို ဘက်ပေါင်းစုံကထိုးစစ်ဆင်တိုက်ခိုက်မှုတွေ မကြာမီစတင်တော့မယ်

NUG အစိုးရက တော်လှန်ရေးအဆုံးအဖြတ်နှစ်အဖြစ် သတ်မှတ်ထားတဲ့ ဒီနှစ်ထဲမှာ စစ်ကောင်စီကို အမြစ် ဖြတ်မဲ့ ဘက်ပေါင်းစုံက ထိုးစစ်ဆင်တိုက်ခိုက်မှုတွေကို မကြာမီ လုပ်နိုင်တော့မယ်လို့ NUG အစိုးရတာ ဝန်ရှိ သူတွေနဲ့ ဒေသကာကွယ် ရေးတပ်ဖွဲ့တွေက ပြောပါတယ်။

“NUG အစိုးရက ညွှန်ကြားထားတဲ့အတိုင်း စစ်တင်ဘာ၊ အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ ဒီဘာ(၄)ဘာထဲ လေ့ ကျင့်ရေး ပြင်ဆင်မှုတွေ ပြီးဆုံးသွားတဲ့အခါမှာ ခုချိန်က စပြီးတော့ စစ်ရေးအရှိန် မြှင့်တင်မှုတွေကို စ တင် လှုပ်ရှားလာတော့မှာဖြစ်ပါတယ်။ အဲဒီအတွက် ပြည်သူတွေအနေနဲ့ စစ်ရေးအသိ၊ စစ်ရေးသတိ ရှိပြီးတော့ လုံ ခြုံစိတ် ချရ တဲ့ နေရာတွေမှာ နေထား ဖို့ သတင်းတွေကို အဆက်မပြတ်လေ့လာနေဖို့ လိုအပ်ပါတယ်”လို့ စစ် ကိုင်းတိုင်းထဲ က PDF တပ်ရင်းတခုရဲ့ တာဝန်ရှိသူက ပြောပါတယ်။

မကွေးတိုင်း၊ ဧရာဝတီမြစ်အနောက်ဘက်ခြမ်း၊ စစ်ဒေသ – ၁ လက်အောက်မှာ လှုပ်ရှားနေတဲ့ ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ တာဝန်ရှိသူ တဦးကလည်း အခုနှစ်ဟာ အဆုံးအဖြတ်တိုက်ပွဲနှစ် ဖြစ်တာနဲ့အညီ သက်ဆိုင်ရာခရိုင် အလိုက်၊ ဒေသအလိုက် တိုက်ပွဲစီမံချက်တွေ ရေးဆွဲနေတယ်လို့ ပြောပါတယ်။

 “ဗဟိုစစ်ရေးကွပ်ကဲမှုစနစ်နဲ့ လုပ်လာပြီ ဆိုတော့ ကျွန်တော်တို့ ဘက်က အားကောင်းပါတယ်၊အရင်တုန်းက ပြင် ဆင်ချိန်ဆိုတာ ရှိတယ်၊ တိုက်ခိုက်ရေး စမယ်ဆိုကတည်းက NUG အစိုးရရဲ့ ကြေညာချက်အရ အမြို့မြို့အ နယ် နယ် ကိုယ့်ရဲ့ဒေသအလိုက် ခရိုင်အလိုက် ကို ကွပ်ကဲပြီးတော့မှ ဘယ်လိုစီမံချက်တွေ ချမလဲ၊ ဘယ်လိုတိုက် မလဲ လုပ်ပြီးမှ လုပ်တာဖြစ်ပါတယ်၊လာမယ့် လတွေမှာလည်း စီမံချက်တွေ အများကြီး ရှိနေဦးမှာပါ” လို့ မင်းဘူး-စကု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံဗိုလ်မိုးသီးက ပြောပါတယ်။

NUG အစိုးရရဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် ပူးပေါင်းတပ်တွေဟာ ဖေဖော်ဝါရီ၈ ရက်နဲ့ ၉ ရက်တွေမှာ စစ် ကိုင်းတိုင်းက စစ်ရေးပစ်မှတ် ၁၆ ခုနဲ့ မကွေးတိုင်းကပစ်မှတ် ၁၉ ခုတို့ကို မဟာဗျူဟာကျ ဟန်ချက်ညီညီ တိုက် ခိုက်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

ဒီလိုတိုက်ခိုက်နိုင်မှုဟာ NUGအစိုးရရဲ့ ၂၀၂၃ တနှစ်တာ စီမံချက်ရဲ့ အဆင့် ၂မှာ ပါဝင်တဲ့ မဟာဗျူဟာကျကျ ချိတ် ဆက်တိုက်ခိုက်မှုတွေ စတင်မယ်ဆိုတဲ့ ရည်မှန်းချက်နဲ့အညီ ဆောင်ရွက်နိုင်ခဲ့တာဖြစ်တယ်လို့ အမျိုးသားညီ ညွတ် ရေးအစိုးရရဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုနေဘုန်းလတ်က ပြောပါတယ်။

စစ်ကိုင်းနဲ့မကွေးမှာ လုပ်ခဲ့တဲ့ ပူးပေါင်းတိုက်ခိုက်မှုစစ်ဆင်ရေးတွေက အားသာချက်၊အားနည်းချက်တွေကို ပြန် လည်လေ့လာသုံးသပ်ပြီး လာမယ့်တိုက်ပွဲဗျူဟာတွေအတွက် ဆက်လက်ပြင်ဆင်သွားမှာဖြစ်တယ်လို့ သူက ပြောပါတယ်။

 “အားရကျေနပ်မှုလည်း ရှိတယ်။ ရှေ့လျှောက် One Year Plan ရဲ့ phase 2 အတွင်းမှာ coordinated တိုက်ပွဲ တွေ ကို ဆက်လက်လုပ်ဆောင်သွားဖို့ ရှိသလို၊ phase 3 ရောက်တဲ့အခါမှာလည်း တော်လှန်ရေးကိုနောက် တဆင့် တက် သွားမှာဖြစ်ပါတယ်” လို့ကိုနေဘုန်းလတ်က ပြောပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရဟာ တိုင်းရင်းသားတော်လှန်ရေးအင်းအားစုတွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တွေကို ဗဟိုစစ်ရေးကွပ်ကဲမှုစနစ် (Chain of Command) တစ်ခုတည်း အောက်ကို ရောက်ဖို့ ကြိုးစားနေမှုဟာ အတိုင်းအတာတခုထိ အောင်မြင်နေပြီး တိုက်ပွဲအရှိန်အဟုန် မြှင့်လာတာကို တွေ့ရမှာဖြစ်တယ်လို့ သမ္မတရုံး ပြောရေးဆိုခွင့် ရှိသူ ဦးကျော်ဇောက ပြောပါတယ်။

အမိန့်ပေးကွပ်ကဲမှုစနစ်နဲ့စစ်ရေးဆောင်ရွက်ချက်တွေ ပိုမိုထိရောက်စေဖို့အတွက် တပ်မဟာအဆင့်စုဖွဲ့မှုတွေကို မကြာခင်စတင်တော့မှာဖြစ်တယ်လို့ NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ကလည်း အခုလဆန်းမှာ သူ့ရဲ့ ရေဒီ ယိုမိန့်ခွန်းကတဆင့်ပြောထားပါတယ်။

 ၂၀၂၃ ခုနှစ် တနှစ်တာစီမံချက်အဖြစ် အဆုံးအဖြတ်တိုက်ပွဲနှစ်အဖြစ် သတ်မှတ်တာ၊ မဟာမိတ်အင်အားစုတွေနဲ့ မဟာဗျူဟာမြောက်စုစည်းတာ၊ ဘက်ပေါင်းစုံက ထိုးစစ်ဆင်တာ၊ ပွဲသိမ်းထိုးနှစ်ချက်အဖြစ် ဆောင်ရွက်တာ စတာတွေကိုNUG ကအဆင့်အလိုက် သတ်မှတ်ထားပါတယ်။

နွေဦးတော်လှန်ရေးနှစ်နှစ်ပြည့်ချိန် လအနည်းငယ်အတွင်း NUG နဲ့မဟာမိတ်တိုင်းရင်းသားတော်လှန်ရေး တပ် တွေဟာ မြို့၊ရွာ၊စခန်းသိမ်းတိုက်ပွဲတွေ၊စီးနင်းတိုက်ခိုက်မှုတွေ ခပ်စိတ်စိတ်လုပ်လာနေသလို ဒီဇင်ဘာလကုန် ပိုင်း ကနေ အခုလလယ်အထိ တောင်ပိုင်းစစ်ဒေသက သင်တန်းဆင်းစစ်ကြောင်းခုနစ်ကိုလည်း လက်နက်တပ်ဆင် ပေးမှုတွေ ဆက်တိုက်လုပ်ခဲ့ပါတယ်။