ကချင်

  • ကချင်လူမျိုးတို့မှာ တိဘက်မြန်မာအနွယ်ဝင်များဖြစ်၍ မြန်မာတို့နှင့် တနွယ်တည်းမှ ဆင်းသက်လာသူများ ဖြစ်ကြသည်။ 
  • ရဲရင့်ဖြောင့်မတ်လျက် သစ္စာသုံးသော စစ်သားကောင်းတို့ ထွန်းကားသည့် ကချင်လူမျိုးတို့အတွက် သီးခြားပြည်နယ်ကို မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးနောက် ရက် အနည်းငယ်အတွင်း ထူထောင်လာခဲ့ပေသည်။ 
  • ကချင်ပြည်နယ်သည် သဘာဝပစ္စည်းတို့ဖြင့် ပြည့်နှက်လျက်ရှိသည့်အတိုင်း ပြည်ထောင်စု မြန်မာနိုင်ငံ၏ အားထားရာဒေသ ဖြစ်လေသည်။ 
  • ပြည်နယ်တွင် လူများစု ဖြစ်သော ကချင်လူမျိုးများသည် တိုးတက်ကြီးပွားလိုသောစိတ်ရှိ၍ သိလွယ်တတ်မြောက်လွယ်သော လူမျိုးများဖြစ်ကြသည်။ 

ကောက်နုတ်ချက်။ ။ 

ဤအချက်အလက်များကို မြန်မာ့စွယ်စုံကျမ်း အတွဲ (၁) စာအုပ်၊ ကချင်ပြည်နယ် / ကချင်လူမျိုး အကြောင်းအခန်း၌ တိုက်ရိုက် ကောက်နုတ်ဖော်ပြထားခြင်း ဖြစ်သည်။ အယ်ဒီတာအဖွဲ့၏ အာဘော် မဟုတ်။