ရန်ကုန်မှာ မင်းအောင်လှိုင်ရောက်နေလို့ တစ်မြို့လုံးလမ်းပိတ်ဆို့မှုတွေဖြစ်နေ

အာဏာသိမ်းစစ်တပ်ခေါင်းဆောင် မင်းအောင် လှိင်ရန်ကုန်ကိုရောက်နေတဲ့အချိန် စစ်ကောင်စီတပ်တွေ က လမ်းတွေပိတ်ဆို့ထားတာကြောင့် မြို့အနှံ့မှာ ယာဥ်ကြောပိတ်ဆိုမှုတွေဖြစ်နေတယ်လို့ ရန်ကုန်မြို့ခံတွေက​ DNAကိုပြောပါတယ်။

“ကျွန်တော်တို့မနက်ကတည်းက မင်းအောင်လှိုင်လာလို့ဆိုပြီး လမ်းတွေပိတ်နေတာ၊ ဒီပြည့်သူ့ရင်ပြင်အရှေ့ နားမှာ”လို့ အငှားယာဥ်မောင်းတဦးက ပြောပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ ဒီကနေ့ ဖေဖော်ဝါရီ ၉ရက်နေ့မှာ ဒဂုံမြို့နယ် ပြည်လမ်းမပေါ်က ပြည်သူ့ရင်ပြင်နဲ့ပြည်သူ့ဥယျာဥ်မှာ ပြုလုပ်တဲ့ ပြည် ထောင်စုနေ့အကြို တိုင်းနဲ့ပြည်နယ် ဝန်ကြီးဌာနအလိုက် စျေး ရောင်းပွဲကို လာရောက်တာကြောင့် စစ်ကောင်စီတပ်တွေက အခုလိုလမ်းတွေကိုပိတ်ထားတာလည်းဖြစ်တယ် လို့သိရပါတယ်။

ရန်ကုန်မြို့ရဲ့မြို့အနှံ့လမ်းတွေမှာ ဒီကနေ့ဖေဖော်ဝါရီ ၉ရက် မနက် ၆နာရီကတည်းကယာဉ်ကြောတွေ ပိတ်ဆိုနေ တာဖြစ်ပြီး လက်ရှိအချိန်အထိလည်း ယာဥ်ကြောပိတ်ဆိုမှုတွေ ဖြစ်နေဆဲဖြစ်တယ်လို့လည်း မြို့ခံတွေက ပြောကြပါတယ်။

“ကျွန်တော်တို့ကတော့ ဘယ်အဆင်ပြေမလည်းဗျာ၊လမ်းတွေပိတ်သွားတာ၊မနက်ဆိုရင်လည်း ကျွန်တော်မြို့ထဲ ကိုပါတယ်၊မြို့ထဲပါတော့မြေနီကုန်းဘက်ကနေစပြီးပိတ်သွားတယ်၊မြို့ထဲကို ကျွန်တော် ၂နာရီ၊၃နာရီချိန် ဆန့် ပြီးမောင်းရတယ်”လို့ အငှားယာဥ်မောင်းတဦးကလည်း ပြောပါတယ်။

စစ်ကောင်စီက အခုလို မင်းအောင်လှိုင်လာလို့ လုံခြုံရေးအရလမ်းတွေကိုပိတ်ထားတယ်ဆိုပေမယ့် မြို့နယ်ပြည်သူ လူထုအနေနဲ့သွားလာရေးအခက်အခဲတွေအပြင် အငှားယာဥ်မောင်းတွေအတွက် စားဝတ်နေ ရေးထိခိုက်တာတွေ ရှိခဲ့တယ်လို့ဆိုပါတယ်။ ဒါ့

အပြင် ရန်ကုန်မြို့တွင်းမှာ စစ်ကောင်စီတပ်နဲ့ရဲတွေကနေရာအနှံလုံခြုံရေးယူထားတာ၊DCကားတွေနဲ့ဆက်တိုက် ကင်းလှည့်နေတာတွေလည်း လုပ်နေတယ်လို့ရန်ကုန်မြို့ခံတွေက DNAကိုပြောပါတယ်။