မိုးကုတ်မြို့နယ်အတွင်း PDF ရှေ့တန်းစခန်းတခု လေကြောင်း၊ကြည်းကြောင်းနဲ့စီးနင်းတိုက်ခိုက်ခံရ

မိုးကုတ်မြို့နယ်၊မိုင်းဟုန်းကျေးရွာ အနီးမှာရှိတဲ့ PDF တပ်ရင်း (၁၂၂၂) ရဲ့ ရှေ့တန်စခန်းတခုကို စစ် ကောင်စီက လေကြောင်း၊ကြည်းကြောင်း အင်အားအများအပြားနဲ့ စီးနင်းတိုက်ခိုက်လို့ စခန်းလက် လွှတ်လိုက်ရပြီး စစ်ကြောင်း မှူးတဦး ကျဆုံးသွားတယ်လို့ အဲ့ဒီတပ်ရင်း ပြောရေးဆိုခွင့်ရှိသူက DNA ကိုပြောပါတယ်။
 
“စစ်အသုံးအဆောင်တွေဘာမှ မဆုံးရှုံးခဲ့ဘူး၊သို့သော်ရဲဘော်တွေရဲ့ ကျောပိုးအိတ်တွေ၊ပါဝါဘန့် တွေ၊ တခြား ပစ္စည်း အမြောက်အမြားဆုံးရှုံးခဲ့ရတယ်ဗျ၊ဝေဟင်ရော၊မြေပြင်ကရောဆိုတော့ ဂန်း(လက်နက်) ကလွဲပြီး ဘာမှသယ်မလာ နိုင်ခဲ့ကြပါဘူး”လို့ သူကပြောပါတယ်။
 
အဲ့ဒီတပ်ရင်းက စစ်ကြောင်းမှူးတဦးဟာ စစ်ကောင်စီ လေယာဉ်က ကျဲချတဲ့ လက်နက်ကြီး ဗုံးစံထိ မှန်ပြီး ကျဆုံး ခဲ့သလို တပ်ဖွဲ့ဝင်သုံးဦး အပြင်းအထန် ဒဏ်ရာတွေရခဲ့တယ်လို့ သိရပါတယ်။ တခြား တပ်ဖွဲ့ဝင်တွေ အထိအခိုက်မရှိ ခဲ့သလို ဒဏ်ရာရတဲ့သုံးဦးကလည်း အသက်အန္တရာယ်တော့ မစိုးရိမ် ရဘူးလို့ ဆိုပါတယ်။
 
အဲ့ဒီစခန်းကို စစ်ကောင်စီက ဇန်နဝါရီ(၂၀)ရက် နေ့လယ်ပိုင်းက လေကြောင်းတိုက်ခိုက်မှု နာရီဝက် လောက် လုပ် တဲ့အပြင် မြေပြင်စစ်ကြောင်းလေးကြောင်း အင်အား(၂၀၀လောက်နဲ့ ပိတ်ဆို့ စီးနင်း တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ PDF တပ်ရင်း (၁၂၂၂)က ထုတ်ပြန်ထားပါတယ်။
 
စစ်ကောင်စီက ဂျက်ဖိုက်တာ လေယာဉ်သုံးစီးနဲ့ ဗုံးသီး (၃၀)လောက် ကျဲချခဲ့သလို စက်လက်နဲ့လည်း ဆယ်ကြိမ် ထက်မနည်းပစ်ခတ်ခဲ့ပြီး မြေပြင်စစ်ကြောင်းတွေကလည်း ၄၀မမ၊၆၀မမ၊M9၊Iစက်သေနတ်တွေနဲ့ တရစပ်ပစ် ခတ် တိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။
 
“ဒါကသူတို့ရဲ့နောက်ဆုံးလုပ်နိုင်စွမ်းလို့ပဲမြင်တယ်၊အဲ့ဒီလုပ်နိုင်စွမ်းတွေကိုလည်း ဒီ ၂၀၂၃မှာ လုံးဝချုပ်ငြိမ်းသွား စေဖို့ အဖက်ဖက်က ကြိုးစားနေကြပြီဆိုတာ ဖြည့်စွက်ပြောလိုပါတယ်”လို့ စစ်ကောင်စီရဲ့ လေကြောင်းတိုက် ခိုက်မှုတွေနဲ့ ပတ်သက်လို့ တပ်ရင်း(၁၂၂၂) ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
 
အဲ့ဒီလို အင်အားအများအပြားနဲ့ စီးနင်းတိုက်ခိုက်ခံရတာကြောင့် စခန်းလက်လွှတ်လိုက်ရသလို စခန်းက အသုံး အဆောင်တွေဖြစ်တဲ့မီးစက်၊ဒိုင်နမို၊ဆိုင်ကယ်ငါးစီး၊ရိက္ခာအများအပြားနဲ့ တခါးအသုံးအဆောင်တွေ ဆုံးရှုံးခဲ့ တယ် လို့ PDF တပ်ရင်း(၁၂၂၂) ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
 
စခန်းကို စစ်ကောင်စီဘက်က စစ်ကြောင်းထိုးတိုက်ခိုက်မယ်ဆိုတာ သတင်းကြိုရတဲ့အတွက် စခန်းအနီးတဝိုကမှာ တိုက်မိုင်းတွေ ထောင်ခဲ့တာကြောင့် စစ်ကောင်စီဘက်ကလည်း သုံးဆယ်ဝန်းကျင် ထိခိုက်သေဆုံးမှုရှိနိုင်တယ်လို့ ဒေသခံတွေရဲ့ သတင်းပေးပို့မှုကို ကိုးကားဖော်ပြထားပါတယ်။
“စစ်ကြောင်းမှူးအတွက်နှစ်ဆပိုပြီး ဆက်ရုန်းသွားမယ်၊ဆက်ရုန်းနိုင်ဖို့အတွက် ပြည်သူတွေလည်းပါဝင်ပေး ဖို့လို ပါတယ်။သေချာပေါက်စစ်ကြောင်းမှူးအတွက် ကလဲ့စား ပြန်ချေပေးသွားမယ်”လို့ တပ်ရင်း(၁၂၂၂) ပြောရေးဆိုခွင့် ရှိသူက ပြောပါတယ်။