မင်္ဂလာဒုံမြို့နယ် ရဲစခန်း ဖောက်ခွဲတိုက်ခိုက်ခံရ

မင်္ဂလာဒုံမြို့နယ်မြို့မရဲစခန်းကို မြို့ပြ UG အဖွဲ့တွေဖြစ်တဲ့ CDUMအင်အားစုရဲ့မဟာမိတ်အဖွဲ့တွေက ဒီဇင်ဘာ ၇ရက် ညပိုင်းမှာ အဝေးထိန်းလက်လုပ်မိုင်းနဲ့တိုက်ခိုက်ခဲ့တယ်လို့ CDUMပြန်ကြားရေးတာဝန်ခံက DNAကို ပြောပါတယ်။

 အဲ့ဒီရဲစခန်းက တပ်ဖွဲ့ဝင်တွေဟာ ဖမ်းဆီးခံရဲဘော်တွေရဲ့ မိသားစုဝင်တွေဆီက အကြပ်ကိုင် ငွေကြေး တောင်း ခံတာ၊ ရပ် ကွက်လူမိုက်တွေနဲ့ပူးပေါင်းပြီးပြည်သူလူထုကို ဖိနှိပ်တာတွေလုပ်ဆောင်တာကြောင့် တိုက်ခိုက်တာ ဖြစ်တယ်လို့ သူက ပြောပါတယ်။

“ဒါကတော့ ရဲစခန်းတွေထုံးစံအတိုင်း တော်လှန်ရေးသမားတွေ ဖမ်းဆီးမိတယ်ဆိုရင် မိသားစု‌ဝင်တွေကို အကြပ် ကိုင်ပြီး ငွေညှစ်တာပါ “လို့ CDUMပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

 ဒီတိုက်ခိုက်မှုကို CDUMအင်အားစုရဲ့ KMD 18အဖွဲ့နဲ့Dark Shadow ပူးပေါင်းအဖွဲ့က အဝေးထိန်းမိုင်း နဲ့ဖောက်ခွဲ ခဲ့တာဖြစ်ပြီး ရဲစခန်းအတွင်း ထိခိုက်မှု အခြေအနေကို အတည်မပြုနိုင်သေး​ဘူးလို့ဆိုပါတယ်။

 “လူထိတာတော့မရှိလောက်ဘူး၊ခြံစည်းရိုးနဲ့စခန်းအဆောက်အဦးက နဲနဲလည်းဝေးတယ်၊ နောက်အရေးပေါ် ကား တို့၊ဘာတို့ဝင်ထွက်တာလည်း မတွေ့မိဘူး”လို့ မင်္ဂလာဒုံမြို့မရဲစခန်းအနီးရပ်ကွက်နေ ဒေသခံတဦးက ပြောပါ တယ်။

 Dark Shadowအဖွဲ့ကတော့ အခုတိုက်ခိုက်မှုဟာ သူတို့ဖွဲ့စည်းလှုပ်ရှားခြင်း တနှစ်ပြည့်အနေနဲ့ဖော် ဆောင်တာ လို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဒီတစ်နှစ်တာကာလအတွင်း Dark Shadowအဖွဲ့ဝင်တွေ ဖမ်းဆီးခံ ရတာတွေလည်းရှိခဲ့တယ်လို့သိရပါတယ်။

 အခုနှစ်ဧပြီလ ၂၇ရက်က ကြည့်မြင်တိုင်တဖက်ကမ်း အလတ်ချောင်းကျေးရွာမှာ ဖြစ်ခဲ့တဲ့ ပစ်ခတ်ဖမ်းဆီးခံ ရမှုဟာ Dark Shadow အဖွဲ့ပတ်သက်ပြီး လူသိများပါတဲ့ဖြစ်စဉ်တခုဖြစ်ပါတယ်။အဲ့ဒီဖြစ်စဉ်အတွင်း Dark Shadow အဖွဲ့ဝင် တဦးသေဆုံးပြီး ၁၄ဦး ဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။

 ရန်ကုန်မြို့အတွင်းမှာ အခုလိုဖောက်ခွဲတိုက်ခိုက်ခံရမှုတွေကြောင့် စစ်ကောင်စီတပ်တွေ ကမြေအောက် တော်လှန် ရေးအဖွဲ့ဝင်တွေကို နည်းလမ်းမျိုးစုံနဲ့ရှာဖွေဖမ်းဆီးတာတွေကို လုပ်ဆောင်နေပြီး ဒီဇင်ဘာ (၇)ရက် မနက်ပိုင်း ကလည်း ရန်ကုန်မြို့ ၊ထန်းတပင်မြိုနယ် ရေတွင်းကုန်းကျေးရွာမှာ မြေအောက်တော်လှန်ရေးအဖွဲ့ဝင် ငါးဦးဖမ်း ဆီးခံခဲ့ရတယ်လို့ တော်လှန်ရေးအင်အားစုတွေကြားသတင်းထွက်နေပါတယ်။