ပင်လယ်ထဲမှာ မီးတွေလောင်

“❝ဝုန်း” ဆိုပြီး ပင်လယ်ပေါ်က မီးတောက်ကြီးတွေ၊ မီးပွားတွေ ကောင်းကင်ယံကိုပျံတက်သွား တယ်။အောက်တိုဘာလ ၇ ရက် ညဘက် ပူတင်ရဲ့ အသက် ၇၀ ပြည့်မွေးနေ့လုပ်ပြီးနောက်တစ်နေ့ မနက်စောစောမှာပေါ့ အသံအကျယ်ကြီးတစ်သံ ထွက်လာတာ။

“ ❝ဒါ အစပဲရှိသေးတယ်” ယူကရိန်းသမ္မတ Volodymyr Zelenskyy ရဲ့ အကြံပေးပုဂ္ဂိုလ်Mykhailo Podolyak က သူ့တွစ်တာမှာ ပြောလိုက်တယ်။

အောက်တိုဘာလ ၉ ရက် ည ၇ နာရီ ၃၅ မိနစ် …
အဲဒီအသံကြီးက တံတားပေါ်မှာ ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့တဲ့ အသံဖြစ်တဲ့အကြောင်းရုရှားက ကြေညာခဲ့တယ်။ အဲဒါ ပူတင် ရခဲ့တဲ့ မွေးနေ့လက်ဆောင်ပါ အသက် ၇၀ မှာ ပူတင်ဟာသူ မလိုချင်တဲ့ မွေးနေ့ လက်ဆောင်ရခဲ့တယ်။ လူသတ်သမားပူတင် ပါးစပ်ကထွက်တဲ့ စကား ‘ဒါ အကြမ်းဖက် လုပ်ရပ်ပဲ’ တဲ့။ သူများနိုင်ငံကို ကျူးကျော်ပြီး လူတွေ စသတ်ခဲ့တဲ့စစ်သွေးကြွကြီးက ပြန်လည်ခုခံတဲ့ သူတွေကို ‘အကြမ်းဖက်’ လို့ ပြန်ခေါ်လိုက်တယ်။

အဲဒီတံတားက Kerch Strait တံတားပါ။အဲဒီတံတားက ရုရှားနိုင်ငံနဲ့ ခရိုင်းမီးယားကျွန်းဆွယ်ကို ဆက်သွယ်ထားတဲ့ဗျူဟာမြောက် အလွန် အရေးပါတဲ့ တံတားတစ်စင်းပေါ့။ အဲဒီ ‘ခရိုင်းမီးယား’ ဆိုတာ ၂၀၁၄တုန်းက ပူတင် မတရား သိမ်းပိုက်ထားတဲ့နေရာပေါ့။ ပူတင်က ကျူးကျော်သိမ်းယူပြီးခရိုင်းမီးယားကို ရုရှားကနေ သင်္ဘောတွေ နဲ့ပဲ သွားလို့ရတယ်။ လမ်းပန်းဆက်သွယ်ရေးကမကောင်းဘူး။ဒါကြောင့် ကျူးကျော် သိမ်းပိုက်ပြီး လေးနှစ်အကြာ (၂၀၁၈ ခုနှစ် မေလ) မှာ ပူတင်Kerch Strait တံတားကိုဆောက်၊ တံတားပေါ်မှာ ကားလမ်းနဲ့ ရထားလမ်းဖောက်လိုက်တာ။အဲဒီတံတားက ဒေါ်လာ ၃ ဒသမ ၆ ဘီလီယံကျော် ကုန်ကျတယ်။ ဥရောပရဲ့အရှည်လျားဆုံးတံတားကြီးပေါ့။ ၁၂ မိုင် လောက်ကို ရှည်တယ်။ ဒါ့ကြောင့် အဲဒီတံတားဟာစစ်ရေးအရသာမက နိုင်ငံရေးအရပါ အရေးကြီးတဲ့ တံတားကြီး ဖြစ်လာတယ်။

ပြီးတော့ ရုရှားသမ္မတ ဗလာဒီမာပူတင် အမြဲ ဂုဏ်ဆာနေတဲ့တံတား။ အခုတော့တံတားကြီးရဲ့ အကန့် ၂ ကန့် ဗုံးထိသွားပြီ။ အဲဒီ ဗုံးပေါက်တုန်းက ခရိုင်းမီးယားကျွန်းဆွယ်ကိုဦးတည်သွားနေတဲ့ လောင်စာဆီတင် ရထားတစ်စင်းရဲ့ လောင်စာဆီတိုင်ကီခုနစ်လုံးလည်းမီးလောင်တယ်။ မကြာပါဘူး အမျိုးသားနှစ်ဦးနဲ့ အမျိုးသမီးတစ်ဦးရဲ့အလောင်းတွေကို ရေပေါ်မှာ ပေါ်လာတာ တွေ့ခဲ့ရတယ်။ဆိုရှယ်မီဒီယာမှာ တင်ထားတဲ့ တံတားပုံတွေအရ ရထားလမ်းရဲ့ အကန့်တစ်ပိုင်း ပင်လယ်ထဲကျသွား တာကို တွေ့ရတယ်။တံတားက ကားလမ်းရော ရထားလမ်းရော တွဲပြီးဆောက်ထားတာပါ။ အဲဒီတံတားကိုပူတင်က ယူကရိန်းကိုသိမ်းဖို့ အကြံနဲ့ဆောက်ခဲ့တာလည်းပါတယ်။ ၂၀၂၂ ဖေဖေါ်ဝါရီ ၂၄ မှာရုရှားက ယူကရိန်းကို ကျူးကျော်တော့ အဲဒီ Kerch တံတားက ရထားလမ်းတွေကို သုံးပြီးစစ်လက်နက်တွေ မျိုးစုံကို ရုရှား နိုင်ငံထဲကနေ ခရိုင်းမီးယားကို ပို့နေတာ ဖြစ်တယ်။ခရိုင်းမီးယားကနေတစ်ဆင့် ယူကရိန်းတောင်ပိုင်း (Kherson, Zaporizhzhia) မှာနေရာယူ ထားတဲ့ ရုရှားတပ်ဖွဲ့ဝင်တွေဆီကို လက်နက် ဆက်ပို့တာပေါ့။ရုရှားထောက်လှမ်းရေးတွေ စုံစမ်းတော့ အဲဒီဗုံးခွဲတဲ့သူတွေက ယူကရိန်းအထူးအဖွဲ့ နဲ့ရုရှားလူမျိုးရော အခြားနိုင်ငံတွေ နိုင်ငံသားတွေပါ စုပေါင်း ဗုံးခွဲခဲ့တာလို့ သိရပြီးကြေညာလိုက်တယ်။

ယူကရိန်းတို့က သူတို့တွစ်တာမှာ ဒီလို ရေးကြတယ်။
“ ❝အတော်လှတဲ့ လောင်ကျွမ်းမှုကြီးပဲ”
“ ❝ဒါ အစပဲ ရှိသေးတယ်”
“ ❝တရားမ၀င်တဲ့အရာအားလုံးကို ဖျက်ဆီးပစ်ရမယ်၊ ခိုးယူထားတဲ့အရာအားလုံးကိုယူကရိန်းဆီ ပြန်ပေးရမယ်၊ ရုရှားက သိမ်းပိုက်ထားတဲ့ အရာအားလုံးကို ဖယ်ထုတ်ပစ်ရမယ်” ပင်လယ်ထဲကျသွားတဲ့ တံတားအပိုင်းကို အသစ်နဲ့ပြန်အစားထိုးတည်ဆောက်ဖို့နဲ့မီးလောင်ပြီး ပြုတ်ကျသွားတဲ့ ရထားလမ်းကို ပြုပြင်ဖို့ဆိုတာ သိပ်မကြာလောက်ပါဘူး။ အဲဒါကအဓိကမဟုတ်ဘူး။ အဓိက မက်ဆေ့ချ်က အဲဒီတံတားကြီးအထိ ယူကရိန်းဘက်ကဗုံးခွဲနိုင်တယ်ဆိုတဲ့ ယူကရိန်းရဲ့ အချက်ပြမှုပဲ။

ပင်လယ်ထဲမှာ မီးတွေလောင်နေသလို ပူတင့်ရင်ထဲမှာလည်း လောင်ကျွမ်းနေမှာ အသေအချာပဲ။ အခုဆို ပူတင်က ယူကရိန်းကို အတော်ဒေါပွပြီး ဖိတိုက်တော့မှာဖြစ်တယ်။ ဒါကိုယူကရိန်း ဘက်ကလည်း တွက်ထားပြီးသားပါ။စစ်ပွဲအတွင်းမှာ ယူကရိန်းက ရုရှားစစ်သင်္ဘောအတော်များများကို ဖျက်ဆီးခဲ့ပြီးပြီ။ ရုရှားတို့ရဲ့ သင်္ဘောသား ၅၁၀ ဦးပါတဲ့ ပဲ့ထိန်းဒုံးကျည်ခရူဆာကို နစ်မြုပ်နိုင်လိုက်တာဆိုအအောင်မြင်ဆုံးပေါ့။ ရုရှားဆိုတာ လူဦးရေ သန်း ၁၄၀ ရှိတဲ့ နျူကလီးယား ပါဝါနိုင်ငံ၊ယူကရိန်းက လူဦးရေသန်း ၄၀ ပဲရှိတဲ့ နိုင်ငံ။ ဘာလို့ စစ်ပွဲတွေမှာ ယူကရိန်းကအနိုင်ရနေတာလဲဆိုတော့ အဓိကက စိတ်ဓာတ်ကြောင့်ပဲ ဖြစ် ပါတယ်။ စိတ်ဓာတ်ခိုင်မာရင်ဘာမဆိုဖြစ်နိုင်တယ်။

၂၀၂၃ ငါတို့လည်း ညီစေနော်။

မရွှေမိုး- ကိုရီးယား

​​References: Huge explosion destroys part of bridge linking Russia and Crimea by Leila Sackur