မပြီးသေးဘူး … ငါတို့အလှည့် ကျန်သေးတယ်

(၃၈)

အနောက်မြောက်ဒေသကြီးတစ်ခုလုံး ထိန်းချုပ်စိုးမိုးအဆင့်ကနေ လွတ်မြောက်နယ်မြေအဖြစ်တက် လှမ်းတော့မယ့် လာမယ့်ပွင့်လင်းရာသီ ထိုးစစ်တွေဟာ ကာလကြာရှည် ကပ်ပါးပိုးကောင်လိုအတွင်းလှိုက်စား နေတဲ့ ဖက်ဆစ်မြန်မာစစ်တပ်ရဲ့ စစ်ပဒေရာဇ်တိုင်းပြည်ဟောင်းတစ်ခု ချုပ်ငြိမ်းသွားဖို့ဦးတည်နေပါတယ်။ ရခိုင်၊ ချင်း၊ ကချင်၊ စစ်ကိုင်း၊ မကွေးဒေသကြီးတခုလုံးတစ်ဆက်တစ်စပ်တည်းရှိနေတဲ့ ဒီအနောက်မြောက်ဒေသကြီး ဟာ ဖက်ဆစ်မြန်မာစစ်တပ်တွေလက်လွှတ်ဆုံးရှုံးရတော့မယ့် လွတ်မြောက်ဒေသကြီးတစ်ခုအဖြစ်ကို ကူး ပြောင်းတဲ့အခါမှာဒီတိုင်းပြည်ကို အစစ်အမှန် ဘယ်သူ ကိုယ်စားပြုသလဲဆိုတဲ့ မေးခွန်းအတွက် သံခင်းတမန် ခင်းဆိုင်ရာ
ဂယက်ကြီးထသွားပါလိမ့်မယ်။

မုံရွာနဲ့စစ်ကိုင်းကို ဦးတည်နေတဲ့ ရွှေဘိုလွင်ပြင်ထဲက ERO/ PDF တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ကသုံးလုံး နယ်မြေမှာ ဖက်ဆစ်စစ်တပ်ဟာ အသည်းအသန် ခုခံနေရပါတယ်။အနောက်မြောက်လွင်ပြင်မှာလည်း တမူး-ကလေးကနေ ယောနယ်၊ ချင်းတောင်တန်းအပါအဝင်ပခုက္ကူတကြောဟာ အရပ်သားပြည်သူတွေရှိရာ ကျေးရွာ တွေထဲ လေကြောင်းပစ်ကူတွေနဲ့စစ်ကူတွေချပြီး လူသားမျိုးနွယ်ကို ဆန့်ကျင်တဲ့ ရာဇဝတ်မှုတွေကို ဖက်ဆစ် တွေ ကျူးလွန်နေပါတယ်။မောင်တောက ဝေလာတောင်ကြော လေကြောင်းနဲ့ပစ်တာ၊ သမိုင်းဝင် ယဉ်ကျေးမှု အမွေအနှစ်တွေရှိရာမြောက်ဦးကို ဓားစာခံလုပ်ပြီး ဖက်ဆစ်တွေဟာ ခြိမ်းခြောက်နေပါတယ်။ ခုခံစစ်ပွဲ စတင် ကြောင်း ကြေညာတာ တစ်နှစ်တင်းတင်းပြည့်တဲ့အချိန်မှာပဲ ဖက်ဆစ်တပ်တွေက တိုင်းပြည်ကို ၂၂ ရာခိုင်နှုန်းလောက်ပဲ ထိန်းချုပ်ထားနိုင်တယ်ဆိုတဲ့ အချက်အလက်တွေ ထွက်လာပါပြီ။

ဝေဒနာနဲ့မပြောဘဲ ဒေတာနဲ့ပြောကြရအောင်ဆိုရင်လည်း တိုင်းပြည်ကိုနွေဦးတော်လှန်ရေးအင်အားစု တွေက ဘယ်လောက်အင်အားကောင်းကောင်းနဲ့ ထိန်းချုပ်စိုးမိုးနေသလဲဆိုရာကနေ လွတ်မြောက်ဒေသအဖြစ် ဘယ်လို တွန်းလှန်ထိုးစစ်ဆင်နွှဲကြမလဲ ဆိုတဲ့အဆင့်ကိုစပြီးစဉ်းစားဖို့ လိုလာပါတယ်။ လာမယ့် စက်တင်ဘာ၊ အောက်တိုဘာအတွင်းအနောက်မြောက်ဒေသကြီးဟာ တိုင်းပြည်သစ်တစ်ခု မွေးဖွားခြင်းရဲ့ နိဒါန်းလို့ ဆိုရပါ မယ်။အရှေ့တောင်ဒေသကြီးကလည်း ဗျူဟာမြောက်ခြေလှမ်းတွေနဲ့ ပဲခူး၊တောင်ငူလမ်းကြောင်းတစ်လျှောက် တပ်ဖြန့်ကျက်မှုတွေနဲ့ သိသိသာသာ လုပ်ကိုင်ဆောင်ရွက်နေပြီမို့မကြာမီ နေပြည်တော်နဲ့အနီးတဝိုက် မိုးသက် လေပြင်းကျရောက်ပြီး လေတိုက်နှုန်းကတော့ တစ်နာရီ မိုင်၂၀၀ ကျော်ပြင်းအားနဲ့ မိုးလေဝသကို ခန့်မှန်းကြည့်နိုင်ပါတယ်။

ရန်သူဘက်ကလည်း အခုရင်ဆိုင်နေရတဲ့ အကျပ်အတည်းဟာ တကယ့်ခြိမ်းခြောက်မှုဆိုတာနားလည် လက်ခံနေကြပြီး ယမ်းပုံမီးကျ ရေကုန်ရေခမ်းတိုက်ဖို့ စစ်ကို အရှိန်ပြင်နေပါတယ်။မုတ်သုန်ရာသီကုန်ဆုံးပြီး ပွင့်လင်းရာသီထိုးစစ်မှာ ဘက်နှစ်ဖက်စလုံးက အဖက်ဖက်ကပြင်ဆင်နေကြပါတယ်။ ဒီအခြေအနေအောက် ကနေ တိုင်းပြည်သစ်တစ်ခု မွေးဖွားလာမယ့်လူထုရဲ့တော်လှန်ရေးကို အသိအမှတ်ပြုကြဖို့ ဆော်သြမှုတွေ ပလူပျံနေပြီး ဖက်ဆစ်တပ်ဟာပြိုကွဲပျက်စီးမယ့် မျိုးစေ့နဲ့အတူ ဇီဝိန်ချုပ်ရမယ့် အရေးကြီးတဲ့အချိန်ကို ရောက် လာပါပြီ။

ခုခံစစ်စတင်ကြောင်း ကြေညာချိန်က တော်လှန်ရေးအင်အားစုတွေမှာ ရှိနေတဲ့ အခြေအနေတွေဟာအဖက်ဖက်က တိုးတက်မှုတွေ ရှိလာပါတယ်။ ခေတ်မီတဲ့ စစ်လက်နက်ခဲယမ်းမီးကျောက်တွေတပ်ဆင်နိုင်တာ၊ စစ်လက်နက်ပစ္စည်းတွေကို ကိုယ်တိုင်ထုတ်လုပ်တာနဲ့ တပ်ဆင်တာတွေနဲ့အတူစုစည်းမှုရှိတဲ့ စစ်ရေးအမိန့် ကွပ်ကဲမှုတွေ စနစ်တကျတည်ဆောက်ထားနိုင်တဲ့ ရန်သူကိုခြိမ်းခြောက်နိုင်တဲ့ တကယ့်အင်အားကို လက်ဆုပ် လက်ကိုင်နဲ့ ရနေပါတယ်။ မင်းပေါင်းစုံတဲ့အရပ်တွေမှာ ညီညွတ်မှုအင်အားနဲ့ လွတ်မြောက်ခြင်းကိုကိုယ်တိုင်ဖန်တီးထုဆစ်ကြရ တော့မယ့် ကာလအပိုင်းအခြားကို ရောက်လာပြီမို့ နွေဦးတော်လှန်ရေး ၁၈ လကာလကို ချဉ်းနင်းဝင်လာချိန်မှာ ခရာတုတ်သံတွေ ကြားရပါပြီ။ ရန်သူဟာ စေ့စပ်ညှိနှိုင်းပြီးတော့ရော၊အညံ့ခံပြီးတော့ရော ရင်ဆိုင်မှာမဟုတ်ဘဲ သူသေကိုယ်သေ ရေကုန်ရေခမ်း ထိပ်တိုက်တိုးရင်ဆိုင်ဖို့ဆုံးဖြတ်ပြင်ဆင်ထားပါတယ်။ ဖက်ဆစ်တွေပြိုကွဲ ပျက်စီးတာနဲ့ ဟောင်းနွမ်းဆွေးမြေ့နေတဲ့တိုင်းပြည်ဟောင်းတစ်ခုပါ ချုပ်ငြိမ်းသွားမှာ သေချာပါတယ်။ ပြည်သူ တွေကို စစ်ကြေညာခဲ့တဲ့ဖက်ဆစ်တွေကို အခုတော့ ပြည်သူတွေက စစ်ကြေညာလိုက်ပါပြီ။ ရောဂါရဲ့မူလ ဇာစ်မြစ်ကိုနားလည်သဘောပေါက်သွားတဲ့အချိန်မှာ လက်နက်ကိုင်တော်လှန်ရေးကို ပြည်သူ သန်းပေါင်းများစွာ ကအတွေးအခေါ်ကျကျ လက်ခံပြီး တစ်ချောင်းတည်းသော စိတ်ဓာတ်နဲ့ အနိုင်မခံ၊ အရှုံးမပေးစတမ်းရင်ဆိုင်နေ ကြပါပြီ။ကျနော်တို့ ဘဝတစ်သက်တာမှာရော ဖက်ဆစ်တွေကိုယ်တိုင် သူတို့အနှစ် ၆၀ လုံးလုံးမောင်ပိုင်စီးထား တဲ့ တိုင်းပြည်မှာရော ရင်ဆိုင်နေရတဲ့တော်လှန်ရေးကြီးက အသစ်ကျပ်ချွတ်ကြီးပါ။

လာမယ့် ၂၀၂၃ မှာ ကျနော် တို့အားလုံး အိမ်ပြန်နိုင်ကြဖို့၊ နွေဦးတော်လှန်ရေး အပြီးသတ်အောင်ပွဲခံဖို့နဲ့ရရှိထားတဲ့ အမျိုးသားညီညွတ်မှုကြီး ကနေ နှစ်ထောင်ချီတဲ့ ပဒေသရာဇ်စနစ်ကြီးကို အပြီးတိုင်ဖြိုလှဲချပစ်ဖို့က ကျနော်တို့အားလုံးအတွက်လည်း သေရေးရှင်ရေးကိစ္စပါပဲ။ နောက်ပြန်လှည့်လို့မရတဲ့ဆုံမှတ်ကို ကျော်လွန်သွားကတည်းက ဒီစစ်ပွဲဟာမီးကုန်ယမ်းကုန်တိုက်ရမယ့် ပွဲဖြစ်နေပြီဆိုတာ ဘဝပေးအသိအရ နားလည်နေကြပါတယ်။တိုက်ပွဲမဖြစ်တဲ့နေရာတွေကို လေကြောင်းနဲ့ ဝင်တိုက်နေကတည်းက တော်လှန်ရေးတပ်ဖွဲ့တွေကိုဖက်ဆစ်တွေ ဖရိုဖရဲရင်ဆိုင်နေတာ၊ စိတ်ဓာတ် မကြံ့ခိုင် တာနဲ့ အလွယ်တကူ စခန်းတွေကိုစွန့်ခွာထွက်ပြေးတာ၊ တပ်ရင်းထဲမှာပဲ ပိတ်မိပြီး မည်းမည်းမြင်ရာ ပစ်ခတ် နေတာတွေဟာရန်သူရဲ့ဖြစ်ပျက်နေတဲ့ ပကတိအခြေအနေပါပဲ။

သူ့မှာ လက်နက်အားနဲ့ စုစည်းအားရှိတယ်ဆိုပေမဲ့ ဒီအချက်နှစ်ချက်နဲ့ စစ်အောင်နိုင်ရေးကိုဖန်တီးဖို့ ဆိုတာ မဖြစ်နိုင်ပါဘူး။ စစ်ရေးသုတေသီတွေကတော့ သူမသာ၊ ကိုယ်မသာတပိန်ပိန်တလိမ်လိမ်နဲ့ ခရီးဆက်ဦး မယ်လို့ မှက်ချက်တွေပေးနေပေမဲ့ ဘယ်သူ့ကမှမြေပြင်ရဲ့အနေအထားတွေကို အသေးစိတ် မသိနိုင်ကြပါဘူး။ ကိုယ့်မှာရှိတဲ့ ဒေတာနဲ့ ကိုယ့်ပုစ္ဆာကိုယ်တွက်နေကြတာမို့ ခန့်မှန်းမှုမှန်သမျှဟာ စိုးရိမ်ပူပန်မှုအဆင့်မှာပဲ ရှိကြပါတယ်။ မြေပြင်ကအချက်အလက်တွေကိုလည်း ရာနှုန်းပြည့်ယုံကြည်လို့ မရသေးဘူးဆိုရင်လည်း လှုပ်ခတ်လာနေတဲ့စစ်ခုံကြီးတွေရဲ့ဟန်ချက်နဲ့ ရွှေ့ကွက်တွေက တစ်ကွက်ချင်းပုံဖော်သွားတာကိုသာ ဆက်စပ်ပြီးရုပ်ပုံကားချပ်ကြီးတစ်ခုရဖို့ ပုံဖော်ကြမှာပါပဲ။ ဘာပဲဖြစ်ဖြစ် ခုခံတွန်းလှန်ထိုးစစ်ကြီးကမြေပြင်အနေအထားတွေ အားလုံးကို ကပြောင်းကပြန် ဖြစ်သွားစေမှာကတော့ အမှန်ပါပဲ။

(၃၉)

လွတ်လပ်တဲ့ အချုပ်အခြာအာဏာပိုင်ခွင့်ရှိရေးအတွက် အဆုံးအဖြတ်တိုက်ပွဲကာလ ရောက်ပြီလို့ရက္ခိုင့်တပ်တော်ရဲ့ ဒုတိယခေါင်းဆောင် ကြေညာပြီးချိန်မှာ စစ်မျက်နှာပေါင်းစုံဖွင့်ထားရတဲ့ မြန်မာဖက်ဆစ် စစ်တပ်က သူလက်လွှတ်မခံနိုင်တဲ့အတွက် မီးကုန်ယမ်းကုန်တိုက်ရဖို့အခြေအနေတွေ ဖန်တီးလာပါတယ်။ မောင်တောကို ရက္ခိုင့်တပ်တော် လုံးဝထိန်းချုပ်နိုင်တဲ့အနေအထား မကြာခင် ရောက်လာမှာမို့ ပထဝီနိုင်ငံရေး အရ အရေးပါပြီး အချက်အချာကျတဲ့ရခိုင်ပြည်ကို မဖြစ်မနေ ထိတွေ့ဆက်ဆံရတော့မယ့် အိန္ဒိယ၊ ဘင်္ဂလား ဒေ့ရှ်နဲ့ တရုတ်အစိုးရတို့ဟာနိုင်မယ့်မြင်းကို လောင်းကြေးပုံအောရပါ‌တော့မယ်။

ကုလားတန်ဘက်စုံစီမံကိန်း အောင်မြင်ဖို့အတွက်ဆိုရင် အိန္ဒိယဟာ ရက္ခိုင်ပြည်သူ့အစိုးရ(အေအေ)နဲ့ မဖြစ်မနေ ဆက်ဆံရပါမယ်။ နယ်စပ်ကုန်သွယ်ရေးကောင်းဖို့နဲ့ရိုဟင်ဂျာပြည်သူတစ်သန်းကျော် ဂုဏ်သိက္ခာ ပြည့်ပြည့်နဲ့ နေရပ်ပြန်နိုင်ဖို့တို့အတွက်ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ ရက္ခိုင်ပြည်သူ့အစိုးရနဲ့ မဖြစ်မနေ အသိအမှတ်ပြု ဆက်ဆံဖို့လိုတယ်မဟုတ်ပါလား။ ကျောက်ဖြူရေနက်ဆိပ်ကမ်းနဲ့ ရေနံ-ဓာတ်ငွေ့ပိုက်လိုင်းဟာ အိန္ဒိယသမုဒ္ဒရာ ကိုတိုက်ရိုက်ပေါက်မယ့် တရုတ်ရဲ့အမျိုးသားအကျိုးစီးပွား ဖြစ်ပါတယ်။ အိမ်နီးချင်း ၃ နိုင်ငံရဲ့မဟာဗျူဟာ‌ မြောက်တဲ့ အကျိုးစီးပွားတွေကို အာမခံ ကာကွယ်နိုင်မယ့် အိမ်နီးချင်းအစိုးရတစ်ရပ်ဟာမကြာခင် မွေးဖွား သန့် စင်ပါတော့မယ်။ ရက္ခိုင်ပြည်မြောက်ပိုင်းကို ရက္ခိုင့်တပ်တော်က အပြည့်အဝထိန်းချုပ်ထားနိုင်ရေး ရက္ခိတ အိပ် မက်အတွက် သမိုင်းမှာ ကြီးမားပြင်းထန်တဲ့မီးကုန်ယမ်းကုန်တိုက်ရမယ့် စစ်ပွဲကြီးက ကျနော်တို့အိမ်ပေါက်ဝ ရှေ့ကနေ ဖြတ်သွားခဲ့ပါပြီ။စစ်သည်အင်အား ၃ သောင်းကနေ ၅ သောင်းကြားရှိဖို့ ကြိုးစားနေပြီး ရခိုင်ပြည်တစ်ခုလုံးကိုထိန်းချုပ် နိုင်ဖို့ဆိုရင် အင်အား ၇ သောင်းလောက်ရှိဖို့ လိုတယ်လို့ ရက္ခိုင့်တပ်တော်ခေါင်းဆောင်ဗိုလ်ချုပ်ထွန်းမြတ်နိုင် ကိုယ်တိုင် ပြောခဲ့ပါတယ်။ ရန်သူဖက်ဆစ်တွေရဲ့ အင်အားအတိအကျသူတို့ကိုယ်တိုင်တောင် မသိနိုင်ပေမဲ့ ခုခံစစ် တစ်နှစ်အတွင်း အင်အား ၂ သောင်းကျော်ပြုန်းတီးသွားတာနဲ့ရက္ခိုင်၊ ချင်း၊ မကွေး၊ စစ်ကိုင်း၊ ကချင်၊ ရှမ်း၊ ကရင်နီ၊ ကရင်ဒေသတွေအနှံ့ မြန်မာဖက်ဆစ်အင်အားကမဆန့်ရင်ကန် ဖြန့်ကျက်ထားရလို့ တစ်နေရာမှာ အင်အား သောင်းချီမသုံးနိုင်လောက်အောင်အရင်းအမြစ်က ယုတ်လျော့နေပါတယ်။ ခန့်မှန်းခြေ ၈ သောင်းနဲ့ တစ်သိန်းကြားရှိမယ့် ဖက်ဆစ်တွေဟာအခုဆို ၆ သောင်းနဲ့ ၈ သောင်းကြား ရှိမယ်ဆိုရင် ရက္ခိုင်ပြည်ကိုပို့ထား တဲ့ မြန်မာဖက်ဆစ်အင်အားကတစ်သောင်းနီးပါး ရှိနေပါတယ်။

ရန်သူက ရက္ခိုင်ပြည်ကို ဘယ်လိုမှ လက်လွှတ်မခံနိုင်ဘူးဆိုပြီး အပြင်းအထန်အင်အားသုံးဖို့ပြင်ပြီ ဆို ရအောင် စစ်ဒေသ ၁၊ ၂၊ ၃ ခုစလုံးမှာလည်း စစ်ခရာတွတ်သံတွေကကျယ်ကျယ်လောင်လောင် ထွက်လာနေပါ ပြီ။ မြန်မာဖက်ဆစ်စစ်တပ်ဟာ ဒုတိယရက် ၁၀၀ ထဲမှာဘယ်လိုအခြေအနေတွေ ရင်ဆိုင်ရမလဲဆိုတာ ဝေဒ ပညာရှင်တွေတောင် လက်တန်းပြောနိုင်တဲ့အနေအထားမျိုးရောက်နေပြီ မဟုတ်ပါလား။ ရက္ခိုင်ပြည်သူ့အစိုးရ၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ ဝ၊တအာန်း၊ ကရင်နီ စတဲ့သူတွေရဲ့ လွတ်မြောက်တဲ့ မြေနဲ့တိုင်းပြည် သစ်တွေ ပေါ်ထွက်လာနိုင်တာမို့အဟောင်းတစ်ခု ဘယ်လိုနိဂုံးချုပ်သွားမလဲ ပီပီပြပြင် မဟုတ်ဘဲ ဖြစ်နေချိန် အသစ်တွေပေါ်ထွက်လာတာကို သေသေချာချာ မြင်ရပါတော့မယ်။

ချင်း၊ မကွေး၊ စစ်ကိုင်း၊ ကချင်တခွင်လုံး လွှမ်းခြုံတဲ့ ဧရာဝတီမြစ်အနောက်ဘက်တကြောကစစ်ဒေသ (၁)ဟာ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ထိန်းချုပ်မှုအောက်နေပြီးလုံးဝလွတ်မြောက်တဲ့နယ်မြေအဖြစ် ကြေညာ လိုက်တဲ့အခါ နိုဝင်ဘာမှာ ဒီတိုင်းပြည်ရဲ့တရားဝင်ကိုယ်စားပြုမှုကိစ္စ အာဆီယံနဲ့ ကုလသမဂ္ဂဟာ နောက်ထပ် ခေါင်းခဲစရာကြီး ဝင်ဆောင့်မှာကိုပြင်ဆင်ထားရမယ့်အချိန် ရောက်လာပါပြီ။ တရားဝင်ကိုယ်စားပြုမှု လိပ်ခဲ တည်းလည်းပြဿနာမဖြေရှင်းနိုင်တဲ့အပြင် အချုပ်အခြာအာဏာဆိုင်ရာ မေးခွန်းတွေ တသီတတန်းကြီး ပေါ် လာတဲ့အခါ နိုင်ငံ၄-၅ ခုလောက် အနည်းဆုံး မွေးဖွားလာနိုင်ပါတယ်။ နွေဦးတော်လှန်ရေးမှာ ပေါင်းစည်းမိသွား တဲ့အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲဝင် အင်အားစုတွေဟာ လွတ်မြောက်သွားတဲ့ တိုင်းပြည်တွေနဲ့ မလွတ်မြောက်သေးတဲ့ဒေသမှာ မြန်မာဖက်ဆစ်စစ်တပ်ကို အပြီးတိုင်ချေမှူန်းဖို့ဆိုတဲ့ စစ်အောင်နိုင်ရေးပထမရည်မှန်း ချက်ကို ပထမအကောင်အထည်ဖော်ရပါမယ်။

စစ်အောင်နိုင်ရေးပန်းတိုင် နီးကပ်လာတာနဲ့အမျှ လွတ်မြောက်သွားတဲ့တိုင်းပြည်တွေမွေးဖွားကြပါမယ်။ ဖက်ဆစ်မြန်မာစစ်တပ်ကို အပြီးတိုင် ချေမှုန်းနိုင်ပြီဆိုတဲ့အခါကျနော်တို့အားလုံးဟာ အမျိုးသားပြန်လည် သင့် မြတ်ရေးဆိုတဲ့ လမ်းကြောင်းပေါ်ကနေတန်းတူညီမျှမှုကို အခြေခံတဲ့ နိုင်ငံရေးအရ ပေါင်းစည်းမှုကို လုပ်ကြရပါ မယ်။ အခုဆို ပထမရက် ၁၀၀ ကုန်လွန်တဲ့ ရက်ပေါင်း ၆၀၀ ကို ရောက်လာပါပြီ။ ဒီအချိန်မှာ ရက္ခိုင်ပြည်လွတ် မြောက်ရေးလမ်းစဖြစ်တဲ့အဆုံးသတ်တိုက်ပွဲအတွက် ရက္ခိုင့်တပ်တော်ဟာ ပလက်ဝနဲ့မောင်တောမှာ ဖက်ဆစ် စခန်းတွေကိုတစ်ခုပြီးတစ်ခု သိမ်းပိုက်လာခဲ့တာ အခုဆို မောင်တောခရိုင်တစ်ခုလုံး ဖက်ဆစ်စခန်း ၄ ခုကို သိမ်းပိုက်နိုင်ရင်တော့ အေအေအတွက် ပထဝီနိုင်ငံရေးအကွက်တွေကို ရွှေ့ဖို့အတွက် လွတ်မြောက်ဒေသရသွားပါ မယ်။

အနောက်မြောက်လွင်ပြင်နဲ့ ရွှေဘိုလွင်ပြင်ထဲမှာ ခရိုင်ကွပ်ကဲရေးမှူးတွေ ကြီးကြပ်တဲ့ PDFအင်အား ၅ သောင်း၊ သိန်းချီတဲ့ ပကဖနဲ့ဒေသန္တရ LDF တွေနဲ့ Chain-of-Command ကိုတည်ဆောက်ရင်းရန်သူ့ကို ထောက်ပို့ရိက္ခာ၊ စစ်ကူသတင်း စတာတွေ ဖြတ်တောက်ပြီး ပတ်ပတ်လည် ပိတ်ဆို့နေပါတယ်။ရန်သူဖက်ဆစ် တွေဟာ ကုန်းကြောင်းကနေ နေရာရွှေ့စစ်တိုက်လို့ ဘယ်လိုမှမရတော့ဘဲလေကြောင်းကနေ လူချ၊ ဒုံးလက်နက် တွေနဲ့ ပစ်ခတ်တာကိုပဲ သည်းသည်းမည်းမည်းလုပ်နေရတော့တယ်။ ကသုံးလုံးနယ်မြေကနေ ဒီပဲယင်း၊ ရေဦး၊ ခင်ဦးတစ်ဝိုက် မြင်းခွာသံတွေ ရွှေ့လာပြီးရွှေဘိုလွင်ပြင်နဲ့ အနောက်မြောက်လွင်ပြင်ကလည်း လွတ်မြောက်တဲ့ တိုင်းပြည်တခုအဖြစ်မွေးဖွားဖို့အတွက် ခြေလှမ်းလာနေပါပြီ။

ဒီအချိန်မှာ စစ်အောင်နိုင်ရေးကို ဦးဆောင်နေတဲ့ KIA/AA/CNF/TNLA/MNDAA/KA/KNLA စတဲ့လူမျိုးစုတော်လှန်ရေး အင်အားစု အချင်းချင်းကြားမှာလည်း ကိုယ့်စစ်ဒေသအလိုက် ကိုယ်တာဝန်တွေခွဲဝေ ထားပြီး FPNCC ဖယ်ဒရယ်ကော်မတီဝင် ၇ ဖွဲ့စလုံး မိုင်းလားမှာတွေ့ဆုံခဲ့ကြတဲ့အချက်က မင်းပေါင်းစုံတဲ့ ရှမ်းပြည်မှာလည်း စစ်အောင်နိုင်ရေးထဲ ပါဝင်လာဖို့ရောင်ခြည်သမ်းနေပါတယ်။ ဒီတိုင်းပြည် တည်ငြိမ်မှု မရှိ တော့ဘူးလို့ တရုတ်အစိုးရအာဘော်ကနေတရားဝင်ပြောထားပါတယ်။ ဒီတိုင်းပြည်တည်ငြိမ်မှုကို မြန်မာ ဖက်ဆစ်စစ်တပ်က မလုပ်နိုင်ဘူးဆိုတာသေချာရင် တည်ငြိမ်အောင်လုပ်မယ့်အင်အားစုက ဘယ်သူတွေလဲ ဆိုတာကောင်းကောင်းသိကြပါတယ်။ တရုတ်အစိုးရနဲ့ နီးနီးကပ်ကပ်ထိတွေ့ဆက်ဆံရတဲ့ ဖယ်ဒရယ်ကော်မတီဝင် ၇ ဖွဲ့စလုံးမှာ မြောက်ပိုင်းမဟာမိတ်အဖွဲ့ ၄ ဖွဲ့က နွေဦးတော်လှန်ရေးကို ဦးဆောင်ကူညီနေပြီး ကျန် SSPP/ NDAA/ UWSA သုံးဖွဲ့ဟာ ကူညီနေပါတယ်။

နောက်ထပ် ရက် ၁၀၀မှာ ကျနော်တို့မြင်ယောင်ကြည့်လို့ ရနိုင်တာကတော့ ကျနော်တို့ရဲ့နွေဦးတော်လှန် ရေးကို ပုံအော ထောက်ပံ့ခြင်းလား၊ တစ်စိတ်တစ်ပိုင်းဆီလွတ်မြောက်သွားတဲ့တိုင်းပြည်တွေအလိုက် အစိုးရ အချင်းချင်း ထိတွေ့ဆက်ဆံကြတာလား၊ တရုတ်-အိန္ဒိယအပါအဝင် အာဆီယံက မြန်မာဖက်ဆစ်စစ်တပ်နဲ့ လုံးဝ အဆက်ဖြတ်လိုက်မလားဆိုတာတွေဖြစ်ကောင်းဖြစ်လာနိုင်မှာပါ။ အခုရောက်လာတဲ့ ပွင့်လင်းရာသီဟာ နွေဦး တော်လှန်ရေးရဲ့အောင်ပွဲရဲ့အစလို့ ပြောနိုင်ပါတယ်။ ဂျပန်ဖက်ဆစ်စစ်တပ်ကြီး ဒီတိုင်းပြည်မှာ မဟာမိတ်တွေကို ဘယ်လိုစစ်ရှုံးပြီးအလူးလူးအလဲလဲ ဆုတ်ခွာသွားရသလဲ ကျနော်တို့သိထားတာမို့ မြန်မာဖက်ဆစ်စစ်တပ် ပြိုကွဲပျက်စီးမှုတွေဟာ ကျနော်တို့အားလုံးရဲ့ ရောင်နီပါပဲ။

ကျနော်တို့ဟာ ကယ်ပါယူပါ တစာစာအော်ရတဲ့ဘဝကို အဆုံးသတ်လိုက်ကြပါတော့။ ကျနော်တို့အချင်းချင်းရဲ့ ငါတို့မှာ ငါတို့ပဲရှိတယ် ဆိုတဲ့ နိုင်ငံတော်သီချင်းနဲ့ ဂုဏ်သိက္ခာရှိရှိအသစ်တဖန်ပြန်မွေးဖွားရမယ့် အခွင့်အရေးက ကျနော်တို့လက်ထဲမှာပဲ ရှိတာပါ။ ကျနော်တို့နိုင်တဲ့အခါကျနော်တို့ ဘယ်လိုရုန်းကန်ခဲ့ရသလဲ ဆိုတာကပဲ ကျနော်တို့ကို တန်ဖိုးဖြတ်ပေးတာပါ။

(၄၀)

မနှစ် စက်တင်ဘာ ၇ရက်က စတင်ခဲ့တဲ့ ခုခံစစ်ပွဲ တနှစ်ပြည့်ချိန်မှာပြောက်ကျားစစ်ဗျူဟာရဲ့ ရန်သူဖက်ဆစ်တွေနဲ့ အင်အားချိန်ခွင်လျှာ ထိန်းညှိထားနိုင်တဲ့အဆင့်ကိုရောက်နေပြီဆိုတာ မြေပြင်က အချက်အလက်တွေ၊ သုတေသီတွေရဲ့အစီရင်ခံချက်တွေအပါအဝင် NUG ဘက်ကပါ တိုင်းပြည်ထက် ဝက်ကျော်ကိုထိန်းချုပ်စိုးမိုးထားနိုင်ပြီဆိုတာ မြင်ရပါပြီ။ အခုတော့ အောက်တိုဘာ ၇ရက်ကနေတစ်နှစ်အတွင်း “လွတ်လပ်ရေး” ဆိုတဲ့ One Year Plan ဟာ ကချင်၊ ကရင်နီ၊ ကရင်၊ ချင်း၊ရက္ခိုင်၊ တအာင်း(ပလောင်)၊ ကိုးကန့်နဲ့ ABSDF ကျောင်းသားတပ် ERO ၈ဖွဲ့နဲ့အတူတော်လှန်ရေးအင်အားစု တစ်ခုလုံး အခိုင်အမာပြင်ဆင်ထားတဲ့ အစီအစဉ်ဖြစ်ပါတယ်။နောက်ဆုံးအဆင့်၊ နောက်ဆုံး အပြီး သတ်တိုက်ပွဲဆိုတာ ရက္ခိုင်တပ်တော်ခေါင်းဆောင်ကဖယ်ဒရယ်ကော်မတီဝင် လူမျိုးစုလက်နက်ကိုင် တော်လှန်ရေးအင်အားစု ၇ ဖွဲ့နဲ့မိုင်းလားမှာတွေ့ဆုံပြီး ပထမဆုံး ထုတ်ပြောခဲ့ပါတယ်။

အခုတော့ နွေဦးတော်လှန်ရေးရဲ့ စစ်ရေးဦးဆောင်မှုကို တာဝန်ယူနေကြတဲ့ ERO တွေနဲ့တော်လှန်ရေးအစိုးရ၊ ကာကွယ်ရေးတပ်အင်အားစုတွေအားလုံးကြား ခိုင်မာတဲ့အမျိုးသားညီညွတ် ရေးကို အခြေခံပြီး ရန်သူဖက်ဆစ်အင်အားစုကို အမြစ်ဖြုတ်မယ့်စစ်အောင်နိုင်ရေးဟာ တိကျတဲ့ ကာလအပိုင်းအခြားတစ်ခုနဲ့ ဆင်နွှဲဖို့ ကြေညာလိုက်ပါတယ်။အစအလယ်အဆုံး ရုပ်ပုံကားချပ်ကြီး တစ်ခုလုံးကို ရှုထောင့်အသီးသီးကနေ စေ့စေ့ငုငုသုံးသပ်နိုင်ပြီဆိုရင်တော့ ၂နှစ်ကြာတဲ့ တော်လှန်ရေး ဟာ ကမ္ဘာမှာတစ်ခါမှမရှိသေးဘူးလို့တောင် ဆိုရမှာပါ။ မော်စီတုံးရဲ့ ပြောက်ကျားစစ်ဗျူဟာအရကျေးလက်ကို အခြေခံ မြို့ကို ဝိုင်း၊ ရန်သူ့အင်အားကို တတိတိပြုန်းတီးစေပြီးချိနဲ့တပ်ပျက်သွားစေတဲ့ အနေအထားကို ကျနော်တို့ ပြီးခဲ့တဲ့ လပေါင်း ၂၀ အတွင်းရောက်ခဲ့တဲ့အနေအထားကို ကျနော်တို့ ရဲရဲကြီး ပြန်ကြည့်တဲ့အခါ မုန့်သည်မသားရဲ့ကျွမ်းကျင်သိတတ်မှုကို မြင်နိုင်ပါမယ်။

စစ်အောင်နိုင်ရေး နောက်ဆုံး ၁၂ လကာလ သတ်မှတ်ချက်မှာတော့ တွန်းလှန်ထိုးစစ်အရစစ်ရဲ့ ပြင်းထန် ဆိုးရွားမှုကို မလွဲမသွေ ကြုံရတော့မှာတော့ မလွဲပါဘူး။ ရန်သူဖက်ဆစ်မြန်မာစစ်တပ်ကို အမြစ်ဖြုတ် ရှင်းလင်းရေးလုပ်ငန်းစဉ်မှာ ခြေရာလက်ရာမပျက် တဆင့်ချင်း‌ခြေလှမ်းတွေ ခိုင်ခိုင်မာမာ ရှိနေတဲ့ တော်လှန်ရေး အင်အားစုကြီးတခုလုံးဟာစစ်အောင်နိုင်ရေးအတွက် မဟာဗျူဟာစီမံကိန်းကြီး တစ်ခုလုံးကို အင်အားစု အားလုံးကြားဘုံသဘောတူညီချက်ရသွားခဲ့ပြီဆိုတာ ထင်သာမြင်သာ ရှိပါ တယ်။ ဒါဟာဒီတိုင်းပြည်ရဲ့သမိုင်းမှာ လူမျိုးပေါင်းစုံကြား ဖက်ဆစ်တိုက်ဖျက်ရေး ပထမဆုံးအမျိုးသားညီညွတ်မှုကြီးဖြစ်လို့ စစ်အောင်နိုင်ရေးကာလ ဒီထက်ပိုပြီးတိုတောင်းစေချင်ရင်တော့ရန်သူ့ဘက်က ဘယ်လောက်မြန်မြန် ပြိုကွဲပျက်စီး ပျောက်ဆုံးသွားမလဲဆိုတဲ့ခုခံနိုင်စွမ်းအားပေါ်လည်း မူတည်ပါသေး တယ်။

မနှစ်က ကျနော်တို့ အချင်းချင်းကြားထဲ “ငါတို့မှာ ငါတို့ပဲရှိတယ်” ဆိုတဲ့ကိုဗစ်တတိယလှိုင်းကို ခါးစည်းဖြတ်သန်းခဲ့စဉ်က ချစ်မြတ်နိုးဖို့ကောင်းလှတဲ့ကိုယ်ထူကိုယ်ထရမယ့် တိုင်းပြည်တစ်ခုကို ကျနော်တို့ ထူထောင်တည်ဆောက်နိုင်တယ်ဆိုတာမြင်တွေ့ဖြတ်သန်းခဲ့ကြပါတယ်။ ဒီစိတ်ဓာတ်ဟာကျနော်တို့အားလုံးထူထောင်ချင်တဲ့ တိုင်းပြည်သစ်အတွက် အခြေခံအုတ်မြစ်ပါပဲ။အဟောင်းကိုဖြို အသစ်ကိုတည်ရတဲ့ တော်လှန်ရေးဟာ Virtual Game နဲ့အသားကျနေတဲ့ G-Zလူငယ် သိန်းပေါင်း များစွာကို Reality Game ထဲပါဝင်လာတဲ့ တော်လှန်ရေးသမားတွေအဖြစ်အောင်အောင်မြင်မြင် မွေး ထုတ်နိုင်ခဲ့ပါပြီ။ ဒီတော်လှန်ရေးဟာ အခုတော့ (နေပြည်တော်မီးလောင်ပြီလား) ဇာတ်ဝင်ခန်းအတွက် အစစအရာရာ အဆင်သင့်ဖြစ်နေပါပြီ။ နေရာအနှံ့ဖြန့်ကျက်ထားရတဲ့ ဖက်ဆစ်တွေရဲ့ ခြေလက်တွေကို ခုတ်ထစ်ဖြတ်တောက်ရင်း ၅၂ ရာခိုင်နှုန်းထိန်းချုပ်ထားနိုင်တဲ့အနေအထားကနေ ဖက်ဆစ်ပင်မ ဌာန ချုပ်ကို မီးလောင်တိုက်သွင်းပြီးရန်သူကို အရူးမီးဝိုင်းစေမယ်ဆိုရင် ရန်သူက ဘယ်လိုတုန့်ပြန်မလဲ။ ဖြန့်ထားတဲ့ ခြေလက်တွေကိုရုပ်ပြီး ဌာနချုပ်ကိုအမာခံ ခံတပ်အဖြစ်နဲ့ ရင်မြေကတုတ် ကြံ့ကြံ့ခံ ရင် ဆိုင်ကြမလား၊တော်လှန်ရေးအင်အားစုတွေက မထိန်းချုပ်လို့ ရန်သူ့ထိန်းချုပ်မှုအောက် ကျရောက် နေတဲ့မြို့ကြီးပြကြီးတွေဟာ စစ်မီးလျှံကြားထဲကို တိုးဝင်ပြီး ရန်သူနဲ့သူသေကိုယ်သေ အပြန်အလှန်တိုက်ကြမလား၊ ဖက်ဆစ်တွေ အစုလိုက်အပြုံလိုက် လက်နက်ချကြမလား ဆိုတာတွေကတော့ရန်သူ့ အတွက် ရွေးချယ်စရာတွေပါပဲ။

ငါတို့အလှည့်ကျန်သေးတယ်လို့ ကြွေးကြော်ပြီး ဒီစစ်ကို ရင်ဆိုင်ခဲ့ကြတာမို့“သေရဲတဲ့ကောင် ထွက်ခဲ့” ဆိုတဲ့ ဖက်ဆစ်တွေရဲ့ စိန်ခေါ်မှုကို ကျနော်တို့ဘယ်လိုတုန့်ပြန်ခဲ့ကြသလဲ။ ဒီတစ်ခါ သေရဲတဲ့ ကောင် ထွက်ခဲ့လို့ ကျနော်တို့ ဘာလို့ပြန်မကြွေးကြော်နိုင်ရမှာလဲ။ အခုကစလို့ ငါတို့အလှည့်ရောက်ပြီ လို့စိတ်ပိုင်းဖြတ်ရပါတော့မယ်။ ရန်သူဖက်ဆစ်တွေကို တွေ့ရာသင်္ချိုင်း ဓားမဆိုင်း ရင်ဆိုင်ရမယ့်ကာလရောက်ပြီမို့ ရန်သူကလည်း အယုတ်မာ အရက်စက်ဆုံးနည်းတွေနဲ့သူ့ရဲ့နောက်ဆုံးထွက်သက်ကို ကာကွယ်ဖို့ မီးကုန်ယမ်းကုန် တုန့်ပြန်မှာပါ။အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲဝင် လူမျိုးစု လက်နက် ကိုင်တော်လှန်ရေးအင်အားစုတွေနဲ့ညီညွတ်မှုရလိုက်တာဟာ ကျနော်တို့တော်လှန်ရေးရဲ့ အသက်သွေး ကြောတမျှ အရေးကြီးအနေအထားဖြစ်တာမို့ လူမျိုးပေါင်းစုံရဲ့တန်းတူညီမျှမှုကို အစစ်အမှန်လေးစား လိုက်နာရမယ့်အမြင်ကျယ်မှု၊ ပဋိပက္ခရဲ့အရင်းအမြစ်ကို နားလည်ပြီး မြန်မာဖက်ဆစ်စစ်တပ်တစ်ခုလုံး ကိုအပြီးတိုင်ဖြိုခွင်းဖျက်ဆီးပစ်ရမယ့် ပစ္စုပ္ပုန်တာဝန်နဲ့ အနာဂတ် ထူထောင်ခန်းကိုကြိုတင်မြင်နိုင်မှုနဲ့ “တစ်နှစ်အတွင်း လွတ်လပ်ရေး”ဟာ ကျနော်တို့လက်ထဲမှာ ရောက်လာပါပြီ။

တော်လှန်ရေးဟာ မယုံကြည်သူတွေကို ဘဝဇာတ်ဆရာ မျက်လှည့်ပြလိုက်သလိုမဖြစ်နိုင်တာ ဘာမှမရှိဘူး၊ မဖြစ်သေးတာပဲ ရှိတယ်ဆိုတာကို သက်သေထူရတဲ့ လုပ်ငန်းစဉ်ပါ။ကျနော်တို့အားလုံး နွေဦးကိုရိုးရိုးသားသား ယုံကြည်ကြတာမို့ အရုဏ်ကျင်း အလင်းမရောက်ခင်အမှောင်ထုကြီးစိုးမှုက ပိုပြီးနက်ရှိုင်းတယ် ဆိုတာကိုလည်း လက်ခံကြပါတယ်။ ရက်ပေါင်း ၇၀၀ကာလကို ချဉ်းနင်းဝင် ရောက်လာတဲ့အခါ ကျနော်တို့ ကနဦးမြင်တွေ့ရမယ့်ဇာတ်ခုံအပြောင်းအလဲက မိုင်တိုင်အမှတ် ၂၂၂ ပါပဲ။ ၁၉၄၅ ဖေဖော်ဝါရီကုန်မှာမန္တလေးမြို့အပါအဝင် ရခိုင်၊ အထက်မြန်မာပြည်နဲ့ ရှမ်းပြည်တခွင် မဟာ မိတ်တပ်တွေသိမ်းပိုက်ထားပြီးတဲ့အချိန် ဖက်ဆစ်ဂျပန်တွေအောက် ရန်ကုန်မြို့မှာ ဘုရားသွားကျောင်း တက်မပျက်၊ ပုံမှန်ဘဝတွေကို ပြန်ရဖို့ကြိုးစားကြသူတွေဟာ မြို့တော်ကို နောက်ဆုံးဖောက်ခွဲ ဖျက်စီးခဲ့မလား၊ ဆုတ်ခွာသွားမလားဆိုတဲ့ ဂျပန်တွေရဲ့ဆုံးဖြတ်ချက်အရ ဖန်တီးတဲ့အခြေအနေကိုရင်ဆိုင်ရ တယ်ဆိုတဲ့ မှတ်ချက်လေးလိုပါပဲ။

တန်ပြန်တွန်းလှန်စစ်ကို လည်ပင်းရှည်အောင် စောင့်မျှော်နေကြသူအပေါင်းအတွက်မျှော်လင့် ချက်တွေ ပြည့်စေမယ့် ခရီးကြမ်းကြီးကို ကျနော်တို့ ဖြတ်သန်းနေရပါပြီ။အဆုံးသတ်တိုက်ပွဲအတွက် သတိပေး၊ တပ်လှန့်သံတွေဟာ မယုံကြည်သူတွေအတွက်လှောင်ပြောင်စရာတွေဖြစ်ပေမဲ့ စစ်ကြီးဟာ သူတို့အိမ်ရှေ့တံခါးဝကိုလာခေါက်တဲ့အခါကျရင်တော့ သူတို့မှာ ပြင်ဆင်ချိန်လည်း မရှိ၊ ပြောင်းလဲ သွားတဲ့အခြေအနေသစ်နဲ့ လိုက်ပါပြောင်းလဲဖို့လည်း ခက်ခဲကောင်း ခက်ခဲနိုင်ပါလိမ့်မယ်။ တော်လှန်ရေးဟာ ဒီလူတွေကို သဘောထားပြောင်းလာအောင် လုပ်ရတဲ့အလုပ် မဟုတ်ပါဘူး။တော်လှန်ရေးဟာ ဘုံရည်မှန်းချက်ပန်းတိုင်ကို မဆုတ်မနစ်တဲ့ဇွဲနဲ့ တစ်လှမ်းချင်းသွားပြီးလက်တွေ့ဖြစ်လာအောင် လုပ် ဆောင်ရတဲ့အလုပ်ပါ။ လောကဟာ အကျိုးအကြောင်းတရားနဲ့လည်ပတ်နေတာမို့ အကျိုးပေးတာကို ရှောင်လွှဲလို့မရပါဘူး။

ရက္ခိုင်ရိုးမကနေ နာရီလက်တံလှည့်ကြည့်လိုက်ရင် စစ်လွင်ပြင်တွေဟာ စစ်ခွာသံတဖြောင်းဖြောင်းကို ကြားနိုင်ပါပြီ။ အခုနောက်ဆုံး စစ်ဒေသ ၂ ဖြစ်တဲ့ တောင်ပိုင်းတခွင်ဟာသမိန် ဗရမ်းရဲ့ လှံချက်တဆဆနဲ့ ပြင်နေသလို စုစည်းတည်ဆောက်မှုနဲ့ ကွပ်ကဲမှုတွေကိုစတင်နေပါတယ်။ လူမျိုးစုလက်နက်ကိုင် တော်လှန်ရေးအင်အားစုတွေရဲ့အင်အားကခန့်မှန်းထားသလို ၇ သောင်းခွဲ၊ PDF တပ်က ၇ သောင်းခွဲ၊ ပကဖနဲ့ ဒေသန္တရအင်အားပေါင်းတစ်သိန်းကျော်နဲ့ လူထုရဲ့လှူဒါန်းငွေ ဒေါ်လာ သန်း ၈၀ နီးပါးနဲ့ ဝယ်ယူတပ်ဆင်ထားတဲ့လက်နက်ခဲယမ်းတွေ၊ စနစ်တကျထူထောင်မှုတွေနဲ့ စစ်ပွဲဟာ နေရာအစုံ ဆိုင်းဝိုင်းကြီးတီးသလိုကွက်ပြည့်နင်းပါတော့မယ်။ ရန်သူဖက်ဆစ်တွေဟာ ဆုတ်လမ်း မရှိ တော့သလိုသူဆုတ်လိုတဲ့လမ်းကိုလည်း ဖြတ်တောက်ပိတ်ဆို့ဖျက်စီးရပါမယ်။ အနှစ် ၇၀ကျော်ကြာ ဒီတိုင်းပြည်ရဲ့ကပ်ပါးကောင်လိုနေထိုင်ပြီး ဝါးမြိုစားသောက်ဖို့ကြိုးစား နေတဲ့ မြန်မာဖက်ဆစ် စစ်တပ်ဟာ သူရင်ဆိုင်ရမယ့် ရှုံးပွဲအတွက် လူ့အဖွဲ့အစည်းကိုသွေးခွဲသပ်လျှိုပြီး တစ်စမကျန် ဖျက်ဆီးမှာပါ။ ကမ္ဘာကြီးရဲ့ ကူညီထောက်ပံ့မှုမရှိဘဲစွန့်ပစ်ခံရတဲ့ ကျနော်တို့အဖြစ်ဟာ တကယ်တော့ ဝမ်းနည်းဖို့ မလိုပါဘူး။ ဒါဟာကျနော်တို့လူသားတွေ မဖြစ်မနေ ရင်ဆိုင်ရတဲ့ လောကဓံ ပါပဲ။ လောကဓံဟာကျနော်တို့အားလုံးကို သန်မာစေပါတယ်၊ ရင့်ကျက်စေပါတယ်၊ လူပီသစေပါ တယ်။

ကျနော်တို့မှာ ခက်ခက်ခဲခဲဖြတ်သန်းရမယ့်ကာလတစ်ခု ရှိနေသေးတာမို့ အမှောင်ထုကြီးထဲကိုတိုးဝင်ဖြတ်သန်းရင်း အသားတကျဖြစ်အောင် မနေကြဖို့ကိုပဲ မေတ္တာရပ်ခံလိုပါတယ်။တော်လှန်ရေး အလွန်ကာလ ပြန်လည်ထူထောင်ရေး၊ တည်ဆောက်ရေးတွေလုပ်ရတဲ့အချိန်ကြမှသေကွဲရှင်ကွဲ ကွဲခဲ့ ကြရသူအပေါင်းကို အောက်မေ့သတိရရင်း New Normal ကိုဖြတ်သန်းကြပါစို့။ အခုတော့ ဘာတစ်ခုမှ အသားတကျမရှိကြပါနဲ့ဦးလို့စောဒကတက်ချင်ပါသေးတယ်။

နေသန်မောင်