ရန်ကုန်မြို့၊သာကေတမြို့နယ်မှာ တိုက်ခန်းတခန်းထဲသေဆုံးနေတဲ့ အမျိုးသားနှစ်ဦးကိုအောက်တိုဘာ (၂၈)ရက်မှာ တွေ့လို့ သွားရောက်သယ်ဆောင်ခဲ့ရတယ်လို့ သာကေတ မြို့နယ်လူမှုကူညီရေးအဖွဲ့ကပြောပါတယ်။
သာကေတမြို့နယ်၊ ၆/အနောက်ရပ်ကွက် ဇဗ္ဗူသီရိ(၈)လမ်းက အထပ်မြင့်တိုက်တခုရဲ့ အခန်းတခန်းမှာ နေထိုင်တဲ့အမျိုးသားနှစ်ဦးဟာ တိုက်ခန်းကြမ်းပြင်မှာ အင်္ကျီချွတ်အိပ်ကြရာက အအေးပတ်ပြီး သေဆုံးသွားတာဖြစ်တယ်လို့ သာကေတမြို့နယ် လူမှုကူညီရေး အဖွဲ့ တာဝန်ရှိသူတဦးက DNA ကိုပြောပါတယ်။
“သူတို့နှစ်ယောက်စလုံးက ပန်းရံအလုပ်သမားတွေပါ၊ညဘက်အိပ်ရင်း အအေးပတ်ပြီးတာ၊ဒီနေ့သင်္ဂြိုလ် မှာပါ”လို့ သူက ပြောပါတယ်။
သေဆုံးသူတွေရဲ့ရုပ်အလောင်းတွေကို သာကေတမြို့နယ် လူမှုကူညီရေးအဖွဲ့ကပဲ စံပြဆေးရုံကိုပို့ပေးခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် သာကေတမြို့နယ်အနော်မာရပ်ကွက်မှာလည်း မနေ့က မနက်ပိုင်းမှာ သောက်သုံးရေကန်ထဲအသက်(၄၀)ဝန်းကျင်အမျိုးသားတဦး ရေနစ်သေဆုံးခဲ့လို့ ကူညီရှာဖွေပေးနေတယ်လို့ အဲ့ဒီအဖွဲ့ဆီကသိရပါတယ်။
ရေနစ်သေဆုံးခဲ့တဲ့အမျိုးသားကို သာကေတမြို့နယ်လူမှုကူညီရေးအဖွဲ့၊မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၊မိတ်ဖက်အဖွဲ့အစည်းတွေကပူးပေါင်းပြီး ရှာဖွေကယ်တယ်ခဲ့ပေမယ့် ဒီကနေ့ မနက်ပိုင်းအထိ ရုပ်အ လောင်းမတွေ့ရသေးဘူးလို့သိရပါတယ်။
အဲ့ဒီသေဆုံးမှုဟာ ကိုယ့်ကိုယ့်ကိုယ် အဆုံးစီရင်မှုဖြစ်တယ်လို့ ပြည်တွင်း သတင်းဌာနတချို့ကရေးသားဖော်ပြပါတယ်။
သာကေတ မြို့နယ်အတွင်းမှာ ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း အထပ်မြင့်တိုက်တခုမှာနေထိုင်တဲ့အမျိုး သားတဦး ကြိုးဆွဲချ အဆုံးစီရင်မှုဖြစ်ခဲ့ပါသေးတယ်။