96 Soldiers-PDF အညာဒေသတပ်ခွဲကို လှူဒါန်းလာတဲ့ကျောက်စိမ်းသုံးတွဲမဲစနစ်နဲ့ ရောင်းချမယ်

96 Soldiers-PDF အညာဒေသတပ်ခွဲဆီကို ​အလှူရှင်မိသားစုတစုက လှူဒါန်းလာတဲ့ ကျောက်စိမ်းသုံးတွဲကို တော်လှန်ရေး ရန်ပုံငွေအတွက် မဲစနစ်နဲ့ ပြန် လည်ရောင်းချသွားမှာဖြစ်တယ်လို့ တပ်ခွဲတာဝန်ခံ ကိုဇေယျာလွင်ကပြောပါတယ်။

“တော်လှန်ရေးအမြန်ဆုံးပြီးနိုင်ဖို့အတွက် NUGကနေတစ်နှစ်challenge တိုက်ပွဲခေါ်ထားတယ်ပေါ့နော်၊တစ်နှစ်အတွင်းအဆုံးသတ်နိုင်ဖို့ပေါ့နော်အဲ့ဒီလိုအ ဆုံးသတ်နိုင်ဖို့ပြည်သူတွေအနေနဲ့နီးစပ်ရာတော် လှန်ရေးတပ်ဖွဲ့ဝင်တွေကိုဝိုင်းဝန်းကူညီပေးကြပါ”လို့သူက ပြောပါတယ်။

ဒေသခံအလှူရှင်မိသားစုတစုကကျောက်စိမ်းတွဲ သုံးတွဲ လာ​ရောက်လှူဒါန်းခဲ့တာဖြစ်ပြီးတော်လှန်​ရေးရန်ပုံ​ငွေရရှိအတွက် တစ်လအတွင်းမှာ မဲလက်မှတ် တွေနဲ့ရောင်းချသွားမှာဖြစ်တယ်လို့ အညာ​ဒေသတပ်ခွဲတာဝန်ခံကပြောပါတယ်။

ရရှိလာတဲ့ငှကွေေးတှကေို တောျလှနျရေး အတှကျလကျနကျခဲယမျးမီးခွောကျတှဝေယျယူရာမှာအသုံး ပွုသှားမှာဖွစျတယျလျို့လဲပွောပါတယျ။

မဲစနစ်နဲ့ရောင်းချမယ့် ကျောက်စိမ်းသုံးတွဲရဲ့ ကာလတန်ကြေးကိုတော့ လတ်တလောမပြောနိုင်သေးဘူးလို့ဆိုပါတယ်။

Delta News

Read Previous

သာကေတက တိုက်ခန်းတခုထဲ သေဆုံးနေတဲ့ ရုပ်အလောင်းနှစ်လောင်းတွေ့

Read Next

စစ်ကောင်စီက ဧရာဝတီ လိုင်းစက်လှေတွေကို မြို့နယ်အလိုက်အရောင်ခွဲ ဆေးသုတ်ဖို့ အမိန့်ထုတ်