ရိက္ခာပြတ်လပ်နေတဲ့စစ်ဘေးရှောင်ပြည်သူတွေကို ဒေသခံPDF​ ကူညီ

Photo-ကျေးလက်ဒေသပြောက်ကျားတပ်ဖွဲ့ – မြိုင်
စစ်ကောင်စီစစ်ကြောင်းထိုးတာကြောင့် ရွာကိုစွန့်ခွာ တိမ်းရှောင်နေကြရတဲ့မြိုင်မြို့နယ် တောင်ပိုင်း၊ အ ရှေ့ပိုင်းနဲ့အရှေ့တောင်ပိုင်းကျေးရွာတွေက စစ်ဘေး ရှောင်ပြည်သူ တစ်သောင်းဝန်းကျင်ဟာ ရိက္ခာ ပြတ်လပ်နေပြီး ဒေသခံကာကွယ်ရေးတပ်တွေက ကူညီမျှဝေပေးနေရ တယ်လို့ ကျေးလက်ပျောက် ကျားတပ်ဖွဲ့ – မြိုင်က ရဲဘော်ဇက်က DNA ကို ပြောပါတယ်။
ရွာကနေထွက်​ပြေးတိမ်းရှောင်လာကြတဲ့ပြည်သူတွေဟာ တစ်ရက်နှစ်ရက်လောက်ပဲ တိမ်းရှောင် ရမယ်ထင်ခဲ့ပေမယ့် စစ်ကောင်စီစစ်ကြောင်း တွေ ဆက်ရှိနေသေးတဲ့အတွက်တောထဲမှာရက်ကြာလာပြီး ရိက္ခာပြတ်လပ်မှုတွေနဲ့ ရင်ဆိုင်နေရတာဖြစ် တယ်လို့သိရပါတယ်။
“လတ်တလောလိုအပ်နေတာတွေကသောက်ရေနဲ့ မီး ဖိုချောင်သုံး ဆန်၊ဆီ ၊ဆား ဟင်းချက်စ ရာတွေပါ ၊သောက်ရေကတော့ အဆင်ပြေရာ ရေကန်တွေ၊ အခြားရွာက သယ်တာမျိုးလုပ်ကြ ပါတယ်၊အချို့ တွေကတော့ အခြားရွာတွေကို ရှောင်ကြ တော့ အဲဒီလူတွေက ရှောင်တဲ့ရွာကကူညီပေးကြလို့ အဆင်ပြေကြတယ်” လို့ ရဲဘော်ဇက်ကပြော ပါတယ်။
မြိုင်မြို့နယ်အတွင်းမှာ အခုလ (၂၁)ရက်စလို့ စစ် ကောင်စီက အင်အားတရာဝန်းကျင်စီပါတဲ့ စစ်ကြောင်းလေကြောင်းနဲ့ တပ်ဖြန့်စစ်ကြောင်း ထိုးနေလို့ စုစုပေါင်း ကျေးရွာနှစ်ဆယ်လောက်က လူဦးရေ တသောင်းဝန်းကျင် တိမ်းရှောင်နေကြရ တာပါ။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဒေသတွင်း စစ် ကြောင်းထိုးမွှေနှောက်ရာမှာ စစ်ကြောင်းတိုင်းမှာ ဒေသခံပြည်သူ အနည်းဆုံး ဆယ်ဦးလောက်ကို ဖမ်းဆီးခေါ်ဆောင်လာပြီး လူသားဒိုင်းအဖြ စ်အသုံးပြုနေတယ်လို့ ရဲဘော်ဇက်ကဆိုပါတယ်။
” ပြည်သူတွေဖမ်းခံထားရလို့ ငြိမ်နေရတယ်ခင်ဗျ၊ ပြည်သူတွေသာမပါရင် ဒီချိန် ပစ်ပြီးနေပြီ” လို့ သူကပြောပါတယ်။
စစ်​ကောင်စီစစ်ကြောင်းတွေကကျေးရွာတွေကိုမီးရှို့တာမျိုးမရှိသေးပေမယ့် ဒေသခံတွေပိုင်ဆိုင်တဲ့တိ ရိစ္ဆာန်တွေကို သတ်ဖြတ်စားသောက်တာရှိပြီး အိမ် တွေထဲကပစ္စည်းတွေ ယူကြတာမျိုးလည်း ရှိနိုင် တယ်လို့ ဆိုပါတယ်။
တောထဲမှာစစ်ဘေးရှောင်နေကြရတဲ့ မြိုင်နယ်က ပြည်သူတွေကိုကျေးလက်ဒေသပြောက်ကျားတပ်ဖွဲ့(မြိုင်)MRGF ၊ We Love Myaing နဲ့ ပခုက္ကူမြို့ ပြပြောက်ကျားတပ်ဖွဲ့-၁၊တပ်ခွဲ-၁ တို့ပူး ပေါင်း အဖွဲ့က အကူအညီပေးနေတာဖြစ်ပြီး ပြည်သူ တွေအနေနဲ့တော်လှန်ရေးမှာတတ်နိုင်တဲ့ဘက်က ပါဝင်ပေးကြဖို့ ဒေသခံကာကွယ်ရေးအဖွဲ့ဝင်တွေက တိုက်တွန်းပါတယ်။