ကော်ဘရာစစ်ကြောင်း ပူးပေါင်းအဖွဲ့နဲ စစ်ကောင်စီတိုက်ပွဲ စစ်ကောင်စီက လေးဦးသေ

Photo Cobra Column
စစ်ကောင်စီ တပ်မ(၄၄)လက်အောက်ခံ တပ်ရင်း၊တပ်ဖွဲ့တွေနဲ့ ကော်ဘရာစစ်ကြောင်းအပါအဝင် KNLA ပူးပေါင်း တပ်တို့ ဒီကနေ့ အောက်တိုဘာ (၂၂)ရက်မှာတိုက်ပွဲဆက်ဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က လေးဦးသေဆုံးတယ်လို့ ကော်ဘရာစစ်ကြောင်းက သတင်းထုတ်ပြန်ပါတယ်။
စစ်ကောင်စီတပ်တွေဟာ လူခို့၊ညောင်ချောင်းနဲ့ ဆုံဆည်းမြိုင် တို့ကနေ ၁၂၀ မမ လက်နက်ကြီးတွေနဲ့ နှစ်ဖက် ညှပ် ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဒီကနေ့မနက်ပိုင်းကနေ ညနေပိုင်းအထိ အပြန်အလှန် ပစ်ခတ်တိုက် ခိုက်ခဲ့ကြ တယ်လို့ ထုတ်ပြန်ချက်ကဆိုပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က လေးဦးကျဆုံးတာကို စစ်မြေပြင် သတင်းတွေအရ အတည်ပြုနိုင်တာဖြစ် ပြီး KNLA ပူးပေါင်းတပ်တွေဘက်က အထိအခိုက်မရှိခဲ့ဘူးလို့လည်း ဖော်ပြထားပါတယ်။
ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၆)နယ်မြေအတွင်း စစ်ကောင်စီတပ်တွေနဲ့ KNLA ပူးပေါင်းတ ပ်တွေ ဟာ အခုရက်ပိုင်းအတွင်း တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေတာပါ။KNU တပ်မဟာ(၆)နယ်မြေထဲကို စစ် ကောင်စီ တပ်တွေက ကျူးကျော်နေရာယူဖို့ ကြိုးစားလာလို့ တိုက်ပွဲတွေဖြစ်နေတာလို့ ကော်ဘရာစစ်ကြောင်း ထုတ်ပြန် ချက်တွေက ဆိုပါတယ်။
ကော်ဘရာစစ်ကြောင်းအပါအဝင် KNLA ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တွေဟာ အောက်တိုဘာ(၁၉)ရက် ကလည်း တိုက်ပွဲပြင်းထန်ခဲ့ပြီး အဲ့ဒီတိုက်ပွဲမှာတော့ ကော်ဘရာစစ်ကြောင်းက စနိုက်ဘာ စစ်သည်တွေက ပစ် ခတ်လို့ စစ်ကောင်စီဘက်က ဗျူဟာမှူး ဗိုလ်မှူးကြီးဝင်းမင်းဦး သေဆုံးခဲ့ပါတယ်။

Delta News

Read Previous

အညာနေပူပူအောက်က  ဆီးချိုလူနာရှင်တွေရဲ့ သောက

Read Next

ဂန့်ဂေါမြောက်ပိုင်းမှာ တိုက်ပွဲ ဖြစ်ပြီး စစ်ကောင်စီက ဆယ်ဦးထက်မနည်းသေ