လောင်းလုံးမှာ စစ်ကောင်စီတပ်သားနဲ့ပျူစောထီးတွေပစ်ခတ်ခံရပြီး နှစ်ဦးသေဆုံး

Photo – Google

တနင်္သာရီတိုင်း ၊ ထားဝယ်ခရိုင် ၊ လောင်းလုံးမြို့နယ် ကျော်နီမော်ကျေးရွာက စစ်ကောင်စီတပ်သားနဲ့ ရွာခံပျူ စောထီး အပါအဝင် ငါးဦးကို ပစ်ခတ်တိုက်ခိုက်ရာမှာနှစ်ဦးသေဆုံးပြီး ၊ နှစ်ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ တယ်လို့ လောင်းလုံးပြည်သူ့ကာကွယ်ရေးအဖွဲ့ကထုတ်ပြန်ပါတယ်။

အဲ့ဒီပစ်ခတ်မှုမှာ လောင်းလုံးပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင် နှစ်ဦးလည်းထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။ ပစ်ခတ်မှုနဲ့ပက်သက်ပြီး DNA ဆက်သွယ်မေးမြန်းထားပေမဲ့ အဆက်သွယ် မရရှိသေးပါဘူး။

အခုလဆန်းပိုင်းမှာ စစ်ကောင်စီတပ်သားတွေနဲ့ပျူစောထီးတွေပူးပေါင်းပြီး ကျောက်နီမော်‌ ကျေးရွာကဒေသခံ တစ်ဦးရဲ့ အိမ်ကိုဓါးပြတိုက်ခဲ့ပြီး ရွေနဲ့ငွေ သိန်း (၈၀၀)ကျပ်တန်ဖိုးနီး ပါးဆုံးရှုံးခဲ့ရတယ်လို့လောင်းလုံးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကဆိုပါတယ်။

အဲ့ဒီဖြစ်စဉ်နဲ့ပက်သက်ပြီး လောင်းလုံးပြည်သူ့ကာကွယ်ရေးအဖွဲ့အနေနဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေကို အလျဉ်းသင့်သလိုရှင်းလင်းသွားမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

အဲ့ဒီလိုထုတ်ပြန်ပြီးနောက် စက်တင်ဘာလအတွင်း မှာပဲပျူစောထီး ခေါင်းဆောင်နဲ့လက်အောက်ငယ်သား ၅ ဦးကို လောင်းလုံးပြည်သူ့ကာကွယ်ရေးအဖွဲ့ကပစ်ခတ်သတ်ဖြတ်ခဲ့ပြီးဖြစ်တယ်လို့ဆိုပါတယ်။