အလုပ်ပြန်ဝင်ချင်တဲ့ CDM ပညာရေးဝန်ထမ်းတွေ ငွေညှစ်ခံနေရ

ဧရာဝတီတိုင်း‌၊ ကျုံပျော်ခရိုင်အတွင်းရှိ မြို့နယ်ပညာရေးမှူးရုံးတွေက အကြောင်းအမျိုးမျိုးကြောင့် အလုပ်ပြန်ဝင်လာတဲ့ ပညာရေးဝန်ထမ်းနဲ့ CDM ဆရာ၊ ဆရာမ တွေဆီကနေ ငွေညှစ်တောင်းယူမှုတွေ ရှိနေတယ်လို့ သိရပါတယ်။
အကြောင်းအမျိုးမျိုးကြောင့် လုပ်ငန်းခွင်ကို ပြန်လည်ဝင်ရောက်လိုတဲ့ သူတွေကို ပညာရေးမှူးရုံးရဲ့ ပွဲစားတွေဆီကတင့် ကျပ်( ၅) သိန်းကနေ ( ၁၅ )သိန်းအထိ ငွေကြေးတောင်းယူနေတယ်လို့ CDM
တစ်ဦးက DNAကို ပြောပါတယ်။
“ဖြေလျော့ပေးမယ် အရေးမယူဘူးဆိုလို့
မိသားစုစားဝတ်နေရေးက ခက်ခဲတာရော အဖမ်းခံရမှာ ကြောက်တာရောကြောင့် ပြန်ဝင်ကြတာပါ၊ ခုတော့ ငွေညှစ်တာခံနေရတယ်”လို့ ဆိုပါတယ်။
CDM ပညာရေး ဝန်ထမ်းတွေ၊ ဆရာ၊ ဆရာမတွေအနေနဲ့ ယခင်တာဝန်ထမ်းဆောင်ခဲ့တဲ့ နေရာအတိုင်း ပြန်လည်ရရှိဖို့ အရေးယူမခံရဖို့အတွက် ငွေကျပ် ၅ သိန်းနဲ့အထက် ပေးဆောင်ရ​ပြီး ငွေကြေးမပေးနိုင်သူတွေကို နယ်ဝေး‌ ဒေသကို ပို့မယ်လို့ ခြိမ်း​​ခြောက်တာမျိုးလည်း ရှိပါတယ်။
“ အဓိက ပွဲစားလိုလုပ်နေတာ Non CDM ဝန်ထမ်း စာရေးအချို့ နဲ့ စစ်ကောင်စီခန့် အုပ်ကြီးတွေ ရာအိမ်မှူးတွေပဲ CDMစာရင်းတွေကို စစ်ကောင်စီက တောင်းတယ်ဆိုတဲ့ အသံတွေက သူတို့အတွက် လုပ်စားကွက် ဖြစ်ကုန်တာ “လို့ ဆိုပါတယ်။
အလားတူ ရေကြည် ၊ အသုတ် ၊ ငသိုင်းချောင်းမြို့ က ပညာရေးဌာနတွေမှာလည်း ရာထူးတိုး နေရာပြောင်းရွေ့ လိုသူတွေထံက ငွေအဆမတန်တောင်းယူမှုတွေ ရှိနေပါတယ်။
အရင် ကျုံပျော်မြို့နယ်ဟာ ပုသိမ်ခရိုင်အတွင်းမှာ ပါဝင်ပြီး စစ်ကောင်စီက ခရိုင်မြို့ အဖြစ် သတ်မှတ်လိုက်ပြီးနောက် ရေကြည် ၊ ငသိုင်းချောင်း ၊ အသုတ်မြို့တွေကလည်း ကျုံကျော် ခရိုင်အတွင်း အကျုံးဝင်သွားပါတယ်။
အကြမ်းဖက် စစ်ကောင်စီရဲ့ ပညာရေးဌာနက ကျုံပျော်မြို့ နယ်ရှိ CDM ပညာရေးဝန်ထမ်း (၄၀၉)ဦးကို ရာထူးမှ ထုတ်ပယ်ကြောင်း ၂၀၂၁ ခုနှစ် မေ လ( ၁၈) ရက်နေ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။