ကလေးမြို့မှာ စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ

Photo – CJ

ကလေးမြို့အနောက်ပိုင်း၊ တောင်ဖီလာရပ်ကွက် တောင်ဖီလာလမ်းနဲ့ ကျန်စစ်သားလမ်းဆုံအနီးမှာ စစ်ကောင်စီယာဥ်တန်း မိုင်ဆွဲတိုက်ခိုက်ခံရပြီး ထိခိုက်သေးဆုံးမှုရှိနိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကားသုံးစီး၊အင်အား(၂၀) ဝန်းကျင်ပါတဲ့ စစ်ကောင် စီယာဥ်တန်းကို စက်တင်ဘာ(၂၁ )ရက် မနက်ပိုင်းမှာ PDF Kalay ရဲ့ မြို့ပြပျောက်ကြားတပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေဆီကနေသိရပါတယ်။

” အဲ့နားက သစ်ကြားသီးပင်မှာ ချိတ်တာထင်တယ် ဗုံးကို၊ဟိုတစ်ခါကလည်း ဒီသစ်ကြားသီးပင်မှာပဲချိတ်ပြီးဖောက်ခွဲတာ၊ ပထမအကြိမ်ဖောက်ခွဲတုန်းက အဲ့အပင်က ကိုင်းတွေတော်တော်ကျိုးကျေသွားတာ၊ခုအကြိမ်ကောဆိုတော့ ကိုင်းတွေမရှိတော့သလောက်ပဲ” လို့ တောင်ဖီလာရပ်ကွက်မှာနေထိုင်သူတစ်ဦးကပြောပါတယ်။

မိုင်းဆွဲတိုက်ခိုက်မူကြောင့် စစ်ကောင်စီဘက်က သုံးဦးလဲကျသွားတယ်လို့ PDF Kalay ကထုတ်ပြန်ထားပြီး မျက်မြင်တွေ့လိုက်ရတဲ့ ဒေသခံတွေကလည်း သေဆုံးမူရှိတယ်လို့ ပြောပါတယ်။

ကလေးမြို့အနောက်ပိုင်း တောင်ဖီလာရပ်ကွက်က ဒီလမ်းဆုံဝန်းကျင်ဟာ စစ်ကောင်စီတပ်တွေမကြာမကြာမိုင်းဆွဲတိုက်ခိုက်ခံရတဲ့နေရာဖြစ်ပါတယ်။