ကလေးနည်းပညာတက္ကသိုလ်က စစ်ကောင်စီကင်းတပ်ဖွဲ့ မိုင်းဆွဲတိုက်ခိုက်ခံရ

ကလေးမြို့ နည်းပညာတက္ကသိုလ်အနီးမှာ ကင်းစောင့်တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စက်တင်ဘာ(၁၉) ရက် ဒီနေ့ နေ့လယ်ပိုင်းမှာ မိုင်းဆွဲတိုက်ခိုက်ခံရတယ်လို့ ဒေသခံတွေက DNA ကိုပြောပါတယ်။
” GTC မှာက တောင်ဘက်မြောက်ဘက်ခပ်လှမ်းလှမ်းတွေမှာ ကင်းချထားတာရှိတာကိုး၊ခုက တောင်ဘက်ဂိတ်မှာဖြစ်တာ၊စစ်သားတွေနေ့လယ် စာစားဖို့ ကင်း လူချိန်းတာမှာ ကလေးတွေကဆွဲတာ” လို့ ကလေးမြို့တောင်ပိုင်း ဒေသခံတစ်ဦးကပြောပါတယ်။
အဲ့ဒီ မိုင်းဖောက်ခွဲတိုက်ခိုက်မှုကြောင့်ထိခိုက်သေဆုံးတဲ့အခြေအနေကိုတော့ မသိရှိရသေးပါဘူး။
မိုင်းပေါက်ကွဲအပြီးမှာ နည်းပညာကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေက အနီးပတ်ဝန်းကျင်ကို လက်နက်ကြီးလက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့ကြတယ်လို့ ဒေသခံတွေကပြောပါတယ်။
ဖောက်ခွဲတိုက်ခိုက်မူကို Kalay PDF မိုင်းအဖွဲ့ကဦးဆောင်ကာ တပ်ရင်း (၂) မိုင်းအဖွဲ့ ကလုပ်ဆောင်တာဖြစ်ပြီး စစ်ကောင်စီတပ်သား လေးဦး ကင်းတာဝန်လဲဖို့ သွားချိန်မှာဖောက်ခွဲခဲ့တာဖြစ်တယ်လို့ Kalay PDF တပ်ရင်း (၂ )ကထုတ်ပြန်ပါတယ်။ ဖောက်ခွဲမူလုပ်ဆောင်တဲ့ရဲဘော်တွေ အထိအခိုက်မရှိဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
Kalay PDF ဟာ စက်တင်ဘာလအတွင်းကလေးမြို့တွင်းမှာလည်းစစ်ကောင်စီယာဥ်တန်းကိုမိုင်းဆွဲတိုက်ခိုက်မှု သုံးကြိမ်ထက်မနည်းပြုလုပ်ခဲ့ပါတယ်။