မြဝတီ-ဝေါ်လေမှာ စစ်တပ်က ထိုးစစ်ဆင်လာလို့ KNLA၊ကော်ဘရာပူးပေါင်းတပ်နဲ့ ရင်ဆိုင်တိုက်ပွဲဖြစ်နေ

Photo- Cobra Column
မြဝတီ-ဝေါ်လေမှာ စစ်ကောင်စီတပ်တွေက စစ်ကြောင်းတွေခွဲပြီး ထိုးစစ်ဆင်လာလို့ ရင်ဆိုင်တိုက်ပွဲတွေဖြစ်နေတယ်လို့ ကော်ဘရာစစ်ကြောင်းက ဒီနေ့ ညပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။
စစ်ကောင်စီတပ်တွေဟာ မြဝတီ-ဝေါ်လေလမ်းမ မြွေသုံးကောင်ဘုရားအနီးကနေ စစ်ကြောင်းတကြောင်း၊ ဆုံ ဆည်းမြိုင်ကျေးရွာဘက်ကနေ သေ့ဘော့ဘိုးရွာအနီးကိုစစ်ကြောင်းတကြောင်းခွဲပြီး ထိုးစစ်ဆင်လာလို့ KNLA နဲ့ ကော်ဘရာစစ်ကြောင်းပူးပေါင်းတပ်တွေနဲ့ ရင်ဆိုင်တိုက်ပွဲဖြစ်နေတာလို့ ဆိုပါတယ်။
စစ်ကောင်စီတပ်တွေဟာ စက်တင်ဘာ (၁၄)ရက်ညပိုင်းနဲ့စက်တင်ဘာ(၁၅)ရက် နေ့လယ်ပိုင်းတွေမှာ လက်နက် ကြီး၊လက်နက်ငယ်တွေနဲ့ ရမ်းသမ်းပစ်ခတ်ပြီးထိုးစစ်ဆင်ဖို့ကြိုးစားခဲ့တယ်လို့ ကော်ဘရာစစ်ကြောင်း ထုတ်ပြန် ချက်ကဆိုပါတယ်။
တိုက်ပွဲတွေအတွင်း ကော်ဘရာစစ်ကြောင်းနဲ့ပူးပေါင်းတပ်ဖွဲ့တွေဘက်က ထိခိုက်မှုမရှိသလို စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးမှုကိုလည်း အတည်ပြုနိုင်ဖို့ ကြိုးစားနေဆဲဖြစ်တယ်လို့ သိရပါတယ်။ဒါပေမယ့် သေ့ဘော့ဘိုး ရွာ သားတဦးကတော့ စစ်ကောင်စီဘက်က ပစ်ခတ်တဲ့ လက်နက်ကြီးကျည်ထိပြီး ထိခိုက်ဒဏ်ရာရခဲ့တယ် လို့ဆိုပါ တယ်။
ကော်ဘရာစစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူနဲ့ အဆက်အသွယ်မရသေးတဲ့အတွက် ဒီကနေ့ စက်တင်ဘာ ၁၆ရက် ညပိုင်းအထိ တိုက်ပွဲအခြေအနေကိုတော့ မသိရသေးပါဘူး။စစ်ကောင်စီတပ်တွေနဲ့ ကော်ဘရာပူးပေါင်းတပ် တွေဟာ မြဝတီ-ဝေါ်လေလမ်းပေါ်မှာ တိုက်ပွဲတွေမကြာခဏဖြစ်နေတာပါ။
ပြီးခဲ့တဲ့ရက်ပိုင်း စက်တင်ဘာ (၁၂)ရက်ကလည်း မြွေသုံးကောင်နဲ့ သဲဖြူချောင်းဂိတ်အနီးမှာ စစ်ကောင်စီတပ် တွေက တပ်စွဲနေရာယူနေလို့ ကော်ဘရာစစ်ကြောင်းက သွားရောက်တိုက်ခိုက်ခဲ့ပြီး နှစ်ဖက်ထိတွေ့တိုက်ပွဲ ဖြစ်ခဲ့သေးတယ်လို့သိရပါတယ်။
အဲ့ဒီတိုက်ပွဲမှာ စစ်ကောင်စီဘက်ကပစ်တဲ့လက်နက်ကြီးကျည်ကြောင့် ကော်ဘရာစစ်ကြောင်းက တပ်ဖွဲ့ဝင်တဦး မစိုးရိမ်ရ ဒဏ်ရာရခဲ့ပြီး စစ်တပ်ဘက်က သေဆုံးထိခိုက်မှုကိုတော့ မသိရဘူးလို့ ကော်ဘရာစစ်ကြောင်းက ထုတ်ပြန်ထားပါတယ်။