အာရှလမ်းပေါ်မှာ အရပ်သားကားတွေကို ပစ်ခတ်တာတွေ မလုပ်ဖို့ KNLA စစ်ဦးစီးချုပ် ညွှန်ကြား

မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးပေါ်မှာ ဖြတ်သန်းသွားလာနေတဲ့ ခရီးသည်တင်မော်တော်ယာဉ်တွေ၊ အရပ်သားကားတွေနဲ့ ကုန်တင်မော်တော်ယာဉ်တွေကို အကြောင်းမဲ့ နှောင့်ယှက်ပစ်ခတ်တာတွေ မလုပ်ဆောင်ဖို့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA စစ်ဦးချုပ် ဗိုလ်ချုပ်ကြီး စောဂျော်နီက မနေ့က ဧပြီလ ၂၃ရက်နေ့ ရက်စွဲနဲ့ အကြောင်းကြားတစ်စောင်ကို ထုတ်ပြန်ခဲ့တယ်လို့ KIC သတင်းဌာနမှာ ဖော်ပြထားပါတယ်။
ကရင်အမျိုးသားအစည်းအရုံး ဗဟိုအလုပ်အမှုဆောင်ကော်မတီရဲ့ ဆုံးဖြတ်ချက်တွေအရ KNUတပ်မဟာ တပ်ရင်းတွေလိုက်နာဆောင်ရွက်ဖို့ဆိုကာ KNU အမှတ် ၆၊ အမှတ် ၇ တပ်မဟာမှူးတွေကို ပေးပို့ညွှန်ကြားခဲ့တာပါ။
” စာက အမှန်ပဲနော်။ ဒါက အီးစီဆုံးဖြတ်ချက်နဲ့ ညွှန်ကြားတာဖြစ်ပါတယ်။ အထက်က ဆုံးဖြတ်ချက်ဖြစ်ပါတယ်။”လို့ KNU တပ်မဟာ(၇)က အရာရှိတစ်ဦးက KICသတင်းဌာနကို အတည်ပြုဖြေကြားထားပါတယ်။
ထုတ်ပြန်စာမှာ ညွှန်ကြားချက်တွေကို မလိုက်နာဘဲ ဖောက်ဖျက်ကျူးလွန်ပါက လိုအပ်သလို အရေးယူဆောင်ရွက်တာတွေ ခံရမယ်လို့ ထည့်သွင်းဖော်ပြထားတယ်လို့ ဆိုပါတယ်။
Source- KIC