စစ်ကောင်စီစစ်ကြောင်းက ဂန့်ဂေါမြို့နယ် မြင်းဇာရွာကို မီးရှို့နေ

Photo-Social media
ဂန့်ဂေါမြို့ ခလရ ( ၅၀) ကနေထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ဂန့်ဂေါမြို့တောင်ဘက်ကမြ င်းဇာရွာကို စက်တင်ဘာလ ၁၀ ရက်နေ့ မနက် ၇နာရီခွဲလောက်ကစပြီး မီးရှို့နေကြတယ်လို့ ဒေသခံတွေ ကDNA ကိုပြောပါတယ်။
ရွာထဲမှာ အနည်းဆုံး ငါးနေရာလောက် မီးခိုးလူံးတွေထွက်နေတာကိုလှမ်းမြင်နေရပြီး ထိခိုက်ပျက်စီးမှုဘယ် လောက်ရှိမယ်ဆိုတာ မခန့်မှန်းနိုင်သေးဘူးလို့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးကဆိုပါတယ်။
မြင်းဇာရွာကို မီးရှို့တဲ့စစ်ကောင်စီစစ်ကြောင်းဟာ အဲ့ဒီရွာမှာပဲ စက်တင်ဘာ ၈ ရက်နေ့ကစလို့ ညအိပ်စခန်း ချနေခဲ့ တာဖြစ်ပြီး ၁၀ ရက်နေ့မနက်မှာ ရွာကို စတင် မီးရှို့နေတာဖြစ်ပါတယ်။ဂန့်ဂေါ ခလရ (၅၀) ကနေ စက်တင်ဘာလ ၁ ရက်နေ့က စထွက်လာတဲ့ အဲ့ဒီစစ်ကောင်စီစစ်ကြောင်းဟာ ဂန့်ဂေါ မြို့နယ် တောင်ပိုင်း ကျေးရွာတွေကို စစ် ကြောင်းထိုးနေတာပါ။
အဲ့ဒီစစ်ကြောင်းက ကျေးရွာတွေကို ဝင်ရောက်မွှေနောက်ပြီး ပစ္စည်းတွေယူတာ၊ ပြည်သူတွေရဲ့ ကြက်ဝက် တွေ ကိုသတ်ဖြတ်စားသောက်တာအပြင် စက်တင်ဘာလ ၆ ရက်နေ့က မောက်လင်းရွာမီးဘေးဒု က္ခသည် တွေအတွက် ယောလူထုတိုက်ပွဲကော်မတီက စုဆောင်းထားတဲ့ ဆန်တင်းတစ်ရာ့ငါးဆယ်ကိုလည်း ဖျက် ဆီးခဲ့ပါတယ်။
စစ်ကောင်စီ စစ်ကြောင်းရဲ့ ရွာတွေကိုမွှေနောက်ဖျက်ဆီး မီးရှို့မူတွေကြောင့် ဂန့်ဂေါမြို့နယ်တောင်ဘက် တ ဝိုက်ကျေးရွာတွေက ပြည်သူ ထောင်ချီ ဘေးလွတ်ရာ တိမ်းရှောင်နေကြရပါတယ်။
(ပုံဟောင်း-မီးရှို့ခံနေရတဲ့မြင်းဇာရွာ)