ယူကရိန်းစျေးဝယ်စင်တာကို ရုရှားက ဒုံးကျည်နဲ့တိုက်ခိုက်မှုကြောင့် လူ ၁၆ဦးထပ်မနည်း သေဆုံး

Photo – Reuters

ယူကရိန်းနိုင်ငံအလယ်ပိုင်း Kremenchuk မြို့ရှိ လူစည်ကားတဲ့ ဈေးဝယ်စင်တာတစ်ခုမှာ ဇွန်လ ၂၇ ရက်နေ့က ရုရှားဒုံးကျည်နှစ်စင်း ကျရောက်ပေါက်ကွဲခဲ့တာကြောင့် အနည်းဆုံး လူ ၁၆ဦးထက်မနည်း သေဆုံးခဲ့ပြီး ၆၀နီးပါး ဒဏ်ရာရရှိခဲ့တယ်လို့  ဒေသဆိုင်ရာအာဏာပိုင်တွေက ပြောပါတယ်။

တိုက်ခိုက်မှုဖြစ်ပွားချိန် စင်တာထဲမှာ လူ ၁၀၀၀ကျော်ရှိနေတာလို့ ယူကရိန်းသမ္မတ ဇေလန်စကီးက ပြောပါတယ်။ 

အခုလိုတိုက်ခိုက်တာဟာ Bavarian Alps ထိပ်သီးအစည်းအဝေးမှာ ဂျီ ၇ ခေါင်းဆောင်၇ ဦး တွေ့ဆုံနေကြစဉ် ဖြစ်ပွားခဲ့တာဖြစ်ပြီး တိုက်ခိုက်မှုမခံရမီ နာရီပိုင်းအလိုမှာ သမ္မတ ဇလန်းစကီး က ဂျီ ၇ ခေါင်းဆောင်တွေနဲ့ ဗီဒီယိုကွန်ဖရင့်ကတစ်ဆင့် စကားပြောဆိုနေခဲ့တယ်လို့ ဆိုပါတယ်။

ရုရှားနိုင်ငံဟာ ယူကရိန်းနိုင်ငံတစ်ဝှမ်း ဒုံးကျည် အစင်း ၆၀ ခန့် ပစ်လွှတ်ခဲ့တယ်လို့ အမေရိကန်ပန်တဂွန်စစ်ဌာနချုပ်ကလည်း ဇွန်လ ၂၇ရက်နေ့မှာ ပြောဆိုထားပါတယ်။

 G-7 ခေါင်းဆောင်တွေက တိုက်ခိုက်မှုအပေါ် ရှုတ်ချခဲ့ပြီး “အပြစ်မဲ့တဲ့အရပ်သားတွေကို ခွဲခြားမထားဘဲ တိုက်ခိုက်တာဟာ စစ်ရာဇ၀တ်မှုမြောက်ပါတယ်၊  ရုရှားက ယူကရိန်းအပေါ် ရက်စက်ပြီးအသိတရားမဲ့တဲ့စစ်ပွဲ မပြီးဆုံးမချင်း ငါတို့ အနားယူမှာမဟုတ်ဘူး”လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အနောက်နိုင်ငံတွေအနေနဲ့ အဆင့်မြင့်လက်နက်တွေပေးပို့ဖို့ ယူကရိန်းက အရေးတကြီး တောင်းဆိုထားပါတယ်။ ယူကရိန်းကို အဆင့်မြင့်လေကြောင်းရန်ကာကွယ်ရေးစွမ်းရည်တွေ ပေးအပ်ဖို့အတွက် အမေရိကန်က ရည်ရွယ်ထားတယ်လို့  ဇလန်စကီးကို သမ္မတဂျိုးဘိုင်ဒန်က ဇွန်လ ၂၇ ရက်နေ့က ပြောဆိုထားပါတယ်။