ဂျော်ဒန်ဆိပ်ကမ်းမှာ ကလိုရင်းဓာတ်ငွေ့ယိုစိမ့်မှုကြောင့် လူ ၁၂ဦး သေဆုံး

ဂျော်ဒန်နိုင်ငံ အယ်လ်ကွာဘာ ဆိပ်ကမ်းရှိ သိုလှောင်ကန်တစ်ခုကနေ ကလိုရင်းဓာတ်ငွေ့ယိုစိမ့်တာကြောင့် အနည်းဆုံး လူ ၁၂ ဦး သေဆုံးခဲ့ပြီး ၂၅၀ကျော် ဒဏ်ရာရရှိခဲ့တယ်လို့  အာဏာပိုင်တွေနဲ့နိုင်ငံပိုင်မီဒီယာတွေက ဇွန်လ၂၇ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

Djibouti နိုင်ငံကို တင်ပို့မယ့် ကလိုရင်းဓာတ်ငွေ့ ၂၅ တန် ရှိတဲ့တိုင်ကီတစ်ခု ပြုတ်ကျခဲ့တာဖြစ်ပြီးနောက် ယိုစိမ့်မှု ဖြစ်ပွားခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောထားပါတယ်။

ကလိုရင်းဟာ အသုံးများတဲ့ ပိုးသတ်ဆေးနဲ့ ရေသန့်စင်ဆေးဖြစ်ပေမယ့် ရှူသွင်းလိုက်ရင် ဓာတ်ငွေ့ဟာ ဟိုက်ဒရိုကလိုရစ်အက်ဆစ်အဖြစ် ပြောင်းလဲသွားပြီး အဆုတ်အတွင်း ရေထုတ်လွှတ်မှုကတစ်ဆင့် အတွင်းပိုင်းလောင်ကျွမ်းတာနဲ့ ရေနစ်မွန်းတာတွေကို ဖြစ်ပေါ်စေနိုင်တယ်လို့ ဆိုပါတယ်။

ပင်လယ်နီရဲ့မြောက်ဘက်စွန်းရှိ အယ်လ်ကွာဘာ ဆိပ်ကမ်းဟာ အီရတ်သွင်းကုန်နဲ့ပို့ကုန်တွေအတွက် အဓိကဖြတ်သန်းရာ လမ်းကြောင်းတစ်ခုဖြစ်ပါတယ်။ 

ဝန်ကြီးချုပ် Bisher al-Khasawneh ဟာ ဒဏ်ရာရသူအချို့ကို ကုသပေးနေတဲ့ဆေးရုံကို သွားရောက်ခဲ့ပြီး   ပြည်ထဲရေးဝန်ကြီးဦးဆောင်တဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ကိုလည်း ဖွဲ့စည်းပေးခဲ့တယ်လို့ နိုင်ငံပိုင်ရုပ်သံမှာ  ဖော်ပြထားပါတယ်။