သံတောင်စာတိုက်အနီး စစ်ဆေးရေးလုပ်နေတဲ့ တပ်ကြပ်ကြီး ပစ်ခတ်ခံရပြီး သေဆုံ

ကရင်ပြည်နယ်၊ သံတောင်မြို့ စာတိုက်ရုံးအနီး စစ်ဆေးရေးလုပ်နေတဲ့ တပ်ကြပ်ကြီးတစ်ဦးကို စနိုက်ပါသမားက ပစ်ခတ်ခဲ့ရာ ပွဲချင်းပြီးသေဆုံးခဲ့တယ်လို့ သံတောင် PDF က ထုတ်ပြန်ပါတယ်။
ဒီနေ့မနက်၉နာရီ မိနစ်၄၀လောက်မှာ သံတောင်မြို့စာတိုက်လမ်းခွ၊လေပြေဆိုင်အနီး စစ်ဆေးနေတဲ့ အကြမ်းဖက်စစ်သားတွေအနက် တစ်ဦးကို သံတောင်PDF စနိုက်ပါသမားက ပစ်ခတ်ခဲ့တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ပစ်ခတ်ခံရပြီးနောက်အကြမ်းဖက်စစ်တပ်ဟာ ရမ်းသန်းပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။
တပ်ကြပ်ကြီးအပစ်ခံရမှုနဲ့ပတ်သက်ပြီး ဖမ်းဆီးစစ်ဆေးမှုတွေဆက်လက်လုပ်ဆောင်နိုင်တာကြောင့် ပြည်သူတွေ သတိထား သွားလာကြဖို့ သံတောင်PDF က ထုတ်ပြန်ထားပါတယ်။