”တိုင်းပြည်သေဒဏ်သင့်နေသဖြင့် ယနေ့ဘုရားပိတ်သည်” ရန်ကုန်လူထုသပိတ်လှုပ်ရှားမှု

ဒီနေ့ဇွန်လ ၁၂ ရက်နေ့မနက်အာရုံဦးမှာ “တိုင်းပြည်သေဒဏ်သင့်နေသဖြင့် ယနေ့ဘုရားပိတ်သည်” စာတန်းကို ရွှေတိဂုံစေတီတော် စောင်းတန်းမုခ်ဦးဝမှာ ချိတ်ဆွဲပြီး ရန်ကုန်လူထုသပိတ်မှ စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်ခဲ့တာပါ။
မနက်ဖြန်ကျရောက်မယ့် ဇွန်လ ၁၃ ရက်၊ နယုန်လပြည့်နေ့မှာ ဘုရားစေတီပုထိုးများကို သွားရောက်ဖူးမျှော် တာတွေမလုပ်ပဲ ရင်ပြင်တော်ပေါ် တိတ်ဆိတ်ခြောက်ခြား‌စေခြင်းနဲ့ သပိတ်မှောက် ဆန္ဒထုတ်ဖော်ကြဖို့ ရန်ကုန်လူထုသပိတ်မှ ပြည်သူတစ်ရပ်လုံးကိုတိုက်တွန်းနှိုးဆော်မှုပြုလိုက်တာပါ။
အဆိုပါ လှုပ်ရှားမှုရည်ရွယ်ချက်ဟာ နိုင်ငံတော်အာဏာမတရားသိမ်းယူခဲ့တဲ့ အကြမ်းဖက်စစ်အုပ်စု အနေနဲ့ ဥပဒေမဲ့ လူမျိုးတုန်းသတ်ဖြတ်မှု၊ ထောင်တွင်းနဲ့စစ်ကြောရေးတွေမှာ အသက်သေသည်အသိ ညှင်းပန်းနှိပ်ဆက်မှု၊ ဆန္ဒပြပြည်သူတွေကိုလူမဆန်စွာ ပစ်ခက်သတ်ဖြတ်မှု၊ တရားမဝင်စစ်ခုံရုံးမှ အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးတွေ ချိုးဖောက်ကာ တော်လှန်‌ပြည်သူတွေကို ကြိုးမိန့်ပေးကွပ်မျက်ဖို့ ဖော်ဆောင်နေခြင်းတွေကြောင့် တိုင်းပြည်ကြီး ကြိမ်ဖန်များစွာ သေဒဏ်သင့်ခဲ့ရပြီ ဖြစ်ပြီး စစ်အာဏာရှင် စနစ်ဆိုးကို အလိုမရှိကြောင်း ဆန္ဒဖော်ထုတ်တာလို့ဆိုပါတယ်။