စခန်းမှူးအပါအဝင် မကွေးအမှတ်(၂)ရဲစခန်း ရဲအားလုံး အချုပ်ထဲထည့် စစ်ဆေးနေဟု MPCC ထုတ်ပြန်

မကွေးမြို့အမှတ်(၂) ရဲစခန်းရှိ ရဲအားလုံးနီးပါးကို စစ်ကောင်စီတပ်က အချုပ်ခန်းထဲထည့်ပြီး စစ်ဆေးမှုတွေ လုပ်ဆောင်နေကြောင်း Myanmar Police CDM Channel (MPCC)က မနေ့ကဇွန်လ ၄ရက်နေ့မှာ သတင်းထုတ်ပြန်လိုက်ပါတယ်။
မေလ ၃၁ရက်နေ့ က မကွေးမြို့အမှတ် (၂) ရဲစခန်းတွင် စခန်းမှူးကို ရန်ပြုတဲ့ စစ်အုပ်စုလေတပ်မှ တပ်သားတစ်ဦးကို ရဲတွေကဝိုင်းထိုးကြိတ်တဲ့ ရုပ်သံ ထွက်ပေါ်လာပြီး ရဲတွေကိုဖမ်းပြီး စစ်ဆေးနေကြောင်း MPCCက ဆိုပါတယ်။
“ သူတို့ဖုန်းတွေကိုသိမ်းပြီး စစ်ဆေးတာတွေလုပ်နေတယ်။ စုံခုံဖွဲ့မယ်လို့လည်းကြား တယ်။ လက်ရှိတော့ စစ်တပ်ကဖမ်းထားတာပေါ့ ။ စစ်တပ်က နရခကို အကြောင်းကြားပြီးမှ ဖမ်းတာလို့ တော့ သိရတယ်။ အချုပ်ထဲမထည့်ထားတာကတော့ နယ်ထိန်းတစ်ယောက်ပဲရှိတယ်။ စစ်တပ်ကပြော တာတော့ ဖြစ်စဥ်ဖြစ်တဲ့အချိန်မှာ သူက စခန်းမှာမရှိလို့ပေါ့။ အမှန်တော့ အဲ့ကိစ္စဖြစ်တဲ့အချိန် စခန်းမှာ မရှိတာ သူတစ်ယောက်ထဲမဟုတ်ဘူး ။ အများကြီးပဲ ။ ကျန်တဲ့သူတွေတော့ ဖမ်းထားတယ်။ သိရသလောက်​တော့ နယ်ထိန်းခေါင်းဆောင်က တပ်နဲ့ရင်းနှီးတယ်။တပ်ကို ငွေရှာပေးနေတာဆိုတော့ သူ့ကိုမဖမ်းတာဖြစ်နိုင် တယ်။ ” လို့ မကွေးတိုင်းရုံးမှ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောလာကြောင်း MPCCက ဖော်ပြထားပါတယ်။
လက်ရှိမှာ အဆိုပါ အမှတ်(၂)ရဲစခန်းကို စစ်တပ်က နေရာယူထားတယ်လို့ဆိုပါတယ်။