ဗြိတိသျှသံရုံး ရန်ကုန်မှာ သက်တံအလံလွှင့်ပြီး LGBTQIA+ အသိုင်းအဝိုင်းတွေနဲ့ အတူရပ်တည်ကြောင်း ပြသ

ဒီနေ့မေလ ၁၇ ရက်နေ့ လိင်တူချစ်သူများနေ့အတွက် ဗြိတိသျှသံရုံးရန်ကုန်မှာ သက်တံအလံလွှင့်ပြီး LGBTQIA+ အသိုင်းအဝိုင်းတွေနဲ့ အတူတကွ ရပ်တည်ကြောင်း ပြသလိုက်ပါတယ်။
ဒီနေ့ဟာ လိင်တူချစ်သူများ၊ ဆန့်ကျင်ဘက်လိင်ကဲ့သို့ ပြောင်းလဲခံယူပြုမူ နေထိုင်သူများနဲ့ လိင်တူလိင်ခွဲနှစ်မျိုးလုံးကို ချစ်ခင်နှစ်သက်စုံမက်သူများအပေါ် ရွံမုန်းမှုတွေကို ဆန့်ကျင်တဲ့ နိုင်ငံတကာ နေ့ဖြစ်ပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံတွင်သာမက ကမ္ဘာတစ်ဝန်းမှာရှိတဲ့ LGBTQIA+ အသိုင်းအဝိုင်းအားလုံးကို ထောက်ခံ၊ ပံ့ပိုးမှုတွေပြုလုပ်ဖို့ ယူကေအစိုးရက ကတိကဝတ်ပြုထားပြီးဖြစ်ပြီးတစ်ဦးတစ်ယောက်ကမှ အကြမ်းဖက်မှု ခွဲခြားဆက်ဆံခံရမှုတွေကို ကြောက်ရွံ့ပြီး ရှင်သန်နေထိုင်စရာမလိုအပ်ဖူးလို့ ထု တ်ပြန်ရေးသားခဲ့ပါတယ်။