စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီး ဇက်ဆိပ်ကနေတက်လာတဲ့ သံပြားကာစစ်ကား ၃ စီးကို ဒေါင်းမင်းအဖွဲ့က ပဒေသာမိုင်း ၁၂ လုံးနဲ့ တိုက်ခိုက်ခဲ့ရာ စစ်သားအသေအပျောက်များခဲ့တယ်လို့ သိရပါတယ်။
ဒီနေ့မနက် ၈ နာရီလောက်မှ ာမိုင်းဆွဲခံရခြင်းဖြစ်ပြီး အဲဒီကား ၃ စီး မိုင်းကွင်းတည့်တည့်ရောက်ချိန်မှာ မိုင်းဆွဲခံရခြင်းဖြစ်တာကြောင့် အသေအပျောက်များခြင်းဖြစ်ကာ သေဆုံးအရေအတွက် အတိအကျကိုတော့ မသိရသေးဘူးလို့ ချင်းတွင်းရိုးမ မဟာမိတ်တပ်ပေါင်းစုက ထုတ်ပြန်ပါတယ်။
‘မနေ့ညကရော ဒီမနက်ရော စစ်သားအသေ ၂၀ နဲ့ ၃၀ ကြား အေးဆေးရှိမယ်လို့ ခန့်မှန်းကြတယ်’ လို့ ယင်းမာပင်အခြေစိုက် ပြောက်ကျားရဲဘော်တစ်ဦးက ပြောပါတယ်။
မနေ့ညတုန်းကလည်း ပုလဲတိုက်ပွဲကို စစ်ကား ၇ စီးစစ်ကူလွှတ်လိုက်ကြောင်း တပ်တွင်းသတင်းပေးပို့ချက်အရ ဖိုဝင်တောင်လမ်းတစ်လျှောက် တော်လှန်ရေး အင်အားစုတွေက ပဒေသာမိုင်း ၈ လုံးတွဲတွေနဲ့ တိုက်ခိုက်ခဲ့ရာ ကား ၃ စီးပျက်စီးပြီး စစ်သားတော်တော်များများ သေဆုံးခဲ့တယ်လို့လည်း ထုတ်ပြန်ပါတယ်။