Aircraft ဗုံး အမြောက်အမြား ထုတ်လုပ်ထား၊ မကြာမီ စစ်ကိုင်းတိုင်းတော်လှန်ရေးအဖွဲ့တွေဆီ ဖြန့်ဝေမယ်

စစ်အုပ်စုကို ကောင်းကောင်းခြိမ်းခြောက်နိုင်မယ့် Aircraft ဗုံးတွေကို အမြောက်အမြား ထုတ်လုပ်ထားပြီး မကြာမီ စစ်ကိုင်းတိုင်းတော်လှန်ရေး အင်အားစုတွေဆီ ဖြန့်ဝေပေးတော့မယ်လို့ ပြည်သူ့စစ်သားစစ်လက်နက် ထုတ်လုပ်ရေးတပ်ဖွဲ့ (PSPT) က ဒီကနေ့ထုတ်ပြန်ပါတယ်။
Aircraft ဗုံး (drone/UAV bomb) တွေဟာ တော်လှန်ရေးအင်အားစုတွေအတွက် ဘေးအန္တရာယ် လုံခြုံမှုအဖြစ်ဆုံးနဲ့ ထိရောက်မှုလည်းရှိတယ်လို့ ဆိုပါတယ်။
ဒရုန်းဗုံးအဖြစ် အသုံးပြုနေကြတဲ့ M9 Energa ဗုံးသီး တစ်လုံးကို ကျပ် ၃ သိန်းခွဲလောက် ကုန်ကျပေမယ့် အခုထုတ်လုပ်မှုဟာ တစ်လုံးကို ကျပ်တစ်သိန်းလောက်သာ ကုန်ကျပြီး M9 ထက် ပြင်းအား၂ ဆလောက်ရှိတယ်လို့ သိရပါတယ်။
Aircraft ဗုံး ကို စုစုပေါင်း အရေအတွက် ၅၀၀ လောက် ထုတ်လုပ်ပြီး ချိတ်ဆက်ထားတဲ့ တော်လှန်ရေးအဖွဲ့တွေဆီ ဖြန့်ဝေပေးနိုင်ဖို့ ပြည်သူတွေရဲ့ ကူညီထောက်ပံ့မှု လိုအပ်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။