မြောင်မြို့နယ် ပရိမ္မကျေးရွာမှာရှိတဲ့ PDFစခန်းတစ်ခု စီးနင်းခံရ

ဓာတ်ပုံ- Fifty Two
မြောင်မြို့နယ် ပရိမ္မကျေးရွာရှိ အထက်တန်းကျောင်းဝင်းအတွင်းမှာ စခန်းချထားတဲ့ မြောင်ဒေသခံပြည်သူ့ကာကွယ်ရေး တပ်စခန်းတစ်ခု ဝင်ရောက်စီးနင်းခံရပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းခံခဲ့ရတယ်လို့ The 74 Media မှာ ဖော်ပြထားပါတယ်။
ဒီကနေ့ မေလ ၄ရက်နေ့ မနက် ၅နာရီလောက်မှာ ဝင်ရောက်စီးနင်းခံခဲ့ရတာဖြစ်ပြီး အကြမ်းဖက်စစ်အုပ်စုနဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သေးတယ်လို့ သိရပါတယ်။
“ဝင်စီးတာသေချာတယ် အသေအပျောက်က ပြည်သူတွေရှိလိမ့်မယ်။ ပစ္စည်းလည်းပါသွားတယ်။ သူတို့တွေ (စစ်အုပ်စု) အဲ့မှာရှိနေသေးတယ်”လို့ မြောင်မြို့နယ် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်တစ်ဦးရဲ့ ပြောကြားချက်ကို ကိုးကားပြီး The 74 Mediaမှာ ဖော်ပြထားပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေရဲ့ စခန်းတစ်ခုကို ဝင်ရောက်စီးနင်းခဲ့ပြီးနောက် လက်လုပ်သေနတ်၊ လက်လုပ်စိန်ပြောင်း၊ လက်လုပ်မိုင်းအပါအဝင် ကားနဲ့ ဆိုင်ကယ်တွေ သိမ်းဆည်းရမိတယ်လို့ အကြမ်းဖက်စစ်အုပ်စုရဲ့ ဝါဒဖြန့် လူမှုကွန်ရက်စာမျက်နှာတွေမှာ ဖော်ပြနေကြပေမယ့် သီးခြား အတည်မပြုနိုင်သေးပါဘူး။
Source- The 74 Media