ကြံ့ဖွံ့အမတ်လောင်း သွေးသောက်အဖွဲ့ခေါင်းဆောင်ဆိုသူတစ်ဦး ရှင်းလင်းခံရ

ဓာတ်ပုံ- လူမှုကွန်ရက်
ရန်ကုန်မြို့ သန်လျင်မြို့မှာ ကြံ့ဖွံ့ပါတီ အမတ်လောင်းတစ်ဦးဖြစ်ပြီး သွေးသောက်အဖွဲ့ရဲ့ ခေါင်းဆောင်ဆိုသူ ဦးရန်နိုင်ရွှေကို သန်လျင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပကဖက ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ သတင်းထုတ်ပြန်လာခဲ့ပါတယ်။
ဒီကနေ့ မေလ ၁ရက်နေ့ ညနေ ၆နာရီလောက်က ဆံပင်ညှပ်ဆိုင်တစ်ခုအတွင်း ဆံပင်ညှပ်နေတဲ့ ဦးရန်နိုင်ရွှေကို သန်လျင်ပကဖက ဝင်ရောက်ပစ်ခတ်ရှင်းလင်းခဲ့တာပဲဖြစ်ပါတယ်။
ဦးရန်နိုင်ရွှေဟာ ကြံ့ဖွံ့ပါတီအမတ်လောင်းသာကမ စစ်အုပ်စုရဲ့ သန်လျင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် တစ်ဦးဖြစ်ပြီး သန်လျင်သွေးသောက်အဖွဲ့ရဲ့ ခေါင်းဆောင်တစ်ဦးလည်းဖြစ်တယ်လို့ သန်လျင်ပကဖက ဆိုပါတယ်။
ဦးရန်နိုင်ရွှေကို ရှင်းလင်းပြီးနောက် အကြမ်းဖက်စစ်အုပ်စုအလိုကျ ဘဏ်အကောင့်တွေကို ပိတ်သိမ်းနေတဲ့ သန်လျင်KBZဘဏ်ရဲ့ ATMစက်နဲ့ ကားတစ်စီးကို သေနတ်နဲ့ ဆယ်ချက်ပစ်ခတ်ကာ ယာဉ်ထိန်းရုံးကိုလည်း သေနတ်နဲ့ ဆယ်ချက်ထပ်မံပစ်ခတ်ခဲ့တယ်လို့ သန်လျင်ပကဖရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။