ဖျာပုံမြို့နယ် ကျုံကျိုက်ကျေးရွာ အုပ်ချုပ်ရေးမှူး လင်မယား ရှင်းလင်းခံရ

ဧရာဝတီတိုင်း ဖျာပုံမြို့နယ် ကျုံကျိုက်ကျေးရွာနေ စစ်အုပ်စုခန့် အုပ်ချုပ်ရေးမှူး ဦးအေးကိုတို့ လင်မယားကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က ရှင်းလင်းခဲ့တယ်လို့ သတင်းထုတ်ပြန်လာခဲ့ပါတယ်။
မနေ့က ဧပြီလ ၂၄ ရက်နေ့ ည ၉ နာရီ ၁၀ မိနစ်ခန့်မှာ ဘိုကလေး (ဧရာဗေဒါအဖွဲ့) မအူင်မြို့ (သေမင်းလက်ရာ) တပ်ဖွဲ့တို့ ပူးပေါင်းပြီး ဦးအေးကိုရဲ့ နေအိမ်အတွင်း ဝင်ရောက် ပစ်ခတ်ရှင်းလင်းခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
နေအိမ်အတွင်းကို ဝင်ရောက်ရှင်းလင်းစဉ်မှာ ဦးအေးကိုရဲ့ ဇနီးဖြစ်သူဟာ ဓားဆွဲကာ ဝင်ရောက်လုံးပမ်းခဲ့တာကြောင့် ဦးအေးကိုရဲ့ ဇနီးဖြစ်သူကိုပါ ရှင်းလင်းခဲ့ရတယ်လို့ ထုတ်ပြန်ချက်မှာ ပါဝင်ခဲ့ပါတယ်။
ပစ်ခတ်မှုဖြစ်စဉ်အပြီးမှာ ဦးအေးကိုရဲ့ တပည့်တွေဖြစ်တဲ့ ပျူစောထီးအင်အား ၂၀ ဝန်းကျင်ဟာ မြို့ပြပြောက်ကျားတပ်ဖွဲ့တွေကို လိုက်လံဖမ်းဆီးဖို့ ကြိုးစားခဲ့တာကြောင့် မြို့ပြပြောက်ကျားပူးပေါင်းတပ်ဖွဲ့က ပြန်လည်ပစ်ခတ်ခဲ့ပြီး ပျူစောထီး ၂ ဦး ကျည်ထိမှန်ခဲ့တယ်လို့ သိရပါတယ်။
ပျူစောထီးတွေ ဆက်လက်မလိုက်ပါနိုင်ဖို့အတွက် မြို့ပြပြောက်ကျားတပ်ဖွဲ့တွေက ဆုတ်ခွာရာလမ်းကြောင်းတစ်လျှောက်မှာ သေနတ်ပစ်ဖောက်ပြီး လမ်းရှင်းခဲ့ရတာကြောင့် ဒေသခံပြည်သူတွေ ကြောက်လန့်မှုတွေ ဖြစ်ပေါ်ခဲ့တဲ့အပေါ်မှာလည်း နားလည်ပေးဖို့ကြဖို့ ထည့်သွင်းမေတ္တာရပ်ခံခဲ့ပါတယ်။